Part14(Unicode)

1.1K 64 0
                                        

မနက် xiaozhan သူ့အိမ်ကိုပြန်ရောက်တော့ မားက
"သား မနေ့က ဘယ်လိုဖြစ်တာလဲ yiboနဲ့မင်းနဲ့က ဘာတွေဖြစ်ပြီလဲ "
"မားရယ် ဖြေးဖြေးမေးလဲရပါတယ်"
"ဖြေစမ်းပါ ငါသိချင်နေပြီ"
"ကျွန်တော်နဲ့ wangပိုးက ချစ်သူတွေဖြစ်သွားပြီ"
"အော် ဟုတ်လား"
"မား မအံ့ဩဘူးလား"
"ဘာလို့အံ့ဩရမှာလဲ ချစ်သူဖြစ်တာတောင် နောက်ကျနေသေးတယ်"
"မားကတော့ တကယ့်စံပါပဲ သွားပြီ"
ဆိုပြီး သူ့အခန်းထဲကို ၀င်လာခဲ့သည်။
အခန်းအပြင်ဘက်တွင်တော့
"ဟဲလို သမီး"
"ရှင် အန်တီ"
"သားတို့တွေ ချစ်သူတွေဖြစ်သွားပြီတဲ့လေ မနေ့ညက ပြန်မလာဘူး"
"တကယ်လား အန်တီ"
"တကယ် ခုမနက်ပဲ သားကို မေးလိုက်တာ"
"ပျော်လိုက်တာ"
"ဟုတ်ပ သမီးရေ ဒါပဲနော် အဲတာ လှမ်းပြောတာ"
"ဟုတ်ကဲ့ အန်တီ"

Wangyibo ဒီနေ့အကလေကျင့်ရမှာဆိုတော့ geနဲ့မတွေ့ရဘူး။ဒါပေမယ့်လဲ သူတွေ့ချင်သည်။မနေ့ကမှ ချစ်သူတွေဖြစ်ထားတာဆိုတော့ တွေ့ချင်တာပေါ့လို့။အဲဒါနဲ့ သူဖုန်းဆက်လိုက်သည်။
Ring......ring...
"ဟင် zhan geက ဖုန်းလဲမကိုင်ဘူး ဘာတွေလုပ်နေလဲမသိ"
သူလဲ ထပ်မဆက်တော့ဘဲ အကသာလေ့ကျင့်နေလိုက်သည်။
Xiaozhanရေချိုးပြီးတော့ ဖုန်းကိုကြည့်လိုက်တော့
"ဟင် wangပိုး ဆက်ထားတာပဲ ပြန်ခေါ်ဦးမှ"
ဆိုပြီး ပြန်‌ေခါ်တော့ မကိုင်ပေ။
တစ်ဖက်က Wang yiboက အကလေ့ကျင့်နေတော့ သီချင်းဖွင့်ထားတော့ ဖုန်းသံကို မကြားရပေ။

"မားရေ သားအပြင်သွားလိုက်ဦးမယ်နော်"
"ဘယ်ကိုလဲ "
"ကျဲကျဲဆီကိုလေ"
"မင်းကျဲဆီကိုလား မင်းရဲ့ wangပိုးဆီကိုလား"
"ဟဲ ဟဲ မားကလဲ နှစ်ယောက်လုံးဆီပေါ့လို့ သွားတော့မယ် မားရေ"
Xiaoမားလဲ သူ့သားထွက်သွားတာကိုကြည့်ပြီး ပြုံးနေမိသည်။
သူ့သားတောင် နောက်ဆုံးတော့ ချစ်တတ်သွားပြီကို။
..................................
Xiaozhan ကျန်းentertainmentကိုရောက်တော့ ကျဲဆီကို အရင်သွားလိုက်သည်။ဟုတ်သည်လေ သူမှ wangပိုး ရှိတဲ့နေရာကို မသိတာ။အဲတော့ အရင်ဆုံး ကျဲကိုမေးရမှာလေ"
'ဒေါက် ဒေါက်'
"၀င်ခဲ့ပါ"
"ကျဲ ကျွန်တော်လာတယ်"
"အံမယ် မလာစဖူးပါလား ဟင်"
"ကျဲကလဲ လာပါတယ်"
"အေးပါ ဘာသောက်မလဲ"
"မသောက်တော့ဘူး ကျဲ"
"အင်းပါ"
"ဒါနဲ့ ကျဲ အလုပ်ရှုပ်နေတာလား"
"ဘာရယ်တော့ဟုတ်ပါဘူး ဘာဖြစ်လို့လဲ"
ရွှမ်လု သိတာပေါ့။ကျန်ကျန့် ဒီကိုလာတယ်ဆိုတာ yiboဆီကို လေ။ကျန့်ကျန့်က yiboရှိတဲ့‌ေနရောကို မသိလို့လာမေးတာ။အင်း သူမဒါကိုမသိချင်ယောင်ဆောင်လိုက်ပါဦးမယ်။
"ဘာမှမဖြစ်ပါဘူး ကျဲရဲ့"
"ဟိုလေ.."
"အင်း ပြောလေ ကျန့်ကျန့်ရဲ့"
"ဟို အဲဒါကလေ"
ဆိုပြီး xiaozhanတစ်ယောက်ကျဲကို ဘယ်လိုမေးရမှန်းးမသိ။yibo ကဘယ်အခန်းမှာ ရှိတာလဲ။အာ မဟုတ်သေးပါဘူး ဘယ်လိုမေးရပါ့မလဲ။စဉ်းစားစမ်း xiaozhan။
"အဟမ်း ဟိုလေ"
သူ့စကားတောင်မဆုံးသေး ကျဲက
"ဘာလဲ yiboရှိတဲ့အခန်းကို မေးချင်နေဝာာမလား"
"ဟင် အာ..ဟုတ်‌တယ်"
"ဒါများ ကျန်ကျန့်ရယ် အစောကြီးက‌ပြောပေါ့"
"ကျဲကလဲ"
"ဟုတ်ပြီ ပြောမယ် ရှက်မနေနဲ့ မနေ့က အန်တီပြောလို့ သိပြီးပြီ"
"ဟမ် မားက ကျဲကို လှမ်းပြောတာ"
"ဒါပေါ့ ထားပါ yiboအခန်းက ဒီကထွက်ရင် ဘယ်ဘက်ကိုချိုး
ပြီးရင် အဆုံးထိလျှောက်သွားလိုက် အခန်းတစ်ခန်းတွေ့လိမ့်မယ် အဲဒါပဲ"
"အာ ဟုတ်လား ကျေးဇူး ကျဲ"
ဆိုပြီး အရိပ်တောင်မမြင်ရတော့ လျှစ်ကနဲပဲ သူ့ခြေလှမ်းကျဲကြီးတွေနဲ့ သွားတော့သည်။

Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora