စိုးရိမ်တတ်ပြန်ရော / စိုးရိမ်တတ်ပြန်ရော

4.9K 231 3
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ကားမောင်းလာတဲ့လမ်းတစ်လျှောက်လုံး
တစ်သက်မှာ မောင့်ဘက်ကစကားတွေအများကြီးပြောနေတာဒါပထမဆုံးပါဘဲ
အသံ၀ိုးတိုး၀ါးတားကြောင့် သူလေးဆိုလိုရင်းမသိ.....
သေချာတာတော့မောင်ဆိုသူ ထွေးပွေ့တာခံထားရတာဘဲ....

"ကလေးလေး.... မောင်ပြောတာကြားရလား...
အရမ်းရောနာနေသေးလား.... ကလေး....
မောင့်ကိုပြန်ဖြေပါဦး.... မောင့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့ကွာ....."

မောင့်အသံတွေကသိပ်ကိုတုန်ရီနေသည်
ကလေးငယ် မဟုတ်ဘဲတခြားသူသာမေးခဲ့ရင်
၀န်ခံတယ်..... ထားခဲ့ခံရမှာသိပ်ကြောက်ပါတယ်
ဆက်ပြီးအချစ်မခံရတော့မှာလည်းသိပ်ကြောက်တယ်.....
ကလေးငယ်ဟာ မောင့်ရဲ့ပထမဆုံးနဲ့နောက်ဆုံးအဖြစ် ရင်နင့်အောင်ချစ်ရသူပါ...
တစ်ဖက်ကပြန်တွေးရင်
မောင်မင်းကိိုမုန်းတယ်..... မင်းသာမရှိလာခဲ့ရင်...
မဟုတ်ဘူး မင်းရောမောင်ပါ မမွေးဖွားလာခဲ့မိရင်
ဖြူစင်လေးနက်တဲ့ မလဲလှယ်နိုင်ပါသော တန်ဖိုးရှိလူတစ်ယောက်ရဲ့ဘ၀ဟာ
မောင်တို့အစားထွန်းလင်းနေမှာကွာ။။

အဲ့ကောင်လေးသာမင်းနေရာမှာတခြားသူဆို
မောင့်လက်ချက်နဲ့ရေ၀ေးအရောက်ကားမလိုဘဲပို့ပေးလိုက်တာမှကြာပေါ့
ငွေသာသုံးလိုက်ရင် ကြေးစားကောင်း"ငှားလို့ရပြီးကိုယ့်လက်တောင်သွေးစွန်းစရာပင်လိုမှာမဟုတ်....
ချစ်လွန်းလို့သာ .....

သောကရောက်နေတဲ့မောင် ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ဆရာ၀န်ဖြစ်သူတာင်မျက်စိနောက်လို့ထိုင်ခိုင်းရတဲ့အဖြစ်.....

"ဆရာ ကလေးငယ်ဘာဖြစ်တာလဲ?
သူကအစကတည်းကအစာအိမ်ကောင်းတာမဟုတ်ဘူး..... ရင်ပြည့်ရင်ကယ်တအားဖြစ်တာ...
အခုအူအတက်ပေါက်တာလား... အစာအိမ်ရောင်တာရောဖြစ်နိုင်လား... ဒါမဟုတ်...."

"လူနာရှင် ခဗျားဆရာ၀န်လား ကျွန်တော်ဆရာ၀န်လား"

"ဟုတ် ပြောပါဆရာ"

"အင်း.... လူနာက ထမင်းတောင်မစားဘဲ
ရေခဲမုန့်၅ဗူးတောင်စားခဲ့တယ်ဆိုတော့....
ဒီအခြေအနေမရောက်ဘဲ ဘယ်နေပါ့မလဲ....
အဲတော့ အစာအိမ်ကိုထိိခိုက်တာပေါ့...
ပြီးတော့သူ့အစာအိမ်ကရေခဲမုန့်နဲ့မတည့်ပုံဘဲ...
အဲ့လိုထပ်လုပ်နေရင်အစာအိမ်ရောင်တော့မှာ
မကြာခင်....
တခြားဘာမှထွေထွေထူးထူးတော့မဖြစ်သွားဘူး...နိုးလာရင်ဆန်ပြုတ်တိုက်လိုက်ပါ...
ဆေးကို ကောင်တာ မှာသွားယူချေ...
ရော ဆေးစာရေးပေးလိုက်တယ်"

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now