#ကြွေ
____အချစ်ကပေးစပ်ခြင်းလား မောင်______
အားလုံးအိမ်ပြန်သွားတဲ့အချိန်မှာတော့
မောင်နဲ့ရှိန်းနှစ်ယောက်သာကျန်နေခဲ့တာပေါ့
သူယူလာတဲ့ဆန်ပြုတ်ထုတ်လေးကို
ကြွေပန်းကန်လုံးလေးထဲထည့်နေတဲ့ မောင်...
ရောက်ကတည်းကစကားလည်းမပြော
ငါဖြင့်မနေတတ်တော့ပါ"ဗိုက်ဆာနေပြီလား...."
"ဟုတ် မောင်..."
မောင် ကတင်စောင်းလေးမှာထိုင်လိုက်ရင်း
ဆန်ပြုတ်တစ်ဇွန်းခပ်ကာ မှုတ်ပေးနေတော့သည်
နောက်တော့ ပါးစပ်နားတိုးပေးတယ်ရယ်
ဟမ်.... မောင်ငါ့ကိုခွံကျွေးတော့မလို့လား"ပါးစပ်ဟ....အာ"
"အာ....."
ကလေးငယ်မောင်ကျွေးတာစားရတော့
မျက်နှာလေးမှာပြုံးလို့
တကယ်လည်းဘာမှမစားရသေးတာမို့
ဗိုက်ဆာဆာနဲ့တစ်ပန်းကန်လုံးစားပလိုက်သည်"စားလို့ကောင်းလား..."
"အင်း အရမ်းကောင်တယ်....."
ခေါင်းလေးတစ်စက်စက်ငြိမ့်ရင်း
ကောင်းတယ်ဆိုဘဲ
အသက်ကသာ ၂၀ကျော်နေတာ
တကယ့်ကလေးပေါက်လေးပါကွာ
မောင် အသဲယားတာနဲ့ နှုတ်ခမ်းသာလေးတစ်ချက်စုပ်ယူနမ်းရှိုက်ရင်း အရှိန်ကထိန်းမရ
ကလေးငယ်တားရသည့်အဖြစ်...'ပြွတ်စ် ပြွတ်စ်'
"အွင့် မောင်..... အခုကဆေးရုံမှာနော်"
"ဘယ်သူမှ မှမရှိတာကွာ"
"ငါရှက်တယ် မောင်ရဲ့..."
"အင်း...."
အင်း သာပြောနေတာမောင့်အကြည့်တွေကတော့
ပန်းစည်ရောင်နှုတ်ခမ်းသားလေးစီကမခွာ
သူလေးရှက်တာလည်းမပြောပါနဲ့....
ရှက်ရှက်နဲ့အိပ်ရာပေါ်ကျောပေးပြန်လှဲလိုက်တော့သည်
နားရွက်လေးတွေမှာနီလို့....
ဆေးရုံမှာမို့စိတ်လျှော့ထားတာအရင်လိုဆို
ဘယ်အလွတ်ပေးပါ့လဲ
ပါးစပ်ထဲ၀င်လာတဲ့ဆန်ပြုတ်အရသာဟာ
အဲ့လောက်ကောင်းမှန်းအခုမှသိတယ်
မောင်ဆိုသည်မှာလည်း....အဟွန်း"ဘယ်လိုနေသေးလဲ..... ဗိုက်ရောအောင့်နေသေးလား"
"ဟင့်အင်း...... ဒါမဲ့နည်းနည်းတော့နေလို့မကောင်းဘူး"
YOU ARE READING