နောက်နေ့မနက် xiaozhanတစ်ယောက် နည်းနည်းနောက်ကျမှ အိပ်ယာက နိုးလာသည်။အကြောင်းကတော့ ကျန်းချန်အကြောင်းတွေးနေရင်း နောက်ကျမှ အိပ်ယာ၀င်ဖြစ်လို့။
Xaiaozhan ထမင်းစားခန်းထဲ၀င်ပြီး
"မားရေ သားမနက်စာမစားတော့ဘူး သွားတော့မယ်"
"ဟဲ့ စားသွားပါဦး ခဏပဲဟာ"
"မစားတော့ပါဘူး မားရာ သွားတော့မယ်"
"အော် ဒီကလေးနဲ့တော့"
Xiaozhan ရိုက်ကွင်းရောက်တော့
"စစ်ကျွေး မင်း,မင်းသမီးရောက်ပြီလား"
"ဟာ ဆရာကလည်း လူတွေကြားရင် တစ်မျိုးထင်နေဦးမယ်"
"အေးပါ ဟုတ်ပါပြီ မေးတာပဲဖြေပါ"
"ရောက်ပါပြီ ဆရာရဲ့ ကျွန်တော် မနေ့ကတည်းက သွားပြောထားတာ မင်းသမီးကတောင် ကျွန်တော့်ကို နားငြီးလို့ ပြန်လွှတ်ရတဲ့ အထိပဲ"
"ပြီးတာပဲ။ ခဏနေရင် စမယ်လို့ သွားပြောထားလိုက်"
"ကဒ် ရပြီ ကဲအားလုံးပင်ပန်းသွားပြီ"
ဒီနေ့က xiaozhanတို့အပျော်ဆုံးနေ့ပဲ။ဘာလို့ဆို ရိုက်ကူးရေးက ပြီးပြီလေ။အားရပါးရ နားလို့ရပြီ။
"ဒါရိုက်တာကြီး"
"အော် မင်းသားပါလား လာ"
"ဟုတ် ကျွန်တော် သရုပ်ဆောင်တာ ကောင်းလားမသိဘူး"
Xiaozhanစိတ်ထဲတွင်
*ကောင်းလို့ပဲ ရိုက်ပြီးသွားတာလေ သူက... ဟင်း စိတ်လျှော့*
"အာ ကောင်းပါတယ်"
"ဟုတ်လား ကျွန်တော့်စိတ်ထဲမှာ မကောင်းသလို ခံစားရလို့"
*ဟင်း....ငါ့စိတ်က ရှည်နေတယ်နော်*
"ဟုတ်လား အာ့ဆို ဘယ်အခန်းကများ မကောင်းဘူးလို့ ထင်နေတာလဲ"
"ကျွန်တော် ထင်တာတော့ ပထမဆုံးအခန်းကနေ စမယ်ထင်တယ်"
"What အော် အဲဒါဆိုရင်လည်း ကိုယ့်ဘာသာကိုယ်သာ ရိုက်
ကိုယ့်ဟာကိုယ် သရုပ်ဆောင်လိုက်ပါတော့လား ဒါရိုက်တာက ကောင်းပါတယ်လို့ပြောနေတာကို"
"အာ ဒါရိုက်တာကြီးကလည်း ကျွန်တော်က နောက်နေတာပါ ဟဲ..ဟဲ"
"အော် နောက်နေတာ ဟုတ်လား"
"ဟုတ်တယ် ဟီး..ဟီး"
"လာနောက်မနေနဲ့ ငါမင်းအဖေ မဟုတ်ဘူး ကြားလား"
"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီးကလည်း"
"ကဲ ပြောပြီးပြီလား ပြောပြီးရင် ပြန်တော့"
"ဟုတ်ကဲ့"
မင်းသား ထွက်သွားတော့
"ဘယ်လိုလူနဲ့ လာတွေ့နေမှန်း မသိဘူး ဟူး....."
ထိုစဉ် စစ်ကျွေးရောက်လာပြီး
"ဆရာ သွားမယ်လေ ညစာစားပွဲကို"
"မင်းကလည်း အမြဲတမ်း စားဖို့ချည်းပဲ သွား ကြွ ငါမလိုက်ဘူး
နေပါဦး ငါဘယ်တုန်းက ညစာစားပွဲကို လိုက်ဖူးလို့လဲ"
"အဲ ဆရာကလည်း တစ်ခါတစ်လေ လိုက်ချင်မလားလို့လေ"
"မလိုက်ဘူး သွား။ အော် ဒါနဲ့ နောက်ကြော်ငြာရိုက်ရမှာ သိတယ်နော်"
"သိပါတယ် ဆရာရဲ့"
"သိရင် ပြီးတာပဲ ငါပြန်တော့မယ်"
Xiaozhan အိမ်ပြန်ရောက်တော့ မားက
"ဟင် သား ညစာစားပွဲ မသွားဘူးလား ဒီနေ့ကနောက်ဆုံးနေ့ဆို"
"မားကလည်း ကျွန်တော် ဘယ်တုန်းက သွားဖူးလို့လဲ စစ်ကျွေးကိုပဲ ကဒ်ပေးလိုက်တယ်"
"ပြီးတာပဲ အော်ဒါနဲ့ နောက်ကြော်ငြာက ဘယ်တော့လဲ"
"နောက်နှစ်ရက်နေရင် စရိုက်မှာ ဘာဖြစ်လို့လဲ မား"
"ဘာမှ မဟုတ်ဘူး ကဲ ပင်ပန်းလာတယ်မလား နားတော့"
"ဟုတ်"
ဆိုပြီး xiaozhan အခန်းထဲ သွားပြီး နားလိုက်တော့တယ်။
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
