အိမ်မက်ဆိုး / အိမ္မက္ဆိုး

5.2K 282 2
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

အရှေ့မှာမြင်နေရာတဲ့ ခရေပင်ကြီးအရိပ်အောက်မှာ ရပ်နေတဲ့ကောင်မလေး။
သူမဟာသိပ်လှလွန်းတယ်.....
မြန့်မာ့သနက်ခါးအရောင် ၀ါညက်ညက်အသားအရည်ထပ်မှာဘာနံ့သာမှလိမ်းခြယ်ထားခြင်းမရှိ...
တင်လောက်ရှိတဲ့ဆံသားဟာလည်း
မွေးကတည်းက ဆေးခြယ်ပြီးပါတဲ့ အနက်ရောင်.....
လူငယ်ပီပီ အဖြူရောင်ဂါ၀န်လေးနဲ့.....
ကြည့်ရသူ ရင်မှာအေးစေသည်

မောင် အတော်အတန်ကြာတဲ့အထိ
သူမရဲ့တစ်စက္ကန့်လှုပ်ရှားပုံလေးကအစ
ငေးကြည့်ရင်း ပါးပြင်ထက်ကျလာတဲ့အရာကိုလက်နဲ့စမ်းကြည့်လိုက်တဲ့အခါမှာတော့....
မျက်ရည်.....

ဘာရယ်ကြောင့်မသိ ကျလာတဲ့မျက်ရည်....
စိတ်ခံစားချက်တွေမရှိတော့ပါဘူး....
အတွေးနယ်တွေမပြန့်တော့ပါဘူး.....
ဘယ်သူ့ကိုမှလည်းမမှတ်မိတော့ပါဘူး.....
နှလုံးအစုံဟာလည်းမခုန်တော့ပါဘူး ရယ်...
ဘယ်လောက်တောင်ကောင်းလိုက်လဲ
ဘယ်သူ့ကိုမှချစ်စရာမလိုသလို
ဂရုစိုက်စရာလည်းမလိုတော့ဘူး ပူဆွေးစရာဆို၀ေလာ၀ေး....

"ဒီလိုသာအမြဲဖြစ်နေရင်ကောင်းမှာဘဲ"

မောင့်ပါးစပ်က လွှတ်ကနည်းထွက်သွားတဲ့စကားအဆုံးပျောက်ကွယ်သွားတဲ့အရှေ့ကမြင်ကွင်းလေး....

အမှောင်ထုကြီးဟာတစ်ဖြေးဖြေးထိုမြင်ကွင်းလေးကိုစားသုံးရင်အဆုံးမှာထိုကောင်မလေးကိုရော၀ါးမြို၏
စကားပြောမယ်ရှိသေး အသံမထွက်တော့သလို
ဘယ်ဘက်ရင်အုံရဲ့ဆူးအောင့်လာတဲ့ဒဏ်ကြောင့် ဒူးထောက်ကျမိပြီ

"မောင်လေး....မင်းဘယ်မှာလဲ"

မှောင်မိုက်တဲ့ထဲထွက်ပေါ်လာတဲ့အသံဟာ
မောင်ဘ၀မှာဘယ်တုန်းကမှမေ့မရခဲ့တဲ့
အသံလေးပါဘဲ သူမဟာ.....
မောင့်ရဲ့တစ်ဦးတည်းသော မမပေါ့

'မမ...သားဒီမှာ'

အော်လိုက်တယ်ထင်ရပင်မဲ့ တကယ်တမ်းအသံဟာထွက်မလာ...

"မောင်လေး....မမကိုကယ်ပါဦး...!!!!
မမကြောက်တယ်....!"

'မမ သားဒီမှာ..... မကြောက်နဲ့နော်'

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now