Xiaozhanတစ်ယောက် ကျန်းချန်ချိန်းတဲ့ နေရာကို ရောက်တော့
"ကျန်းချန် ရောက်တာကြာပြီလား"
"မကြာသေးပါဘူးကွာ "
"အေး ငါနဲနဲနောက်ကျသွားတယ်"
"ရတယ် ငါမင်းကို ပြောစရာရှိလို့"
"ပြောလေ"
"အင်း ငါ့မှာချစ်သူရှိနေပြီ ပြီးတော့ သူက ယောကျာ်းလေး"
"ဖွီး အဟွတ်...ဟွတ် ဘာ မင်းက"
သူ ရေသောက်နေရင်း ပြောလိုက်တော့ သီးသွားသည်။
"မင်းကလဲ ဖြေးဖြေးသောက်ပါ"
"နေပါဦး ဘယ်အချိန်က ရသွားတာလဲ"
"အဲဒါက မကြာသေးပါဘူးကွာ တစ်လလောက်ရှိသေးတယ်"
"တစ်လတောင် ဘာမကြာတာလဲ ငါ့ကိုတောင် မပြောဘူး"
"အေးကွာ အဲ့တုန်းက ငါလဲ အလုပ်ရှုပ်နေတာနဲ့ မင်းကို မပြောမိဘူး"
"ထားပါ ခုက ဘယ်သူလဲ"
"သူနာမည်က လျှိုဟိုက်ခွမ်းတဲ့ သူက ရဲမှူးလေ"
"အင်း မဆိုးပါဘူး မင်းတို့ဘယ်လိုကြိုက်သွားကြတာလဲ"
"ပြောရရင်တော့ ငါအဲ့နေ့တုန်းက......."
flash back start
ကျမ်းချန်တစ်ယောက် အလုပ်ရှုပ်နေတာ နေ့လည်စာတောင် မစားရသေး။သူ နာရီကြည့်လိုက်တော့ ညနေ 3နာရီတောင် ထိုးနေသည်။ဒါကြောင့် သူလဲ တစ်ခါတည်း ရုံးဆင်းလိုက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို ၀င်လိုက်သည်။
သူ ဆိုင် ထဲရောက်တော့ အစားအသောက်တွေကို မှာပြီး စောင့်နေလိုက်သည်။ခဏကြာတော့ အစားအသောက်တွေ လာချတော့ သူစားနေတုန်း လူတစ်ယောက်က သူ့စားပွဲကို လာထိုင်လေသည်။
သူလဲ မော့မကြည့်ဘဲ စားစရာရှိတာကိုသာ စားနေခဲ့သည်။ထိုလူက
"ဒီမှာ ခင်ဗျ"
သူမော့ကြည့်လိုက်တော့ ခပ်ချောချော အမျိုးသားတစ်ယောက်။
"ဘာဖြစ်လို့လဲ မသိဘူး"
"အကူညီတောင်းစရာလေး ရှိလို့ပါ"
"အော် ပြောပါ"
"ဟိုလေ ဟိုးထောင့်နားက လူကို တွေ့တယ်မလား"
သူကြည့်လိုက်တော့ အဲ့ဒီ့လူက တစ်ယောက်ယောက်ကို စောင့်နေပုံရသည်။
"တွေ့တယ်လေ"
"အဲ့လူက မူးယစ်ဆေးတွေ ရောင်းနေတာလေ အဲ့တာကြောင့် သူ့ကို ကူဖမ်းပေးဖို့ပါ"
"ဗျာ ...ကျွန်တော်က မဖြစ်နိုင်ဘူးထင်တယ်နော် "
"ဖြစ်ပါတယ်ပြီးတော့ ကျွန်တော်က ရဲတစ်ယောက်ပါ ယုံလို့ရပါတယ်"
"ဒါဆို ဘာလို့ကျွန်တော့်ကို လာအကူညီတောင်းရတာလဲ ကျန်တဲ့သူတွေကရော မရဘူးလား"
"မရလို့ပါ ကူညီပါ"
"ပြီးရောဗျာ"
flash back end
"အော် အဲ့လိုကိုး နောက်တော့ မင်းကူပြီးဖမ်းပေးလိုက်ရတယ်ပေါ့"
"အေးပေါ့ တော်သေးတာက အဲ့လူမှာ ဓားတွေဘာတွေ မပါလို့ ငါ့မှာကြောက်လိုက်ရတာ"
"ဖြစ်ရတယ်"
"အေး နောက်တော့ သူနဲ့ရင်းနှီးပြီး"
"ချစ်သူတွေ ဖြစ်သွားတယ်ဆိုပါတော့"
"အေး ဟုတ်တယ်"
"ဒါများ ငါ့ကို မိတ်ဆက်ပေးဖို့တော့ ခေါ်မလာဘူး"
"ငါခေါ်ပါတယ် သူမအားလို့တဲ့လေ"
"အေးပါ ဒါနဲ့ မနက်ဖြန် ကျဲမွေးနေ့လေ အဲဒါမင်းကိုပါ ဖိတ်ခိုင်းလိုက်တယ် မင်းချစ်သူပါခေါ်ခဲ့လေ"
"အေးပါ ငါလာခဲ့မယ် ဒါနဲ့ မင်းရော မရသေးဘူးလား"
"ဘာမရတာလဲ"
"ဟေ့ကောင် ဝေ့လည်ချောင်ပတ်မလုပ်နဲ့ ရည်းစားပြောနေတာ"
ကျန်းချန်ပြောတော့ သူမျက်လုံးထဲမှာ wangyiboကို သွားမြင်သည်။သူလဲ ခေါင်းခါလိုက်ပြီး
*ဟူး ဘယ်လိုဖြစ်လို့ သူ့မျက်နှာကို သွားမြင်ရတာလဲ မသိဘူး*
"Xiaozhan ...."
"ဟေ"
"ဘာတွေ စဉ်းစားနေတာလဲ ငါမေးတာဖြေလေ မင်းစိတ်ထဲမှာ ရှိတဲ့သူ မတွေ့သေးဘူးလားလို့"
"မတွေ့သေးပါဘူးကွာ"
"ငါတော့ မယုံပါဘူး မင်းမျက်နှာက ဘယ်လိုဖြစ်လို့ နီနေတာလဲ"
"မင်းကလဲ ဘယ်မှာနီလို့လဲ နီရင်လဲ ရာသီဥတုကြောင့်ပါ"
ကျန်းချန်တစ်ယောက် ကြောင်သွားသည်။အပြင်မှာ ပူတာက ထားပါတော့ အထဲမှာက အဲကွန်းဖွင့်ထားတာလေ ဘယ်နှယ့်ကြောင့်......
*ဟင်း.. xiaozhan မင်းကိုယ်မင်းမလိမ်စမ်းပါနဲ့ မင်းချစ်တဲ့သူကို ငါသိချင်နေပြီ ဘယ်သူဆိုတာကို*
ဆိုတာတော့ ကျန်းချန်စိတ်ထဲမှာပဲ ပြောလိုက်မိသည်။
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
