Part4(Unicode)

1.6K 117 5
                                        

နောက်နေ့မနက် xiaozhanတစ်ယောက် ရိုက်ကွင်းတွင် ရှိနေသည်။သူရိုက်ရမှာက အလှကုန်ပစ္စည်း။ဒါပေမယ့် ရိုက်ရမယ့်နေရာက သိပ်အဆင်မပြေ။အလှကုန်က သဘာ၀ထုတ်ကုန်ဆိုတော့ ပတ်၀န်းကျင် စိမ်းစိမ်းလန်းလန်းနဲ့ ရိုက်ရင်
ပိုကောင်းမှာ။အခုဟာက အလုံပိတ်ထဲမှာ ပြင်ဆင်ထားတဲ့အခန်း။
မရတော့ဘူး ရှုတင်မန်နေဂျာနဲ့ ပြောမှရမှာ။
"စစ်ကျွေး ဒီကိုခဏလာဦး"
စစ်ကျွေးရောက်လာပြီး
"ဟုတ်ကဲ့ ဆရာ ပြောလေ"
"ရှုတင်မန်နေဂျာကို သွားခေါလိုက်"
"ဟုတ်ကဲ့"
ရှုတင်မန်နေဂျာရောက်လာတော့
"ဒါရိုက်တာကြီး ကျွန်တော့်ကို ခေါတယ်ဆိုလို့"
"ဟုတ်တယ် ရိုက်ကွင်းနေရာက ဘယ်လိုဖြစ်တာလဲ ငါ outdoorကို လိုချင်တာ"
"အာ အဲ့တာကလေ မိုးရာသီဆိုတော့ အပြင်မှာရိုက်နေရင်း မိုးရွာချရင် မလွယ်ဘူးလေ အဲဒါကြောင့် ကျွန်တော် indoorပဲလုပ်လိုက်တာ"
"မိုးရာသီက ဟုတ်ပါပြီ ဒီနေ့မင်း မိုးလေ၀သ သတင်းရောကြည့်ခဲ့လား"
"မကြည့်ခဲ့ပါဘူး ဒါရိုက်တာကြီး"
"ဒီနေ့ ရှန်ဟိုင်းမှာ နေသာမယ်တဲ့လေ မရဘူး သွား အခုချက်ချင်းပြင်"
"ဒါပေမယ့်‌လဲ ဟို...."
"ဘာမှ မဟိုနဲ့ နောက်နာရီ၀က်အတွင်းပြီးအောင်လုပ်ထား"
"ဟုတ်ကဲ့"

Staff:::"မင်းကလဲ ဒါရိုက်တာကြီး အကြောင်းသိရက်သားနဲ့"
"အေး ဒါပေမယ့်လဲ မိုးရွာရင် ကင်မရာတွေ ရေစိုကုန်ရင်လဲ မလွယ်ဘူးလေ သိမ်းရဆည်းရနဲ့"
"အာ့ကြောင့် မင်းကို ဒါရိုက်တာကြီးက မိုးလေ၀သ သတင်းကြည့်လို့ပြောတာပေါ့"
"အေး နောက်ဆိုရင်အဲ့လို လုပ်ရမယ့်ပုံပေါက်နေပြီ ကဲသွားပြီ
မပြီးရင် ပွစိပွစိပြောနေဦးမယ်"
"ဟား...ဟား..ဟုတ်ပါပြီ"

"ကဲ မင်းသမီး မျက်နှာကို ပြုံးပြုံးလေးနဲ့ပဲ လုပ်မယ်နော်
ဘယ်ဘက်လက်က အဲဒါကို ကိုင် ညာဘက်က ဒါ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး"
"ကဲ ဒါဆို ဆက်ရိုက်ရအောင်
ရယ်ဒီ 1..2..3..ကဒ် action"

"ဟာ။ ကဒ် ကဒ် မငါးသမီးရယ် အဲ့လို မဟုတ်သေးဘူးလေ
အလှကုန်ကို မြင်အောင်ပြရမှာလေ လက်ကိုနဲနဲမြှောက်"

"ကဒ်..ကဒ် မင်းသမီးကလဲ အရမ်းကြီးရယ်မနေနဲ့လေ ပြုံးရုံတင်ပြုံးခိုင်းတာ"

"ဟာ...အသံပိုင်းက လူတွေ သေချာလုပ်လေ"

"မင်းသမီး အသံက နဲနဲချွဲနေတယ် ပုံမှန်အသံနဲ့ပဲပြော"

Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora