6K 294 2
#ကြွေ
____အချစ်ကပေးစပ်ခြင်းလား မောင်______
အချိန်အားဖြင့်ညနေ၆နောက်ရီလောက်ရှိပြီ...
ဘေးဘယ်ညာကြည့်လိုက်တော့မောင်ဆိုသူမရှိ......
ထချင်ပါသော်လည်း မနက်ကကြမ်းရမ်းထားတဲ့ဒဏ်ကြောင့် ခါးအောက်ပိုင်းကတစ်စစ်စစ်နာကျင်သည်
တော်သေးတာပေါ့ မောင်သန့်စင်ထားပေးလို့
မဟုတ်ရင်ရှိန်းငယ်ညစ်ပါတ်တာမကြိုက်ပါ
ဟင် မောင်သူ့အင်္ကျီအပွကြီးငါ့ကို၀တ်ထားပေးတာပါလား
ဘောင်းဘီလဲမပါဘူး မထနိုင်တာကြောင့်
စားပွဲပေါ်ကဖုန်းကင်မရာနဲ့ကိုယ့်ကိုကြည့်ကြည့်မှ
"အ...အများကြီးဘဲ"
မောင်ပေးထားတဲ့အမှတ်အသားရာတွေဟာ
လည်ပင်းအနှံ့ပြည့်လို့
ရင်ဘက်တွေမှာရော
၀မ်းဗိုက်သားနဲ့ပေါင်နံရံတွေမှာရော
ဒီပုံစံမျိုးနဲ့ငါဘယ်လိုအပြင်ထွက်ရလဲ မောင်ရယ်
'ဂျောက်'
တံခါးဖွင့်သံနဲ့အတူမောင်၀င်လာသည်
"နိုးပြီးလား ညနေစာသွားစားရအောင်"
"အင်း...အာ့...ကျွတ်ကျွတ်"
"ချက်ချင်းကြီးမထလိုက်နဲ့လေ "
မောင်ပြောလိုက်ရင်း ခရီးဆောင်အိတ်ထဲကဘောင်းဘီတစ်ထည်ထုတ်ကာ၀တ်ပေးနေသည်
ရုတ်တရက်မချီလာတဲ့မောင်ကြောင့်
အလန့်တကြား လည်တိုင်ကိုရစ်ကာသိုင်းဖက်မိသည်
"ဟို...ငါ့ဘာသာလမ်းလျှောက်လိုက်မယ်
ဒီတိုင်းကြီးလူမြင်မကောင်းဘူး..."
"......."
ဘာမှပြန်မဖြေတဲ့မောင်ရယ်ပါ
ညတုန်းကသူရောဟုတ်ရဲ့လား မောင်
ဟိုတယ်ခန်းဆောင်ကိုထွက်လာတာနဲ့
လူတိုင်းရဲ့မျက်လုံးထဲမှာထိုနှစ်ဦးမှာအတိုင်းသား..
အရပ်ရှည်ရှည်ခပ်ချောချောကောင်လေးက
အကောင်သေးသေး ဖြူဥတဲ့အသားရည်ပေါ်မှာ
အနီအစက်တွေနဲ့ ရှက်လို့ထင်ပါရဲ့ပခုံးပေါ်ခေါင်းအပ်ထားတဲ့ကောင်လေးကို သလိုသမီးချီနည်းဖြင့်မဟုတ် ကလေးတစ်ယောက်လိုမချီထားသည်ကြောင့် အားလုံးစိတ်၀င်စားနေခြင်းဖြစ်သည်
ကလေးငယ်ဘေးဘယ်ညာကြည့်လိုက်မှ
ရေလှိုင်းအပြည့်နဲ့အပြာရောင်ပင်လယ်ပြင်ကြီးပါလား...
ဟင် ငါတို့ရောက်နေတာကမ်းခြေလား...
အဲ့တာဆိုမောင်...အလုပ်အတွက်လာတာမဟုတ်ဘူးပေါ့ ...
သူသိတာပေါ့မောင့်အလုပ်ကကမ်းခြေနဲ့လုံး၀မစပ်ဆက်ဘူးဆိုတာ...
ဟန်း...ဟန်းနီးမွန်းလား...
ပျော်လိုက်တာ... အဲ့တာဆိုမောင်ကငါ့ကိုဟန်းနီးမွန်းခေါ်လာခဲ့တာပေါ့...
အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now