မေ့နေတာ / ေမ့ေနတာ

4.4K 209 9
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

လေယာဥ်ဆိပ်ထဲ အင်္ကျီခပ်ပွပွကို ဒူးအပေါ်ထပ်ဘောင်းဘီနဲ့ဝတ်ထားပြီး ဟိုကြည့်ဒီကြည့်နဲ့လူရှာနေပုံပင်
နေသန်လှမ်းမမြင် နိုင်တဲ့ဒေါင့်တစ်နေရာကနေ သူ့ကိုရှာနေတဲ့ခပ်ပုပုကောင်လေးကိုရပ်ကြည့်နေလိုက်တော့သည်

​ဟော အရှေ့ပဲကြည့်နေတော့ အိတ်တွေ"မ"လာတဲ့ခရီးသွားဧည့်သည်နဲ့တိုက်မိပြီးချော်လဲပါလေရဲ့
နေသန်လည်းသူ့ကောင်လေးချော်လဲတော့မနေ
နိူင်ဘဲအပြေးသွားတာပေါ့

"အာ့... ကျွတ်..ကျွတ် "

"ပူတူးလေးကလည်းကွာ..... အရှေ့သေချာကြည့်မှပေါ့"

"ဟင်.... ကိုကို....အူးဝါး"

ရိပ်ငယ်သူ့ရဲ့ချစ်လှစွာသော ယောကျာ်းကိုတွေ့တာနဲ့ လည်တိုင်ကိုခပ်တင်းတင်းဖက်ပြီးငိုပါလေရဲ့ ....
ဒီနေ့ပြန်လာမယ်ဆိုပြီးညကအဆက်အသွယ်မရလို့ ငိုချင်နေပါတယ်ဆိုမှ နိုင်ငံခြားသားနဲ့လည်းတိုက်မိလိုက်သေး

"ပူတူး မငိုနဲ့တော့လေ ကိုကိုပြန်ရောက်ပြီဘဲ အရမ်းနာသွားလို့လား ကိုကို့ကိုပြ..."

"ဟင့်... လူဆိုးကြီး ညကဘာလို့မဆက်သွယ်တာလည်း... ရိပ်ကလေ ကိုကိုပြန်မလာချင်တော့ဘူးလို့တောင်ထင်ထားတာ....ဟွန့်"

"ကိုကိုက ပူတူးအံသြသွားအောင်လို့ပါ....
ပြန်လာချင်တာပေါ့ ဒီကအကောင်ပေါက်လေးကိုအရမ်းလွမ်းနေတာ"

"ကိုကို kiss... kiss..."

နှုတ်ခမ်းလေးထော်ပြီးနမ်းခိုင်းနေတဲ့ကောင်လေး ပိုလို့တောင်စချင်လာတယ်
အရမ်းမမှီတမီခြေဖျားကလည်းထောက်ထားသေး နေသန်လည်းစချင်ဇောနဲ့ခြေဖျားလေးထောက်လိုက်တော့ ရိပ်ပိုလို့တောင်မမှီတော့ပါ

"ဟွန့်..... ကိုကိုနော်!!! "

စိတ်ကောက်ပြီးထွက်သွားတဲ့သူလေးအနောက်အိတ်တွေသယ်ရင်းပြေးလိုက်နေရတဲ့ ကိုယ့်အဖြစ်ပါ
ကားထဲရောက်တဲ့အထိဘာစကားမှမပြောသေး
အခုချိန်ချော့လည်းပိုလို့တောင်စိတ်ကောက်ဦးမည်
ဒီကောင်လေးကိုအိမ်ရောက်မှကိုယ်ဖိရင်ဖိချော့မယ်ကြံကာ
လမ်းတစ်လျှောက်လုံးစကားမပြောပါဘဲ နက်ပြာရောင်ကားလေးမောင်းလာခဲ့လိုက်သည်

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now