ငါနဲ့ညီလေး 'ခ' / ငါနဲ႕ညီေလး 'ခ'

5.5K 280 5
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ရိပ်ဆေးရုံကဆင်းပြီးတာနဲ့
မောင့်ကိုမနည်းအိမ်ပြန်ခေါ်လာရတယ်
ညတုန်းကလည်းတစ်ညလုံးမအိပ်ထားဘူးထင်ပါရဲ့ ပြန်ရောက်တာနဲ့တစ်ချိုးတည်းကိုအိပ်တော့တာဘဲ
ကလေးငယ်လည်းကတင်စောင်းလေးမှာထိုင်ပြီး
မောင့်မျက်နှာလေးသာကြည့်နေရင်း
မောင့်လက်ကလေးကိုမရဲတရဲဆုပ်ထားမိသည်

ဒီမျက်နှာ ဒီခန္ဓာကိုယ် ဒီခပ်ကြမ်းကြမ်းဆံပင်လေးတွေ မောင့်ရဲ့ဆံနွယ်မှခြေဖျားအဆုံးထိ
ငါတစ်ယောက်ထဲပိုင်ချင်တယ်လို့ပြောရင်
မောင်က "အတ္တကြီးလိုက်တာ"လို့ပြောမှာလား?
သေချာပါတယ်

မောင်က "မင်းအတွက်မဟုတ်ဘူး"လို့ပြန်ပြောမှာ
မောင်ဟာသူများတွေလို့ငါ့ကိုနာကျင်အောင်မလုပ်ပါဘူး မရိုက်နှပ်ဘူး မဆဲဆိုဘူး
လစ်လျှူရှုတာ....
နှစ်ယောက်ထဲရှိနေတဲ့အချိန်ဆိုဆက်ဆံရေးကပုံမှန်ပါဘဲ ဒါမဲ့ သူများနဲ့ယှဥ်ရင်ဘာလို့ငါကနောက်ဆုံးနေရာလဲ မောင်
ဒဏ်ရာပေးမှနာတာမဟုတ်ဘူးမောင်ရဲ့...
ငါကမောင်နဲ့ပတ်သက်လာရင်ရှံးပြီးသားသူလေ....

"ငိုနေပြန်ပြီလား"

"ဟင်....မ_မဟုတ်ပါဘူး မောင်ရဲ့
ဒီ_ဒီတိုင်းမျက်လုံးထဲအကောင်၀င်သွားလို့.."

ရုတ်တရက်နိုးလာတော့ အလန့်တကြား
၀ဲနေတဲ့မျက်ရည်တွေမကျမိအောင်အမိအရသုပ်နေတဲ့ကလေးငယ်ပါ

"ကျစ်.....ဒီဘေးကိုလာ"

"အင်း..."

မောင်သူ့ဘေးက လစ်ဟာနေတဲ့
အိပ်ရာတစ်ဖက်ချက်ကိုလက်ထောက်ပြလိုက်သည်
ကလေးငယ်ကလည်းမငြင်းဆိုပါ
မောင်ပြောတဲ့နေရာလေးမှာလှဲလိုက်၏
မောင်ကတော့သူ့ကိုအနောက်လှည့်စေပြီး
အရင်လိုသိုင်းဖက်ထားပြန်သည်။
မောင် ဘာကိုဆိုလိုလည်းငါမသိ...

"ညနေကျရင် မင်းညီလေးနဲ့အလုပ်သမားသုံးယောက်ခေါ်ထားတယ်"

ဟမ် ညီဆိုတာ ဟိုအဖေဘက်ကပါတဲ့
ကောင်လေးကိုလား?

"ဟမ်.....ဘာ လို့ လဲ မောင်"

"ပျင်းနေမှာဆိုးလို့ပေါ့ .....
ပြီးတော့အိမ်အလုပ်တွေများတယ် .....
မင်းကသင်တန်းသွားတော့ဘယ်သူအိမ်အလုပ်လုပ်မှာလဲ....
မနေ့ကမင်းအမေဖုန်းဆက်တယ် မင်းညီလေးလည်းဘွဲ့လွန်တက်မှာမို့လို့ မင်းအဖော်ရအောင်
လွှတ်ပေးလိုက်မယ်တဲ့ "

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now