#ကြွေ
____အချစ်ကပေးစပ်ခြင်းလား မောင်______
'ဒေါက်ဒေါက်'
"ထူးခြားရိပ်..... မင်းအအေးပတ်မယ်နော်"
"......."
ဘာမှပြန်မဖြေပြန်ဘူး..
ရေးချိုးခန်းထဲ၀င်သွားတာ ၄၅မိနစ်လောက်ရှိပြီ
ဒီကောင်လေး အခုချိန်ထိပြန်မထွက်လာသေး....
အထဲမှာတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ
အပြင်ကလူကိုစိတ်ပူရအောင်သိပ်လုပ်တာဘဲ..."ကဲ မင်းမထွက်လာရင်ငါတံခါးကိုရိုက်ချိုးပြီး၀င်လာမှာနော်"
'ဂျလောက်'
ချိမ်းခြောက်မှ တံခါးလော့ဖွင့်ပေးတော့တယ်
တံခါးလက်ကိုင်လှည့်ဖွင့်လိုက်ကာမှ
ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နေသန် ရှက်ရှက်နဲ့မျက်နှာလွှဲမိပြီအတွင်းခံတောင်မ၀တ်ထားပါတဲ့ကောင်လေး....
ရေဗန်းအောက်ကြီး ဒီတိုင်းကျုံ့ကျုံ့လေးထိုင်နေသည်
မျက်နှာကိုအောက်ဆိုက်ကျရင်း
ကြမ်းပြင်ကသာသူ့လိုရာ လိုကြည့်နေကာ
မျက်လုံးတွေကတော့အသက်မဲ့မဲ့...."ဟေး မင်း_မင်းအင်္ကျီ၀တ်ပြီးထွက်ခဲ့တော့
အအေးမိမယ်..."နေသန်ရေဘားပိတ်ရင်းနဲ့ပြောလိုက်သော်ငြား
သူလေးဘာမှထူးမလာ....
တစ်ချက်တစ်ချက်ရှိုက်သွားပုံရရင်
ငိုထားပုံရတယ်
ရှက်သော်ငြားပြောမရတဲ့ ရိပ်ကို
ရေသုတ်၀တ်တစ်ထည်နဲ့ပတ်ပြီးမချီလိုက်တော့မှ
ဟင်.... မျက်လုံတွေမှိတ်နေတဲ့ကောင်လေး
အသားတွေလည်းအေးဆက်လို့...
နှာခေါင်းထိပ်လေးလည်းခပ်ရဲရဲဆိုတော့ ပြောစရာမလို ဖျားနေပြီ...အရင်ဆုံးနွေး"ထွေးဖြစ်မဲ့အင်္ကျီတစ်ထည်နဲ့
ပေါ့ပေါ့ပါးပါးဘောင်ဘီရှည်တစ်ထည်ကို၀တ်ပေးပြီး လေအေးပေးစက်ပိတ် စောင်ထူထူခြုံပေးလိုက်သည်
ရွှဲနင့်နေတဲ့ဆံပင်ကို အ၀တ်နဲ့သုတ်နေချိန်စကားဆိုလာတဲ့ကောင်လေး..."ကိုကို.....မ...ချစ်....ဘူး.... ဟင့်"
"ဟမ်......ရေသောက်ချင်လို့လား"
အားနည်း တိုးလျှတဲ့အသံကြောင့်
နေသန်သိပ်မကြားရ ။
ထပ်ပြီးရှိုက်လာပါရဲ့ အခုချိန်ထိကိုယ်အပူချိန်ကမကျသေး....
ဆေးတိုက်ဖို့ရာ ပါးစပ်ကိုအတင်းစေ့ထားတာနဲ့ နည်းလမ်းတော့သုံးရတော့မည်
YOU ARE READING