Wangyiboတစ်ယောက်လဲ rehearsalပြီးတာနဲ့ သူတည်းတဲ့နေရာကို ချက်ချင်းပြန်လာခဲ့သည်။rehearsal,က ပင်ပန်းတာမို့ သူလဲ အနားယူချင်နေသည်။ရေချိုးပြီး အ၀တ်စားလဲပြီးတာနဲ့ ကုတင်ပေါ်လှဲနေလိုက်သည်။ခဏကြာတော့ အိပ်ပျော်သွားသည်။
         သူအိမ်မက်ထဲမှာ zhangeက သူ့ဆီရောက်လာလို့ သူအရမ်းပျော်နေသည်။သူအိပ်ယာကနေ နိုးလာတော့ ဟင်းနံ့ရနေသည်။ဘယ်သူချက်နေတာပါလိမ့် အကိုချင်းဖန်လား။သူတွေးပြီး သွားကြည့်လိုက်တော့ နောက်ကျောကို သူမြင်ဖူးနေသည်။zhangeလား မဟုတ်လောက်ပါဘူး zhangeက ပေကျင်းမှာလေ ဘယ်လိုလုပ်ရောက်ရမှာလဲ။သူတွေးနေတုန်း ထိုလူက သူ့ဘက်လှည့်လာသည်။
       "ဟင် zhangeလား"
       "Wangပိုး နိုးပြီလား"
       "တကယ်ကြီး ရောက်လာတာလား အိမ်မက်လား အိမ်မက်ပဲနေမှာပါ"
      ဆိုပြီး ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်လိုက်တော့ 
         "အား နာလိုက်တာ တကယ်ပေါ့"
        "အင်း တကယ်"
        "ဘယ်လိုလုပ်ပြီး"
        "ကဲ ထိုင်ပါ နောက်မှမေးဟုတ်ပြီလား စားရအောင်ကျက်ပြီ"
          "အင်း"
       သူတို့စားပြီးတော့ ဆိုဖာပေါ်ထိုင်ပြီး အချိုရည်သောက်နေတုန်း
        "ပြောလေ ဘယ်လိုရောက်လာတာလဲလို့"
       "Wangပိုးရယ် ပြောပါမယ် ဒီလိုလေ geမှာက အလုပ်မရှိတော့ဘူးလေ ပြီးတော့ မင်းကိုလဲ လွမ်းလို့ရောက်လာတာ"
       "ကျဲရော သိတယ်လား"
       "အင်း မားရော ကျဲက အကြံပေးလိုက်တာ"
      "Zhangeကလဲ တခြားသူတွေသိသွားရင် geထိခိုက်မှာနော် ပြီးတော့ဟိုနေ့က လေဆိပ်ကသတင်းကို ကြည့်ပါလား ပလူတွေကိုပျံလို့"
        "Geကိုချည်း စိတ်ပူမနေနဲ့ မင်းကိုမင်းလဲ စိတ်ပူဦး သိလား"
        "မရပါဘူး ကျွန်တော်က geထိခိုက်မှာကိုပဲ အစိုးရိမ်ဆုံး ဘာပဲဖြစ်ဖြစ်ရောက်လာတော့လဲ နေရတာပေါ့ ဒါနဲ့ ကျွန်တော် ဒီမှာနေတာ ဘယ်လိုသိလဲ"
        "အော် တုံးပြန်ရော ချင်းဖန်ကို မေးလိုက်တာလေ"
         "အဲ ဟုတ်သားပဲ"
         "ပြောပါဦးမယ် မင်းငါကတဲ့နေ့က ဘာမဟုတ်မဟတ်တွေလျှောက်ပြောနေတာလဲ"
          "ဟုတ်တာပဲ ပြောတာလေ zhangeက အဲ့တုန်းက အရမ်းချောတာ အနားမှာမရှိလို့ ရှိရင်ဖက်နမ်းပြီးပြီ"
           "မင်းလုပ်တာနဲ့ ငါလဲ စကားတွေတောင်မှားတော့မလို့"
            "မမှားဘူးမလား ပြီးတော့လဲ အဲ့တုန်းက zhangeရှက်သွားတာမလား မျက်နှာကိုရဲနေတာပဲ"
           "အေးလေ အဲဒါမင်းကြောင့်လေ ဘာမဆိုင်ညာမဆိုင်နဲ့ ချစ်တယ်လို့ပြောရတာလဲ"
           "ချစ်လို့ချစ်တယ်ပြောတာပဲဟာကို"
          "ဟင်း မပြောချင်ဘူး တော်သေးတာပေါ့ ကကွက်တွေမမှားတာ"
          "Zhangeကကွက်မှားအောင်မလုပ်ပါဘူးနော် ဟီး ရှက်အောင်ပဲလုပ်တာ"
         "အေး အဲတုန်းက စင်ပေါ်ကဆင်းတော့ ငါ့ကို ကင်မရာသမားကတောင် မေးတယ် မျက်နှာရဲနေတာ နေမကောင်းလို့လားတဲ့"
         "ဟား..ဟား"
         "မရယ်နဲ့ သိလား ဟွန့် မပြောချင်ဘူး"
         "Zhangeကလဲ စိတ်မဆိုးပါနဲ့နော် ချစ်လို့စတာကို"
         "ပြီးရော ဟွန့်"
         "Zhange ဒီမှာ ဘယ်လောက်ကြာအောင်နေမှာလဲ ကျွန်တော်နဲ့အတူတူမှပြန်မှာလား"
          "မသိဘူး"
          "မသိဘူး ဟုတ်လား"
          "ဟုတ်တယ် ငါပျော်သလောက်နေမှာ"
           "Zhangeကလဲ ကျွန်တော်နဲ့နေရတာ မပျော်ဘူးဆိုတဲ့ သဘောလား"
          "အဲ အဲ့လိုမဟုတ်ဘူးလေကွာ မင်းကလဲ"
           "အဲ့လိုမဟုတ်ရင် ဘာလဲ"
           "မင်းနဲ့နေရတာပျော်ပါတယ် ဒါပေမယ့်လေ ငါကပေကျင်းမှာပဲနေချင်တာ ဒီမှာတောင်မင်းရှိလို့လာတာ"
           "ဟီး တကယ်လား"
           "အင်း"
           "ချစ်လိုက်တာ"
         လို့ပြောပြီး သူ့ကိုဆွဲဖက်လိုက်သည်။
                                      
                                   
                                              ВЫ ЧИТАЕТЕ
Director Xiao and Actor wang(Complete)
Фанфик"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
 
                                               
                                                  