Part11(Unicode)

1.4K 86 0
                                        

နောက်တစ်နေ့မနက် Wang yiboအိပ်ရာကနေ နိုးလာတော့ သူ့အခန်းမဟုတ်တာကို သတိထားမိသည်။ဘေးကို ကြည့်လိုက်တော့ zhan geပဲ။xiaozhanနိုးလာ‌ေတာ့ဘေးမှာ wangyiboက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။
"ကဲ Wang yiboနိုးရင်လဲ ထတော့ သိလား"
"ကျွန်တော် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
"မင်း မမှတ်မိဘူးလား"
"ဟင့်အင် ကျွန်တော်သောက်လို့မူးပြီးမှောက်သွားတာပဲ သိတာ"
"ဟူး ‌ေတာ်ပါသေးရဲ့ သူငါ့ကို နမ်းလိုက်တာကို မမှတ်မိလို့"
ဆိုပြီး တိုးတိုးလေးပြောလိုက်သည်။
"ဟမ် ဘာပြောလိုက်တာလဲ"
"အော် ဘာမှမဟုတ်ဘူး ကဲ သွားမျက်နှာသစ် မနက်စာစားမယ်"
"အင်းပါ"

သူတို့ထမင်းစားခန်းရောက်တော့
"ဟယ် သားငယ်လေး ဒီရောက်နေတာလား ဘယ်လိုလုပ်ပြီးတော့"
"မားကလဲ ညကပေါ့ မားလဲ အိပ်နေတာနဲ့ သားမနှိုးတာ"
"ဟုတ်လား လာ သားထိုင်"
"ဗျာ ဟုတ်ကဲ့"
"မားကလေ သားငယ်လေးကို အရမ်းသဘောကျတာ သားရဲ့ဇာတ်ကားတွေဆို မလွတ်တမ်းကြည့်တာ သားရဲ့ fanလေ"
"အာ ဟုတ်လား ကျေးဇူးတင်ပါတယ် အန်တီ"
"သားကလဲ မားလို့ပဲ ရင်းရင်းနှီးနှီးပြောရတယ်"
"မားကလဲ သူပြောချင်‌သလို လွတ်လွတ်လပ်လပ်ပြောပါစေ"
'ဒေါက်'
ဆိုပြီး xiaozhanခေါင်းကို လှမ်းခေါက်လိုက်သည်။
"မား နာတယ်"
ဆိုပြီး ရှုံ့တွပြီး‌ေပြာလိုက်သည်။
"နာမှ ဟွန်း"
"ခစ်..ခွီး..."
"အမယ် မင်းကဘာရယ်တာလဲ ဒီမှာနာပါတယ်ဆို မားနော်
သားကို ကြပ်ကြပ်ခေါက် ဦးနှောက်ကမေ့,မေ့သွားရင် သား ဒါရိုက်တာလုပ်စားလို့မရတော့ဘူး အဲ့လိုဆိုရင် မားထမင်းငတ်လိမ့်မယ်"
"တော်ပါ မင်းမလုပ်လဲ ငါထမင်းအငတ်ဘူး သိလား"
သူတို့အချင်းချင်း ရန်ဖြစ်နေသည်ကို ပြုံးပြုံးလေးနဲ့ yibo
တစ်ယောက် ကြည့်နေမိသည်။သူ့မှာက မိဘတွေမရှိတော့ ဒီလိုပုံစံလေးက သူ့ရဲ့ မိဘတွေကို ပြန်ပြီးအမှတ်ရစေတယ်။သူကြည့်နေရင်းနဲ့ ၀မ်းနည်းလာသည်။ဒီအချိန်မှာ သူ့မိဘတွေသာ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ငါ့သားလေးက တော်လိုက်တာဆိုတဲ့
ချီးကျူးသံလေးကို သူကြားချင်တယ်။
Xiaozhan သူ့မားနဲ့ပြောနေရင်း wangyiboတစ်ယောက်ငြိမ်နေပါတယ်ဆိုပြီး ကြည့်လိုက်တော့
"ဟင် yibo ဘာလို့မျက်ရည်ဝဲနေတာလဲ ဟမ်"
xiaoမားလဲ
"ဟယ် သားလေး ဘာလို့လဲ စားမကောင်းလို့လား ဒါမှမဟုတ် ဟိုကောင်ကြောင့်လား Xiao zhanနင်ပြောလို့ ကလေးက ငိုနေပြီ"
' ဒေါက် '
ဆိုပြီး တစ်ချက်ထပ်ခေါက်လိုက်သည်။
"မား နာတယ်လို့ yiboဘာလို့လဲ ge‌ေပြာလိုက်လို့လား"
"ဟုတ်မှာပေါ့ကလေးက"
"မား ငြိမ်ငြိမ်နေပါ သားမေးနေတဲ့ဟာကို"
"ဟုတ်တယ် geပြောလို့"
ဆိုပြီး Wang yiboလိမ်ပြောလိုက်သည်။
"တွေ့တယ်မလား xiaozhanသတိထားနော် ဟွန်း "

သူတို့မနက်စာစားပြီးတော့ xiaozhanက Wang yibo
ကို‌မတွေ့လို့လိုက်ရှာလိုက်တော့ အိမ်ရှေ့၀ရန်တာမှာ ရပ်နေသည်။
"yibo ဒီမှာဘာလုပ်နေတာလဲ"
"လေညှင်းခံနေတာလေ"
"ခုနကဟာကို စိတ်ဆိုးသွားတာလား"
"geနဲ့မားက အမြဲအဲ့လိုပဲလား"
Xiaozhanသူ့မေးတာကို မဖြေဘဲ ပြန်မေးလာတဲ့သူ့ကို
"အင်း ဟုတ်တယ် ပါးမရှိတည်းက မားက geကို သူငယ်ချင်းပေါင်း,ပေါင်းတာလေ ဘာမဆိုလွတ်လွတ်လပ်လပ်ပဲ"
"ကောင်းတာပေါ့ "
".........."
"ကဲ ဒါဆို ကျွန်တော်ပြန်တော့မယ်"
"လိုက်ပို့ရဦးမလား"
"ဟင့်အင် အကိုချင်းဖန်ကို ဖုန်းဆက်ထားတယ်"
"ဟုတ်ပါပြီ"

Wang yiboပြန်‌သွားတော့ သူစဉ်းစားနေမိသည်။yiboဘာလို့အဲ့လိုဖြစ်သွားရတာလဲလို့ပေါ့။
"ဟာ ဟုတ်သားပဲ သူ့မိဘတွေက....."
Xiaozhan စိတ်မကောင်းဖြစ်သွားသည်။သူလဲ သူ့မိဘတွေနဲ့ ပျော်‌ေပျာ်ရွှင်ရွှင်နေသွားချင်မှာပဲ။သူ yiboအဲ့လိုမျက်နှာမကောင်းတာကို တွေ့တော့ သူ့စိတ်ထဲမှာတစ်မျိုးပဲ။
သူ့ကို အမြဲတမ်းပျော်နေတာကိုပဲ သူမြင်ချင်တာ ဘာလို့လဲတော့ မသိ။
"အိုက်ရား... xiaozhan မင်းမရိပ်မိဘူးလား"
ထိုအချိန်
"အန်တီရေ အန်တီ"
"ဟာ ကျဲလာလေ"
"အန်တီရော ကျန့်ကျန့်"
"မားက မီးဖိုချောင်ထဲမှာ ကျဲရဲ့ မားရေ ကျဲလာတယ်"
"လာပြီဟေ့"
ဆိုပြီး မားက မီးဖိုချောင်ထဲက ထွက်လာတယ်။
"အန်တီ တဘက်ခါ သမီးမွေးနေ့လေ အဲဒါညစာစားပွဲလေးလုပ်ချင်လို့"
"အင် ဟုတ်သားပဲ မေ့နေတာ"
"အဲ့တော့ ကျဲက..."
"အရမ်းကြီးအကျယ်ကြီးတော့ မဟုတ်ပါဘူး လူရင်းတွေပဲ
ဖိတ်ပြီး လုပ်မလို့လေ"
"ကောင်းသားပဲ သမီးရဲ့"
"အဲဒါ အန်တီ့အိမ်မှာ လုပ်မလားလို့လေ"
"ရပါတယ် သမီးရဲ့"
"ဟုတ်ကဲ့ ကျန့်ကျန့်"
"ဗျာ ကျဲ စစ်ကျွေးကို ဖိတ်လိုက်ဦး"
"ဖိတ်မှာပါ ကျဲရဲ့"
"ပြီးတော့ yiboကိုရော"
"ကျွန်တော်သိပါတယ် ကျဲရဲ့ သွားဖိတ်ပေးမယ် ဟုတ်ပြီလား"
"အင်း"
ထိုစဉ် xiaoမားနဲ့ ရွှမ်လုတို့ တစ်ယောက်နဲ့တစ်ယောက် မျက်စာပစ်ပြတာကိုတော့ xiaozhanမတွေ့လိုက်ပါ။

Wang yiboတိုက်ခန်းပြန်ရောက်တော့ ချင်းဖန်က
"yibo မျက်နှာမကောင်းဘူး ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး အကို"
"အေးပါ နားလိုက်ဦးနော်"
"ဟုတ်ကဲ့"
သူ့အခန်းထဲကိုရောက်တော့ သူမိဘတွေဓာတ်ပုံကို ကြည့်ပြီး
"မား ပါး ကျွန်တော် သတိရတယ်"

Director Xiao and Actor wang(Complete)जहाँ कहानियाँ रहती हैं। अभी खोजें