မောင့်အတ္တ / ေမာင့္အတၱ

4.9K 246 4
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

"မောင်.... သ၀န်တိုနေတာလား"

ဘာမှပြန်မဖြေပြန်ပါတဲ့ မောင်ရယ်
ဘယ်တော့မှများငါ့စကားကိုလစ်လျှူရှုလို့ပြီးတော့မှာလဲ
အုပ်မိုးထားရာကဖယ်တော့မဲ့ မောင့်လက်ကိုဆွဲလိုက်ပြီး...

"မောင်ငါမေးတာဖြေပါဦး...."

"မသိဘူး.... မင်းအဲ့ကောင်နဲ့မပတ်သက်နဲ့
ထပ်ပြီးအတူရှိနေတာတွေ့လို့ရတော့
အဲ့ကောင်ရော မင်းပါနေ့မကူးဘဲ ရေ၀ေးရောက်အောင်လုပ်ပေးလိုက်မယ်..... တောက်ခ်"

ပြောပြီတာနဲ့ပြန်ထသွားကာ
ကားခေါင်းခန်းထဲထိုင်လိုက်တဲ့မောင်
ကလေးငယ်လည်း love seatမှာထိုင်လိုက်သည်
ကားစထွက်ကတည်းကတစ်လမ်းလုံးစကားမပြောခဲ့ပါ
ခဏကြာတော့ကလေးငယ်စီကထွက်လာတဲ့စကားတစ်ခွန်း....

"အဲ့တာဆိုမောင်ကရော.....
အဲ့မိန်းမနဲ့ဘာလို့အတူရှိနေတာလဲ ??"

"မင်းနဲ့မှမဆိုင်တာ..."

"မောင် အတ္တမကြီးလွန်းဘူးလား
ငါ့ကိုကျအကိုပိုင်နဲ့ အကြောင်းမရှိမကြောင်းရှာပြီးအထင်လွဲနေပြီး မောင်ကျတော့အဲ့မိန်းမကိုမျက်ရည်သုတ်ပေးနေတာလေ...
ငါမှာဆိုင်ခွင့်တောင်မရှိတော့ဘူးလား....
ငါကမောင့်ယောက်ျားပါ....
အဲ့တာဆိုမောင်ဘာလို့ငါ့ကိုလက်ထပ်....."

"တော်လိုက်တော့ ရှိန်းဆက်နောင်!!!!!
သိပ်သိချင်တယ်ပေါ့.... သူကငါ့ချစ်သူကွာ
ငါမှမင်းကိုမချစ်တာ..... ငါချစ်တဲ့သူကိုငါရှာတာဘာဖြစ်လဲ?"

"........."

ကလေးငယ်ဘာမှမပြောနိုင်အောင်ပင်
တိတ်ဆိတ်သွားတော့သည်
ကျလာတဲ့မျက်ရည်တွေနဲ့အတူမောင့်စကားတွေကနားထဲထပ်တလဲလဲ....
ငါ့ကိုမချစ်လို့..... ချစ်တဲ့သူရှာတာတဲ့..
မောင်သိပ်မတရားဘူး.....

တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားတဲ့ကားလေးဟာ
ကလေးငယ်ရဲ့တစ်ချက်တစ်ချက်ရှိုက်ငိုသံတွေနဲ့ပြည့်လို့

မောင်မှန်ထဲကကြည့်လိုက်တော့
လက်ကလေးအုပ်ငိုနေတဲ့ကလေးငယ်...
နာကျင်စေလိုလို့ခနဲ့သလိုပြောလိုက်ပင်မဲ့
တကယ်တန်းသူလေးငိုတော့အပစ်မကင်းသလိုတောင်ခံစားရသည်
သူသာအဲ့လိုဖြတ်မပြောလိုက်ရင်ကလေးငယ် နောက်ပြောမဲ့စကားဟာ
မောင်နဲ့လက်ထပ်ခဲ့ရလို့ နောင်တရတယ်လို့အဓိပ္ပာယ်ရှိတော့မှာလေ.....

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now