မိုးနှင့်အတူ / မိုးႏွင့္အတူ

4.7K 240 0
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

တသွင်သွင်စီးစင်းနေပါတဲ့
ရေတံခွန်ကမြစ်ဖျားခံလာပါသော စမ်းချောင်းလေးကိုတွေ့တာနဲ့ ကလေးငယ်လိုအပ်နေတဲ့ရေ ကိုခပ်ရန်အနီးနားသွားလိုက်သည်
ဦးစွာယူလာတဲ့ပုလင်းလေးကိုရေအပြည့်ဖြည့်ပြီးနောက် စိတ်ကြည်လင်မှုရှိစေရန်
လက်တစ်ခုပ်စာရေခပ်ရင်း ပါးပြင်လေးမှတဆင့်မျက်နှာတစ်ခုလုံးသို့ ပတ်ဖြန်းလိုက်သည်

အနီးနားကကျောက်တုံးလေးပေါ်
မတက်ရပ်ကာ လတ်ဆပ်တဲ့လေကိုတစ်ချက်ရှူရှိုက်လိုက်တိုင်းမောင့်ကို သတိရစမြဲပင်။
မကြာပါဘူးပြဿနာကစတော့တာဘဲ

"အမလေး....!!!!
တီကောင်...!!!_ အားးးး"

'ခွပ်'

ရပ်ထားတဲ့ကျောက်တုံးပေါ်ကချော်ကျရာ
ဒူးခေါင်းနဲ့ရိုက်မိလို့
ကြည့်ပါဦး အနီတောင်မဟုတ် အညိုအကွက်ရာကြီးနဲ့ဆုတ်ပြဲသွားတဲ့ ဒူးခေါင်းလေးဟာ
သွေးတွေမှရဲလို့
ထောက်မိတဲ့လက်ဖ၀ါးလေးမှာလည်းသွေးစို့လို့...
အင်္ကျီတစ်၀က်လောက်ကလည်း ရေတွေရွဲ...
မက်တပ်ပြန်ရပ်ဖို့မဖြစ်နိုင်သလိုလေးဘက်ထောက်သွားဖို့လည်းမဖြစ်နိုင်....

တရွတ်တိုက်အနေအထားဖြစ်သာ
ရေထဲကမနည်းတက်ခဲ့ရသည်...
ကြုံချင်တော့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို ငြိုနေတဲ့တိမ်ဆိုင်ဟာလည်းအားမနာတမ်းရွာကျလာပြီ.
ဘာမှမတပ်နိုင်တဲ့ကလေးငယ် မျက်ရည်ခ ရုံကလွဲရင်ဘာရှိမတုန်း...

မတိတ်နိုင်တဲ့သွေးတွေကိုလည်းလစ်လျှူရှုထားရန်မဖြစ်တာမို့ ၀တ်ထားတဲ့အင်္ကျီအပြာရောင်လေးကိုဖြဲဆုတ်ကာ ပိုးမ၀င်အောင်စည်ထားလိုက်သည်

'ဂျိမ်း ၀ေါ၀ေါ'

"အဟင့်....မောင်...မြန်မြန်လာခေါ်ပါတော့....
အီးဟီး...ငါ့ကြောက်တယ် မောင်...အဟင့်"

အော် တမ်းတမိတဲ့နာမည်လေးဟာ
ရင်းနှီးမှုတောင်မရသေးတဲ့ လူတစ်ယောက်
မဟုတ်လား...
ရွာကျပါတဲ့မိုးရယ် နင်မှာရွာချလိုက်ရလို့စိတ်ပေါ့
သွားတယ်ဆိုပင်မဲ့ ငါ့မှာတော့မွန်းကျပ်လှချီရဲ့...
မြန် မြန် လာ ပါ တော့ မောင်...

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now