မောင့်ရဲ့... (၂) ဇာတ်သိမ်းပိုင်း

6.2K 152 5
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

မြို့ပြင်တစ်လျှောက်မောင်းထွက်လာတဲ့ မောင့်ကားအနက်ရောက်လေး...
ဘယ်သွားမယ်ရယ် မပြောပင်မဲ့
တစ်လမ်းလုံးမောင်ဟာ ငါ့ရဲ့ညာဘက်လက်ကလေးကို တင်း"ဆုပ်ကိုင်နမ်းရှိုက်နေသည်မှာမရပ်တော့ ...

ကားစထွက်ကတည်းက ဘာစားချင်လဲ ဘာလုပ်ချင်လဲ တစ်ချိန်လုံး
အရိပ်တကြည့်"မေးနေတဲ့ မောင့်ကြောင့် ချမ်းပါတယ်ဆိုတဲ့ အအေးဒဏ်ကိုတောင်သတိမထားမိ‌....
ခရီးသွားတိုင်း ကားထဲမှာ မှန်အလုံပိတ်ပြီး air conဖွင့်တတ်တဲ့ မောင်
ဒီတစ်ချိန်မှာတော့ ‌နည်း"အေးရုံမျှသာဖွင့်ထားသည်...

"ကလေးငယ်.... ဘာတွေစဉ်းစားနေတာလဲ..."

"အာ... ဘာမှမဟုတ်ပါဘူး မောင်ရဲ့"

"မဟုတ်ဘူးလည်းပြောသေး... မောင်မေးတာတောင်မကြားဘူး"

"အယ် မောင်ဘာမေးလိုက်လို့လဲ..."

"ချမ်းရင် ကားနောက်ခန်းထဲက
မောင့်အနွေးထည်ယူ၀တ်လို့ရတယ်လို့..."

"ဟုတ်.... အခုတော့မချမ်းသေးဘူး..
နည်းနည်းအိပ်ငိုက်တယ်"

"အိပ်ချင်ရင် အိပ်လေ
‌ဟိုရောက်ရင် မောင်နှိုးလိုက်မယ်...ရွှတ်"

ကားမောင်းရင်းတစ်ဖက်နဲ့တောင် မရရအောင် နှဖူးကိုလာနမ်းသွားသေးတဲ့မောင်ရယ်ပါ...
ပြန်တွေးကြည့်မှ ငါတို့ရဲ့ပထမဆုံးဟန်းနီးမွန်းနဲ့ဆန့်ကျင်ဘက်အခြေအနေပင်
ဘယ်သူကထင်မိမှာလဲ အေးတိအေးစက်နေတတ်တဲ့မောင်က ငါ့အပေါ်အခုလိုနွေး"ထွေး"ဆက်ဆံနေတဲ့ မောင်အဖြစ်ပြောင်းသွားလိမ့်မယ်လို့လေ....

ဘယ်လိုဘဲဖြစ်ဖြစ်...
"ချစ်တယ် မောင်..."

"မောင်လည်း ပိုချစ်တယ်"

____အချစ်ကပေးစပ်ခြင်းလား မောင်______

"ပြွတ်စ်... ကလေးလေး
ထတော့လေ... ကိုယ်တို့မနက်စာသွားစားကြရအောင်... မွ"

မနက်ခင်းနှုတ်ဆက်အနမ်းလေးနဲ့ မောင့်ကြောင့် ခပ်ရေးရေးမျက်လုံးလေးနဲ့လှမ်းကြည့်မိတယ်....
ညတုန်းက နှိုးမယ်ဆိုပြီးမနှိုးဘဲနဲ့ ဟိုတယ်ထဲအထိချီလာပြန်ပြီ..

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now