<Unicode>
<Unicode>
ရှန်ဟိုင်းမြို့ရဲ့ ပန်းခြံတစ်ခုမှာ လူတွေအများကြီး စုရုံးနေတယ်။တိတိကျကျပြောရရင် အဲ့ဒီ့လူတွေက တစ်နေရာကို ဝိုင်းကြည့်နေကြတာ။အဲ့ဒီ့ တစ်နေရာဆိုတာက
"ကဒ် .....ကဒ် မင်းသား အကြည့်က မင်းသမီးကို မြတ်မြတ်နိုးနိုးနဲ့ကြည့်ရမှာလေ အကြည့်က အသက်မပါဘူး ပြန်ရိုက်မယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့"
ဒါကတော့ ရုပ်ရှင် ရိုက်ကွင်းတစ်ခုပါ။ကြည့်နေတဲ့ ပရိသတ်တွေက ရိုက်ကွင်းကိုကြည့်ပြီး တီးတိုးပြောနေကြတယ်။
"ဟဲ့ အဲဒီ ဒါရိုက်တာက တော်တော်ချောသလို အပေါက်လည်းကြမ်းတယ်တဲ့ ကြည့်ပါလား အသံကိုအောင်နေတာပဲ"
"အေး ဒါပေမယ့် ငါကတော့ ဒါရိုက်တာကြီးကိုပဲ ကြိုက်တယ်။
မင်းသားသာလုပ်ကြည့် ပါလား နာမည်တော်တော် ကြီးမှာ"
"အင်းနော် အခုတောင် နာမည်ကြီးနေတာ"
"ဟုတ်ပါတယ်ဆို"
ပရိသတ်တွေက ဘာပြောပြော ဒါရိုက်တာကတော့ ကြားမှာ မဟုတ်။သူ့အလုပ်နဲ့သူတောင် ရှုပ်နေလေရဲ့။
"ကဒ် ရပြီ ဒီနေ့အတွက် ဒီလောက်ပဲ"
ထိုအခါမှပင် အဖွဲ့သားတွေ လည်းနားရတော့သည်။အလုပ်ပင်ပန်းတာက သိပ်အရေးမကြီး။ကြီးတာက ဒါရိုက်တာက
ပေါက်ပေါက်ဖောက်နေသလို ပြောနေတာပဲ။တစ်ချက်ကလေးမမှားနဲ့ မှားလိုက်တာနဲ့ ငေါက်ပြီးသား။တခြား ဒါရိုက်တာတွေတောင် သူ့လောက် အပေါက်မဆိုး။ဒါပေမယ့် အလုပ်ကိုတော့သူက စည်းစနစ်ကျသည်။
ဒါကြောင့်မို့လဲ ဒါရိုက်တာလောကမှာ ဒါရိုက်တာXiao zhanဆိုပြီး
နာမည်ကြီးနေတာပေါ့။
"စစ်ကျွေးရေ"
"ဗျာ.... ဆရာ လာပြီ"
စစ်ကျွေးက ကျွန်တော့်လက်ထောက်ပေါ့။မိတ်ဆက်ရဦးမယ်
ကျွန်တော့် နာမည်က Xiao zhan။အလုပ်ကတော့ သိကြတဲ့အတိုင်း
ဒါရိုက်တာ။ကျွန်တော့်မှာ အမေတစ်ယောက်ပဲရှိတော့တယ်။အဖေက ငယ်ငယ်တည်းက ဆုံးသွားတာလေ။ဒီအလုပ်က ငယ်ငယ်တည်းက ဝါသနာပါတာမို့ လုပ်တာ။မားကလည်း စိတ်ချမ်းသာသလိုသာ လုပ်တဲ့။
စီးပွားရေးကတော့ နည်းနည်းအဆင်ပြေတယ် ပြောရမှာပေါ့။ပါးချန်ခဲ့တဲ့ အရင်းအနှီးနဲ့ပေါ့။ကျွန်နော့်ကို လူတွေက အပေါက်ဆိုးတယ်လို့ ပြောကြတယ်။ဒါပေမယ့် ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။
မှန်တာပြောတာလေ။အသံနဲနဲလေး ကျယ်တာကလွဲလို့ပေါ့။
အခုလည်း တပည့်ဖြစ်တဲ့ စစ်ကျွေးကို ခေါနေတာ မလာသေး။
"ဟေ့ကောင် ဗျာ ကိုနောက်ထားခဲ့ ငါ့ဆီကို အရင်လာ"
"ဟုတ်ကဲ့"
စစ်ကျွေးအနားရောက်တော့
"မနက်ဖြန် ရိုက်ကူးရေးက နောက်ဆုံးဆိုတာ သိတယ်နော်"
"အဲ ဆရာကလည်း သိတာပေါ့ မနက်ဖြန် ရိုက်ကူးရေးပြီးတဲ့
အထိမ်းအမှတ်နဲ့ ညစာစားပွဲလုပ်မှာလေ"
"ဟေ့ကောင် အမလေး.......ငါ့ကို ဟိုနားက ရေဘူးလေးပေးပါဦး"
xiaozhanနဲ့ မျက်စောင်းထိုးနားလေးက စားပွဲပေါမှာ ရေဘူးတစ်ဘူးရှိသည်။စစ်ကျွေးက သွားယူလိုက်ပြီး
"ဆရာ ဒီမှာ ရေဘူးရပြီ"
'ဒေါက်'!!!!!
"အား...ဆရာ နာတယ် ဘာလို့ ခေါက်တာလဲ"
"နာတာတောင် နည်းသေးတယ် ငတ်ကြီးက ကျနေသေးတယ်
မင်းသမီးကို မနက်ဖြန် အချိန်မှန်လာခဲ့လို့ နောက်မကျစေနဲ့လို့ ပြောခိုင်းနေတာ။ သိပြီလား"
"ဟုတ်ကဲ့ပါ ပြောလိုက်ပါမယ်"
ဆိုပြီး စစ်ကျွေးက မျက်နှာရှုံ့မဲ့ပြီး နာသည့်နေရာကို ပွတ်လျက် ထွက်သွားသည်။
"ဟွန့် အချိုးကို မပြေဘူး"
ဘေးနားကနေ သူတို့ကို ရပ်ကြည့်နေတဲ့ staffတွေကို မြင်တော့
"ဘာလဲ မင်းတို့က အလုပ်လုပ်မလုပ်ဘဲ ဘာကြည့်နေတာလဲ
ငါချောတာ ငါသိတယ် သွားအလုပ်လုပ်"
ထိုအခါမှ staffတွေ အကုန် ကိုယ့်အလုပ်ကိုယ်ပြန်လုပ်တော့သည်။
xiaozhanပြန်ခါနီးတော့ ကျန်းချန်က ရောက်လာသည်။။
"ဆရာ ကျွန်တော် မနက်ဖြန် ခွင့်ယူချင်လို့"
"ကျန်းချန် မင်းကလည်း နှစ်ယောက်တည်းရှိချိန်ဆို ရင်းရင်းနှီးနှီးခေါပါ"
"အေးပါကွာ မင်းကလည်း"
"ကဲ ဘာကိစ္စလဲပြော"
"ငါမနက်ဖြန် ခွင့်ယူချင်လို့"
"ဟင် ဘာဖြစ်လို့လဲ"
"အော် ငါ့အမေနဲ့သွားတွေ့မလို့လေ"
"အေးပါ မင်းအမေကို သေချာပြောဦး တော်ကြာ ငါ့ပါ လာအမှု့
ပတ်နေဦးမယ်"
"အေးပါကွာ မင်းကလည်း"
"အာ ကျန်သေးတယ်"
"ဘာတုန်းကွ မင်းကလည်း"
"နောက်နှစ်ပတ်နေရင် ကြော်ငြာတစ်ခု ရိုက်စရာရှိတယ် အဲဒါ"
"ငါသိပြီ နေရာမလား"
"အေး"
"ငါ့ကို မက်ဆေ့ပို့ထားလိုက် လုပ်ထားလိုက်မယ်"
"အင်း"
အမှန်တော့ ကျန်းချန်က သူ့ရဲ့သူငယ်ချင်းပါ။ကိစ္စတစ်ခုကြောင့် သူက ရှုတင်မန်နေဂျာ လာလုပ်နေတာလေ။ဒါကို ငူ့အမေက သဘောမတူ။နေနိုင်စားနိုင်ရဲ့သားနဲ့ လာလုပ်တယ်ဆိုပြီးတော့ပေါ့။
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
