Part6(Unicode)

1.5K 109 0
                                        

           ညနေရောက်တော့ xiaozhanတစ်ယောက် showပွဲသွားဖို့ ပြင်ဆင်နေသည်။ရှပ်အင်္ကျီလက်ရှည်အဖြူလေးနဲ့ ဂျင်းအနက်လေးကို တွဲ၀တ်လိုက်ပြီး
       "ဟီး...ဟီး တယ်ချောတဲ့ငါပါလား"
           ဆိုပြီးမှန်ရှေ့မှာ ကြည့်ပြီးပြောနေသည်။သူနာရီကြည့်လိုက်တော့
     "အာ ငါနောက်ကျတော့မှာပဲ"

           သူshowပွဲရောက်တော့ လူတွေ‌ တော်တော်များများ ရောက်နေသည်။သူလဲ အထဲကို ၀င်လိုက်တော့
    "ဝါး အပြင်အဆင်ကတော့ ရှယ်ပဲ"
             သူဘေးနားမှာ မိန်းကလေးတွေ အများကြီးပင်။‌ယောကျာ်းလေးတွေရော။သူမသိတဲ့ ကိုရီးယားဘာသာစကားတွေနဲ့ အော်ပြောနေတာ နား‌တောင်ညီးသလိုပင်။
      ခဏကြာတော့ Wangပိုး အဲ.. Wang yiboထွက်လာသည်။
   သူက  အနက်ရောင် ၀တ်စုံကို ပေါ့ပေါ့ပါးပါး၀တ်ထားပြီး  လည်ပင်းမှာ ပဝါအဖြူလေးကို ပတ်ထားသည်။
         Xiaozhan သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး သူ၀တ်ထားတာနဲ့က နဲနဲ ဆင်သလားလို့။ဘာလို့ဆို အနက်နဲ့အဖြူပဲလေ။
သူက အနက်၀တ်ထားတော့ အသားဖြူတာလေးက ထင်းနေသည်။ကလိုက်တိုင်းလဲ ပဝါလေးက လွင့်,လွင့်သွားသည်။
       ဒီတစ်ခါတော့ သူသီချင်းဆိုသည်။သူ့အသံက ခပ်အောအောလေးနဲ့ နားထောင်လို့တော့ ကောင်းသား။ဘေးကနေ
အင်္ဂလိပ်လိုပြောနေတာကြားတာကတော့ သူဆိုနေတာ luckyသီချင်းပဲ။
       Showပွဲပြီးတော့ လက်မှတ်ယူရမယ့်အချိန်ပင်။xiaozhanလဲ
လကမီတ်ထ်ုးမယ့်နေရာက်ု အပြေးအလွှားသွားပြီး တန်းစီရသေးသည်။တော်သေးတာပေါ့ သူ့မားက အရပ်ရှည်ရှည်လေးနဲ့ မွေးပေးထားလို့။
တစ်ယောက်ပြီးတစ်ယောက်ပြီးသွားတော့ သူ့အလှည့်ရောက်လာသည်။
     "နာမည်လေးတစ်ချက်လောက်"
     Xiaozhanနားမလည်။သူက ကိုရီးယားစကားမှ နားမလည်တာလေ။သူက အင် အမ် ဖြစ်နေတော့ wangyiboဘေးက မန်နေဂျာဖြစ်ဟန်တူသည့် သူက နား,နားကို ဘာကပ်ပြောလိုက်သည်မသိ။ခဏကြာတော့ သူ့ကို တရုတ်လိုပြန်ပြောလာသည်။
         "နာမည်ကိုပြောတာ"
         "အော် ဟုတ်လား ဟီး အဲ.."
       Xiaozhanတစ်ယောက် ဒီတစ်ခါတော့ မေ့သွားသည်။သူဘယ်လိုပြောရမှာလဲမသိ။သူ့မားနာမည်ကို ပြောလို့မဖြစ် ဘာလို့လဲဆိုတော့ မကောင်းဘူးလေ သိတယ်မလား။လူကိုကြိုက်လို့မဟုတ်ဘဲ မားကြောင့်လာတယ်ဆိုတာတော့မဟုတ်သေး။ပြီးတော့ လူတွေကလဲ သူ့ကို ဝိုင်းကြည့်နေကြသည်။သူ့နာမည်ကလဲ‌ ပြောရင်မကောင်းဘူးလေ။သူက တရုတ်မှာ နာမည်ကြီး ဒါရိုက်တာလေ ။
ဘယ်လိုပဲပြောပြော Wang yiboက တရုတ်ဆိုတော့ သိသွားနိုင်တယ်။ စဉ်းစားစမ်း
Xiaozhanရေ မြန်မြန်။နောက်ဆုံးတော့ သူစဉ်းစားလို့ရသွားသည်။
       ထိုအချိန် ring....ring....
      "ဟဲလို မား"
       "အေး သား လက်မှတ်ထိုးပြီးပြီလား"
      "ခုမှ ထိုးတော့မလို့လေ"
       "အဲဒါဆို သားရဲ့ အင်္ကျီရင်ဘက်မှာ ထိုးခိုင်းလိုက်ဦးနော်"
      "မားနော် မားကစာရွက်ပေါက လက်မှတ်ပဲလေ"
      "မရဘူး မင်းလိုချင်နေတဲ့ ကင်မရာကို ငါ ၀ယ်ပေးမလို့ စဉ်းစားနေတာ အေးပါ သားက မလုပ်ချင်ဘူးဆိုတော့လဲ......"
       Xiaozhan ထိုကင်မရာကို လိုချင်နေတာ ကြာပြီ။ပိုက်ဆံက နဲနဲလိုတာနဲ့ သူငြိမ်နေတာ။ဘယ်လိုလုပ်ရမလဲမသိ။နောက်ဆုံးတော့
         "ဟုတ်ပြီ မားရေ ကျွန်‌တော်လက်ခံတယ်"
           သူဖုန်းချလိုက်ပြီး ရှေ့ကို ကြည့်လိုက်တော့ Wang yiboက
       "ကဲ နာမည်ပြောလို့ရပြီလား"
       ဟုတ်တယ်လေ။သူ့စိတ်က ရှည်နေပြီ။နာမည်မေးတော့ အင်တင်တင်။ဒီကြားထဲ သူမားလားတော့မသိ ဖုန်းကလာနေသေးတယ်"
         "ဟီး...ရပြီ zhan"
         Wangyiboလက်မှတ်ထိုးပြီး သူ့ကို ပေးလိုက်တော့
        "ဟိုလေ....."
        "အင်း ပြော"
       "အင်္ကျီမှာ လက်မှတ်လေး ထိုးပေးပါလားဟင်"
        "........."
       "လုပ်ပါနော် ကောကလေ မင်းကို အရမ်းကြိုက်လို့ပါနော်...နော်"
       Xiaozhanသူမလုပ်ဖူးတာတွေကို cameraမျက်နှာကြောင့်
မျက်နှာချိုသွေးနေရသည်။
        Wangyiboလဲ ထိုသူ့နောက်မှာ စောင့်နေရတဲ့သူတွေ များတော့ သူလက်ခံလိုက်သည်။
       "ဘယ်နေရာလဲ"
       "ရင်ဘက်မှာလေ"
      Wang yibo သူ့ရှေ့ကို တိုးလာပြီး လက်မှတ်လာထိုးတော့
Xiaozhanတွေးနေမိတာက wangyiboတော်တော်ချော‌တာပဲလို့။
သူ့စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားသည်။
        "ကဲ ရပြီ"
        "အော် အင်း ကျေးဇူး"
         Xiaozhanပြန်ထွက်လာတော့ နော်တော်ကို နောက်ကျနေလေသည်။သူပင်ပန်းနေပြီ။အနားယူမှ ရတော့မည်။သူဟိုတယ်ပြန်ပြီး နားလိုက်တော့သည်။

Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora