ခေါ်သံလေး / ေခၚသံေလး

4.4K 181 3
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

"ဟွန့်! မင်း_မင်းငါ့ကိုသတ်လို့မရပါဘူး
သတ်လိုက်တာနဲ့ ထောင်ကျမှာ"

မဝံ့မရဲဆိုလာတဲ့စကားကို ပျိုဟားတိုက်ရယ်ရင်း
အချိန်အတော်ကြာတဲ့အထိပိတ်လှောင်နေတဲ့ နှလုံးသားထဲကပူဆွေးငိုကြွေးသံတွေကို အဓိပ္ပာယ်မရှိတဲ့ စကားတိုလေးနဲ့ကုစားလိုက်၏

"ဟားဟား! အမလေး ကြောက်လိုက်တာရှင်....
ဟူးးး ရှင်လူကုန်ကူးတဲ့အလုပ်လုပ်ခဲ့တဲ့သူရောဟုတ်ရဲ့လား ဦးထွန်းနိုင်ရယ်.. ဟားဟား!"

"မင်း_မင်း !"

"ထားပါလေ အသက်မပြည့်သေးတဲ့ကလေးတွေကို လူကုန်ကူးလို့ ဖမ်း၀ရမ်းထုတ်ထားတဲ့ရှင့်ကို ကျွန်မကဒီနေရာမှာ သတ်လိုက်တော့ရော
ဘယ်သူက အပစ်တင်ပါ့မလဲ? ကျေးဇူးတောင်တင်ဦးမယ်...
ကျွန်မရဲ့မိသားစုနာမည်လေးကိုရော ရှင်သိရဲ့လား..
N ဆိုတာလေးလေ"

တစ်လုံးတည်းသောN ဆိုတဲ့နာမည်ကိုကြားတာနဲ့
ဦးထွန်းနိုင် နှဖူးထပ်ကချွေးစည်းတွေပြန်ကာ ပျိုကိုပင်မော်မကြည့်ရဲတော့ဘဲ
စတင်တောင်းပန်ပါတော့တယ်...

"နှောင်း"ဆိုတဲ့ နာမည်လေးကိုအမည်တွင်ထားတဲ့ မာဖီးယားဂိုင်းဟာ ၁၉ရာစုအစောပိုင်းလောက်ကတည်းက မြန်မာနိုင်ငံမှာ မှောင်ခိုမြေအောက်ဈေးကွက်ကြား မသိတဲ့သူမရှိ...
အစဉ်အဆက် သားယောက်ျားလေးတွေသာမွေးခဲ့ပြီး ဂိုင်းခေါင်းဆောင်ဘယ်သူဘယ်ဝါဆိုတာ အခုချိန်ထိအဖြေရှာမရသတဲ့အထိ အပြင်ပန်းမှာလျှို့ဝှက်ပြီး..
သူတို့နဲ့ထိပ်တိုက်တွေတဲ့ လူတိုင်းပြန်လမ်းမရှိ...

‌ပျို့အဖေလက်ထပ်ရောက်မှ သမီးမိန်းကလေးမွေးခဲ့တာကြောင့် ငယ်စဉ်ကတည်းကဒီဖြစ်ရပ်တွေနဲ့ရင်းနှီးအောင် အန္တရယ်တွင်းထဲခေါ်သွားနေကြပင်..
ဒါဆို နောက်မျိုးဆက်ကမိန်းကလေးဆိုတဲ့
ကောလဟာလတွေကအမှန်ဘဲပေါ့...

"ရှင်လည်းသိပါတယ် !
ငွေရှိရင်ဥပဒေနဲ့မလွတ်ကင်းတာမျိုးလုပ်လို့ရတဲ့အပြင်
ရှင့်လိုလူအယောက်၁၀၀မက မြေလှန်ရှာလို့ရတယ်!
ကဲ စကားတွေရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး
အခုနေ ဒီဘဲကြီးကိုသေခိုင်းရတော့လား..
မောင်လေးရေ.... Yes or no"

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now