Part10(Unicode)

1.5K 100 0
                                        

နောက်တစ်ပတ်ကြာတဲ့အခါ သူတို‌့တွေ ဇာတ်ကားစရိုက်နေပြီ။
"ကဲ နောက်နာရီ၀က်နေရင် စရိုက်မယ်နော် အဆင်သင့်ပြင်ထား"
ထိုအချိန် xiaozhan နားကို Wang yibo ရောက်လာသည်။
"ယုန်အို..အဲ ဒါရိုက်တာကြီး"
Wangyibo ယုန်အိုကြီးလို့ ပါးစပ်ကထွက်တော့မလို့ရှိသေး
သူက မျက်စောင်းထိုးကြည့်လိုက်တော့ တန့်သွားသည်။
"ပြော ဘာဖြစ်လို့လဲ"
"ကျွန်တော် ဒီနားက စာသားနေရာကို ပြောရမှာ ထောက်နေသလားလို့"
"ဘယ်နေရာလဲ"
"ဒီမှာ"
ဆိုပြီး စာရွက်ကို ထိုးပြတော့
"အင်း အဲဒါက ဒီလိုပဲပြောရမှာလေ"
"ဟာ ယုန်..အဲ ဒါရိုက်တာကြီးကလဲ ထောက်နေပါတယ်ဆို"
"ဒါနဲ့နေပါဦး မင်းက ငါ့ကို ယုန်အိုကြီးလို့ ခေါရတာကို ကြိုက်နေတာလား ဟမ် တရုတ်သရဲပေါက်စ"
"ဟာ မဟုတ်ပါဘူး ဒါရိုက်တာကြီးကလဲ နဲနဲစွဲနေလို့ ပြီးတော့ ကျွန်တော့်ကို တရုတ်သရဲပေါက်စလို့လဲ မပြောနဲ့"
"ဟင်း မင်းက မင်းအလှည့်ကျတော့သိသားပဲ"
"သိတာပေါ့ ကျွန်တော်ပြောတာလုပ်ပေးဦးလေ "
"ဘာကိုလဲ"
"ဒါရိုက်တာကြီးက အသက်ကြီးလာလို့ မမှတ်မိတော့ဘူးလား
စာသားလေ စာသား"
"မင်း ငါရန်မဖြစ်ချင်ဘူးနော် စာသားက ပြောင်းလို့မရဘူး ဒါပဲ"
"ဟာ ဒီလောက်ထောက်နေတာကြီးကို"
"မရဘူး ငါပြောတဲ့အတိုင်းလုပ် သွား ရိုက်မယ်"
"ဟွန့်"
Wangyiboစိတ်ထဲတွင်
*မပြောင်းပေးလဲနေပေါ့ wangyiboအကြောင်းသိရသေးတာပေါ့*
"ကဲ ရိုက်မယ်ဟေ့ မီးထိုးမှန်ထိုးသမား‌တွေ အဆင်သင့်ပြင် ကင်မရာသမားတွေရော"
Staff::::"ဟုတ်ကဲ့"
"ready 1 2 3 ကဒ် action"

ခဏကြာတော့
"ကဒ် ဟာ မင်းသား အဲ့လိုမပြောရဘူးလေ"
"ပြောသားပဲ ထောက်နေပါတယ်ဆို ပြင်မှမပြင််ပေးတာ"
"ကဲ မရဘူး မင်းသားရေ ဒီတိုင်းပြောပဲပြောပါ ဟုတ်ပြီလား
နောက်တစ်ခေါက်ထပ်ရိုက်မယ်"
*ဂါး xiaozhan မပြင်ပေးဘူးပေါ့ တွေ့မယ် ဟွန်း*

"ကဒ် ပြန်ရိုက်မယ်"

"ကဒ် ကဒ်.."

"ကဒ် ကဲ တော်ပြီ ပြင်မယ်ဟုတ်ပြီလား လာခဲ့ wangyibo"
ထိုအခါမှ Wang yiboတစ်ယောက် အောင်နိုင်သူတစ်ယောက်လို အပြုံးနဲ့ xiaozhanနားကို သွားသည်။
"တွေ့တယ်မလား အစကတည်းကပြောပါတယ် ပြင်ပေးပါဆို"
"အခု ပြင်နေတယ်လေ မမြင်ဘူးလား"
"မြင်ပါတယ် တမင်သက်သက်ပြောနေတာ သိပြီလား"
"မင်းနော် ငါ ဒေါသမထွက်ချင်ဘူး"
"အော် ဘယ်သူက ဒေါသထွက်ခိုင်းနေလို့လဲ"
"မင်းလေ မင်း ဟွန့် မပြောလိုက်ချင်ဘူး"
"‌မပြောနဲ့ပေါ့"
"ရား Wang yibo"
ဆ်ုပြီး xiaozhanက Wang yiboကို လိုက်ရိုက်သည်။
Wang yiboကလဲ ရှေ့ကနေ ပြေးသည်။
Xiaozhan တစ်ယောက်လဲ Wang yiboနဲ့မှ ပြေးတမ်းလိုက်တမ်း
လုပ်နေရသလိုပဲ။

Director Xiao and Actor wang(Complete)Where stories live. Discover now