ကြယ်တွေဆုံတဲ့ည / ၾကယ္ေတြဆုံတဲ့ည

4.6K 216 1
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

အရှေ့မှာမြင်တွေ့နေရသော
ရင်းနှီးနေပါတဲ့မျက်နှာကျက်အဖြူကြီးကြောင့်
အခုမှသတိရလာတဲ့ကလေးငယ်
သိပ်ကိုအားငယ်သည်...
ထုံကျင်နေတဲ့ ယာဘက်လက်ကလေးကို
မကြည့်မိရင်တောင်ဆေးသွင်းထားမှန်းသိပြီ...
ငယ်ငယ်ကထိခိုက်ဒဏ်ရာရနေကျပင်မဲ့
တခြားသူလိုမဟုတ်သွေးထွက်လွန်တာကြောင့်ဆေးရုံတက်ရပေါင်းမနည်း....
မေ့မျောနေတာ အချိန်အားဖြင့်နောက်တစ်ရက်နေ့ညတောင်ရောက်ရောပေါ့....

"သားရှိန်း နိုးလာပြီလား"

အသံလာရာကြည့်လိုက်တော့
သူ့ကိုသိပ်ချစ်ပါတဲ့အလိုအလိုက်ဆုံး ဆရာမနွယ်။
ပတ်၀န်းကျင်ဟာလည်းဆေးရုံမဟုတ်
ဟိုတယ်တစ်ခုသာ....

"တီချယ်.....
သားတောင်းပန်ပါတယ်"

"ဖြစ်ပြီးတဲ့ကိစ္စဘဲကိုကွယ်....
ဆရာမ နှိုင်းထက်သာမောင်ကိုလည်းဆူထားတယ်
ဒါမဲ့သူသာအချိန်မှီမကူညီနိုင်ခဲ့ရင် သား အခြေအနေပိုလို့ဆိုးနေမှာ...."

ကျောနောက်ခေါင်းဦးထည့်ပေးရင်း
ပြောလာသည်....
ဟမ် မောင့်ကိုဘာလို့ဆူတာလဲ ငါ့အမှားပါ....
မောင်ကငါ့ကိုကူညီခဲ့တာလေ

"တီချယ်တကယ်တော့လေ
သားအမှားပါ သူနဲ့ဘာမှမဆိုင်ပါဘူး"

"တီချယ် ရိပ်လေးပြောလို့အားလုံးသိပြီးပြီ
ထားပါတော့လေ....မင်းသွေးထွက်လွန်လို့
သွေးတစ်အိတ်သွင်းထားခဲ့ရတယ်
အခုတော့ အားနည်းနေလို့ဆေးအိတ်သွင်းထားရတယ်လေ မင်းအရမ်းအားနည်းတာဘဲ
အစားများများစား"

"ဟုတ်"

____အချစ်ကပေးစပ်ခြင်းလား မောင်______

တည်ခင်းစားပွဲတွေရဲ့အလယ်မှာဆိုရင်တော့
မီးပုံကြီးတစ်ခု....သီချင်းဆိုတဲ့သူကဆို .....
အစားအသောက်ပြင်ဆင်သူကပြင်ဆင်....
ရွယ်တူတွေလာစုနေတာဆိုတော့
လွတ်"လပ်"နဲ့သိပ်ကိုပျော်စရာကောင်းသည်

ရုတ်တရက်ကြီး တိတ်ဆိတ်သွားရာ
ဘေးဘယ်ညာကြည့်မှ wheelchair လေးပေါ်ကရှိန်း...
လက်မှာလည်းဆေးပိုက်တန်းလန်းဖြင့်....
လူတိုင်းစိတ်သက်သာရာရသယောင်နဲ့စိုးရိမ်တကြီးရှိန်းနား၀န်းရံ၍အပြေးလေးသတင်းမေးနေကြ၏
ထိုလူထဲမှာမောင်မပါ...
လူတွေကိုဘာမှမဖြစ်ကြောင်းပြောရင်းမောင့်နားကိုလာခဲ့လိုက်ရာ...

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now