Extra 1 'Uni'

2.3K 61 4
                                    

* extraအပိုင်းတွေကတစ်ပိုင်းနဲ့တစ်ပိုင်းအချိန်မတူကြပါဘူးနော် ဒါကရှိန်းတို့လက်ထပ်ပြီး
လအနည်းငယ်လောက်ကြာတဲ့အချိန်လောက်‌ကဇာတ်လမ်းတိုလေးပေါ့ ဘေဘီလေးမရသေးပါဘူး ဟိဟိ*

'ဝေါ့ အော့ အဟွတ် ဟွတ်'

ခန္ဓာကိုယ်သေးသေးလေး
သန့်စင်ခန်းထဲပစ်ထည့်ခံလိုက်ရပြီးနောက်
ဘေးဘက်က ဘေစင်ခွက်ထဲမထိန်းနိုင်မသိမ်းနိုင်အန်တော့သည်။
နှိုင်းထက်သာမောင်လည်းစိတ်တိုတာက
တိုတာဘဲ မရပ်တမ်း အန်ရင်းချောင်းဆိုးနေတဲ့ ရှိန်းကြောင့် စိုးရိမ်စိတ်ဖြစ်လာကာကျောကုန်းလေးကို
ခပ်ဖွဖွပုတ်ပေးနေတော့တယ်

"အခုတော့ဒီလိုဖြစ်ပြီမလား...
ရှိန်းဆက်နောင် ငါမင်းရဲ့အဲ့စောက်ချိုးတွေမကြိုက်ဘူးနော်!"

"ဟွတ် ... ငါမဟုတ်...အော့..."

မောင်အတန်တန်မှာထားရဲ့သားနဲ့ မလုပ်ပါနဲ့ဆိုတဲ့အရာကိုမှမောင်မရှိတုန်းခိုးလုပ်တယ်။ မောင့်ကိုအသိမပေးဘဲညဘက်အပြင်မသွားနဲ့ဆို မရရအောင်သွားတဲ့ကောင်လေးကို မောင်တကယ်စိတ်တိုတယ်။ မသိစိတ်ကလည်းအနည်းငယ်စိတ်ပူမိတာပါတာပေါ့။ မချစ်ဘူးသာပြောနေတာ သ၀န်တိုလိုက်တာမှ လွန်ရော....

_လွန်ခဲ့တဲ့အချိန်ပိုင်းခန့်က_

ခပ်ဆိုးဆိုးရိပ်တစ်ယောက်သူ့ယောက်ျားနေသန်နဲ့ရန်ဖြစ်ပြီးစိတ်ဆိုးကာ ရှိန်းတို့အိမ်ကိုဆိုက်"မြိုက်"ကြီးရောက်ချလာပါလေရဲ့။
စရောက်တုန်းကတော့ နေသန်အကြောင်းမကြေနပ်သမျှတွေရှိန်းကိုရင်ဖွင့်နေတာအကောင်း
နောက်မှ သူ့ယောက်ျားမကြိုက်တာအကုန်လုပ်မယ်ဆိုပြီးစိတ်ရူးပေါက်ကာ ရှိန်းကိုမရမက clubမှာသွားသောက်ပြီးကဲမယ်ဆိုပြီးပူဆာတော့တာဘဲ။

ရှိန်းလည်းမောင်ပြန်လာလို့သူလျှောက်သွားနေတာသိရင် ခပ်ထန်ထန်စကားတွေနဲ့ပြောခံရမှာဆိုးလို့
မလိုက်ဘူး ပြောပင်မဲ့ ရိပ်ကတော့ နည်းမျိုးစုံနဲ့ချုပ်တော့သည်။ ရှိန်းမလိုက်ရင် သူတစ်ယောက်တည်းသွားပြီးတခြားယောက်ျားတွေနဲ့အိပ်ပစ်မယ်တဲ့လေ။
နာရီ၀က်လောက်မရပ်မနားမဲဆွယ်ပြီးတဲ့နောက်မှာတော့ ရှိန်းလည်းလိုက်ခဲ့ရတော့သည်။

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now