နောက်တစ်နေ့မနက်
"yibo နိုးပြီလား"
"ဟုတ်ကဲ့ အကို "
"မင်းကို သတင်းကောင်းရော သတင်းဆိုးရော ပြောစရာရှိတယ်
ဘယ်ဟာအရင်နားထောင်မလဲ"
"အကိုရယ် သတင်းဆိုးပေါ့"
"ဟုတ်ပြီ မနေ့က ဓာတ်ပုံတွေ အပြင်မှာပျံ့နေပြီ"
"ဟူး....အင်းပါ ဒါကတော့ မနေ့ကတည်းက မျှော်လင့်ထားတာပဲဟာ
သတင်းကောင်းကရော"
"မင်းကို ကျန်းentertainment companyက ကမ်းလှမ်းထားတယ်"
"ဘယ်လို အကို ဟုတ်ရောဟုတ်လို့လား"
"ဟုတ်တယ် မနေ့ကပဲ ကျန်းceoက အကို့ကို ဖုန်းဆက်ပြောတာ"
"ကျွန်တော် လက်မခံချင်ဘူး အကို သူတို့လဲ အခုကိစ္စကို သိနေမှာပဲ
ဒါကိုတောင် ကျွန်တော့်ကို လာပြီးကမ်းလှမ်းတော့..."
"အင်း ဒါပေမယ့်လဲ သူတို့နဲ့လက်တွဲလိုက်ရင် မင်းဒီထက်ပိုပြီး
အောင်မြင်မှာ သေချာတယ်"
"ဟုတ်ပါတယ် အကို ကျွန်တော် စဉ်းစားချင်သေးတယ်"
"ဟုတ်ပြီ ဒါဆို မင်း သူတို့နဲ့တွေ့ပြီး ပြောကြည့်ပေါ့
အကို ကြားတာတော့ သူတို့လဲ တရုတ်ကို ပြန်တော့မလို့တဲ့"
"အင်း ဟုတ်ပြီ အဲဒါဆိုလဲ အဲဒီ့ကို ရောက်မှ တွေ့ကြည့်ကြတာပေါ့"
"အင်း ဒါဆို အကိုပြောလိုက်တော့မယ်"
"ဟုတ်ကဲ့"
"အန်တီရေ သမီးလာတယ်"
"ဟယ် သမီးရောက်လာပြီလား လာထိုင် ကြိုတော့မပြောဘူး
သားကို ကြိုခိုင်းမှာပေါ့"
"အာ ရပါတယ် အန်တီရဲ့ ဒါနဲ့ ကျန့်ကျန့်ရော"
"ရှိပါ့ သားရေ အောက်ကိုလာပါဦး ဘယ်သူလာလဲလို့"
"လာပြီ မားရေ"
ဆိုပြီး xiaozhan အောက်ကို ဆင်းလာတော့
"ဟာ ကျဲ ဘယ်လိုလုပ်ရောက်လာတာလဲ"
"အမလေး ဘယ်လိုရောက်ရမှာလဲ လေယာဉ်နဲ့ပေါ့"
"ကျဲကလဲ ကျွန်တော်က အကောင်းမေးတာကို"
"ဟား ဟား ဟုတ်ပါပြီ ကျဲက ဒီကို အပြီးပြောင်းလာတာ ဒီမှာပဲ
အခြေချပြီး အလုပ်လုပ်တော့မလို့လေ"
"တကယ်"
"အွန်းပေါ့"
"ပျော်လိုက်တာ"
"ကဲ ကလေးတွေ စကားပြောနေဦး အန်တီ ထမင်းသွားချက်လိုက်ဦးမယ် သမီး ဒီမှာ စားနော်"
"စိတ်ချ အန်တီ စားမှာ"
"ဟုတ်ပါပြီ"
Xiaoမား မီးဖိုချောင်ထဲ ၀င်သွားတော့
"ကျန့်ကျန့်"
"ဗျာ ကျဲ"
"မင်းမှာ ချစ်သူတွေ ဘာတွေရှိပြီလား"
"ဟာ ကျဲကလဲ ကျွန်တော့်အလုပ်နဲ့တောင် မအားတာ
ဘယ်လိုလုပ်ရှိမှာလဲ"
"တကယ်လား"
"တကယ်ပါဆို"
ကျန်းရွှမ်လု ပျော်သွားသည်။သူမလုပ်ငန်း စရတော့မယ်လေ။
"ဟုတ်ပါပြီ ဒါနဲ့ မင်း ရိုက်ကူးရေးမသွားရဘူးလား"
"အင်း အခုလောလောဆယ်တော့ ပေါ့"
"ဟုတ်ပါပြီ"
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
