အိမ်နီးချင်း / အိမ္နီးခ်င္း

3.6K 157 0
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

အထုတ်အပိုးတစ်ချို့သယ်ရင်း သာမန်ရပ်ကွက်လေးက သုံးထပ်မြောက်တိုက်ခန်းငယ်လေးကိုပြောင်းလာတဲ့ ခ'..
စာမေးပွဲလည်းနီးလာတော့ ကိုယ်၀န်ဆောင်နေတဲ့အကို့အိမ်မှာညဘက်ကြီးစာအော်ကျက်နေလို့ဘယ်ဖြစ်ပါမလဲ

ဒီတော့သီးသန့်စာကျက်လို့အဆင်ပြေပြီးသက်တောင့်သက်သာရှိတဲ့တိုက်ခန်းလေးကိုဘဲပြောင်းလာရတာပေါ့

ရပ်ကွက်အနေအထားကလည်းမနက်ပိုင်းဆိုအေးချမ်းသလို ညဘက်ရောက်ရင်တော့ လမ်းထိပ်ဘက်နာမှာ ဈေးတန်းတစ်ချို့ဖွင့်တယ်ဆိုတော့ကာ စာကျက်ရင်းဗိုက်ဆာတတ်တဲ့ ခ'အတွက်တော့ ဒီနေရာကိုရွေးခဲ့တာမဆန်းပေ

"အမလေး......!!! သေပါပြီ
ကျွတ်ကျွတ်ကျွတ်..."

အထုတ်တွေနဲ့ တံခါးရှေ့ရောက်မှမကြီးမငယ်မှောက်ရပ်လဲကျရတယ်လို့

"မင်း အဆင်ပြေရဲ့လား"

"အာ.... ဟုတ်အဆင်ပြေပါတယ်ဗျ
ကျွန်တော်ကဒီအခန်းရဲ့လူသစ်... ဟို...."

"မင်း မိုးမခ'မဟုတ်လား"

"အကိုပိုင်...."

ပိုင်စေရာလို ပစ္စည်းဆိုနာမည်ကြီးတံဆိပ်တစ်ချို့ကိုသာသုံးတဲ့လူတစ်ယောက်ကို ဒီလိုသာမန်ရပ်ကွက်မှာတွေ့ရလိမ့်မယ်လို့ဘယ်ထင်မိမလဲ

"အာ.... ဒါနဲ့အကိုဘယ်လာတာလဲ"

"ကိုယ်အခုမှပြန်လာတာ
ဒီဘေးအခန်းမှာနေတာလေ"

"ဟမ် .... အာ... ဟုတ်"

မျက်လုံးမဝိုင်းသားလေးနဲ့ တအံ့တစ်ဩဖြစ်နေတဲ့ရုပ်ကလေးက ရှိန်းနဲ့မတူသော်လည်း
တစ်မျိုးတော့ကလေးဆန်ပြီးချစ်စရာကောင်းလှသည်

အမှန်တော့ ပိုင်'နိုင်ငံခြားမှာပညာသင်ပြီးပြန်လာကတည်းက သူ့အမေရဲ့အုပ်ဆိုးမှုအောက်ကကိုယ်လွတ်ရုန်းထွက်ကာ ဟိုမှာတုန်းကအချိန်ပိုင်းခိုးလုပ်ပြီးစုဆောင်းထားတဲ့ ငွေလေးတွေနဲ့သာမန်တိုက်ခန်းလေးကိုငြှား...
သူကြိုက်နှစ်သက်ရာသင်တန်းဆရာအလုပ်ကိုလုပ်ရင်း စာကြည့်တိုက်လေးတစ်ခုမှအချိန်ပိုင်း၀င်လုပ်ပြီး ကိုယ့်ဘ၀ကိုယ်အေး"ချမ်း"သာဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တာပေါ့

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now