Part23

757 45 0
                                        

Xiaozhanအိပ်ရာနိုးလာတော့ wangပိုးကမရှိတော့။ဘယ်ရောက်သွားတာပါလိမ့် နေလဲမကောင်းတာကို။သူအခန်းထဲက ထွက်လိုက်တော့ ဆိုဖာပေါ်မှာ ထိုင်နေပြီး ကော်ဖီသောက်နေသည်။
"Wangပိုး"
"Zhangeနိုးလာပြီလား"
"အင်း နေကောင်းသွားပြီလား"
"ကောင်းသွားပြီ အော်ပြီးတော့ ပိုင်ဖေးဖုန်းဆက်တယ် geပွဲတစ်ပွဲကိုဖျော်ဖြေရမယ်တဲ့"
"အော် အင်း"
"ပြီးတော့ အကလဲပါတယ်"
"ဟမ် geမှမကတတ်တာ"
"ကကြည့်ပါ "
"မဖြစ်ဘူးထင်တယ်နော် wangပိုးရဲ့ geက တစ်ခါမှမကဖူးဘူးလေ"
"ဖြစ်ပါတယ်"
"ဖြစ်တယ်ထားပါတော့ အကကိုဘယ်သူ့ဆီသွားသင်ရမှာလဲ တခြားသူတွေဆီမှာ အခုမှသင်ရမှာဆိုရင် တစ်မျိုးဖြစ်နေမှာ"
"ကျွန်တော်တစ်ယောက်လုံးရှိနေတဲ့ဟာကို သင်ပေးမှာပေါ့လို့ ကိုယ်ဖိရင်ဖိသင်ပေးမှာ"
လို့ပြောပြီး သူ့ကိုနမ်းလိုက်သည်။
"မျက်နှာမသစ်ရသေးဘူးနော်"
"သိတယ် ချစ်ဖို့ကောင်းလိုက်တာ"
"ငါချစ်ဖို့ကောင်းတာ သိတယ်"
ဆိုပြီး အခန်းထဲ ပြန်၀င်သွားသည်။

"Wangပိုး မရတော့ဘူး မောနေပြီလို့"
"Geကလဲ ခဏရှိသေးတယ် ထလုပ်"
"ပြီးရော ဟောဟဲ"
ဒါကတော့ အကလေ့ကျင့်နေတာ ဖြစ်သည်။wangyiboက အစကတည်းက ကလာတာဆိုတော့ သူ့အတွက်က ဘာမှမဖြစ်။xiaozhanကတော့ ခုမှ စကတာဆိုတော့ သူ့မှာ မောနေသည်။ပြီးတော့ ခြေထောက်တွေလဲ နာနေပြီ။
"ခဏနားမယ်နော် zhange"
"အင်း အင်း"
ဆိုပြီး ကိုယ်ကို လှဲချလိုက်သည်။
"ဒီလောက်ပင်ပန်းတာကို ကနိုင်တယ်နော်"
"အကျင့်ပဲလေ ကနေကျဆိုရင် ဘာမှမဖြစ်တော့ဘူး"
"အင်း ဟုတ်မှာပေါ့ မင်းလဲ စကတုန်းက ဒီလိုပဲမလား"
"အွန်းပေါ့ ဒီထက်တောင်ပင်ပန်းတာ ကရင်းနဲ့ ဒဏ်ရာတွေတောင် ရတယ်"
"ဟင် ဟုတ်လား"
"အင်း ဒါပေမယ့် နောက်တော့ မဖြစ်တော့ပါဘူး"
"မဖြစ်အောင်နေနော် စိတ်ပူတယ် မင်းစကိတ်စီးတာ ဆိုင်ကယ်စီးတာတို့ ဆိုရင် ငါ့မှာ ရင်တမမနဲ့"
"စိတ်ချပါ geရဲ့"
ထိုအချိန်မှာ
"ကျန့်ကျန့်ရေ"
"ဟာ ကျဲလာလေ"
"အင်း ဘယ်လိုလဲ လေ့ကျင့်တာ"
"အဆင်ပြေပါတယ်"
"အင်းပါ ပြီးတာပဲ ဒီမှာ စားစရာတွေ ၀ယ်လာတယ်"
"အများကြီးပဲ"
"အင်း စား"
"Zhange အရမ်းမစားနဲ့နော် ကရဦးမှာ"
"အင်းပါ wangပိုးရဲ့ နဲနဲချင်းစီပဲ စားမှာ"
"ကျန့်ကျန့်တို့များ မပြောချင်ဘူးနော် စကားနားထောင်တာများ တသွေမတိမ်းဘဲ"
"ကျဲကလဲ ချစ်တာကိုလို့ ဟီး"
"အေးပါ အေးပါ မပြောချင်ဘူး ဒါနဲ့ yibo"
"ဟုတ် ကျဲပြောလေ"
"မင်း ကျန့်ကျန့်ကို သိပ်ပြီးအလိုမလိုက်နဲ့နော် သိလား သူကအလိုလိုက်ရင် ပိုဆိုးတယ်"
"ကျဲနော် ဘာတွေလျှောက်ပြောနေတာလဲ"
"ငါ ထိုင်ပြောနေတာလေ ဟုတ်တယ်မလား yibo"
"ဗျာ ဟုတ် ဟုတ်တယ်လေ"
"Wangပိုးးးးးးးးး"
"အာ zhangeကလဲ ကျဲပြောတာကလဲ မှန်တယ်လေ"
"မင်းနော် ငါ့ဘက်ကလိုက်ပြောမယ်မရှိဘူး"
"ဟား..ဟား..ကောင်းလိုက်တာ ခုမှ ကျန့်ကျန့်ကို နိုင်မယ့်သူတွေ့တော့တယ်"
"ကျဲနော် မပြောချင်တော့ဘူး ဟွန့်"
"မပြောလဲ နေပေါ့ yibo‌တဘက်ခါ ရှန်ဟိုင်းကို သွားရမယ်နော်"
"ဟုတ်ကဲ့ သိပါတယ်"
"အင်းပါ သွားတော့မယ် မနှောင့်ယှက်တော့ဘူး ကလေးဆိုးကြီးကို ချော့လိုက်ဦး"
"ကျဲ......"
"အမလေး geအသံက အောင်တယ်နော်"
"မင်းနော် ဘာကိစ္စငါ့ကို ခရီးသွားရမယ့်အကြောင်းမပြောတာလဲ"
"ပြောမလို့ပါပဲ ကျဲကရောက်လာတာကို"
"ဘယ်လောက်ကြာမှာလဲ"
"တစ်ပတ်လောက်ပါ"
"တစ်ပတ်ကြီးတောင် လွမ်းရမှာပေါ့လို့"
"အင်း ဟုတ်တယ်နော်"
"ဒါဆို ငါကတာကို မင်းမကြည့်ရတော့ဘူးပေါ့"
"အဲ့လိုဖြစ်သွားတယ်"
"အင်း ငါမင်းကို ကြည့်စေချင်တာ"
"ရပါတယ် phကနေ ကြည့်မယ်လေ"
"အွန်း"
"ဘာလို့မျက်နှာကမကောင်းနေရတာလဲ"
"ငါမှ မင်းနဲ့မခွဲနိုင်တာလို့"
"ဖြစ်ရမယ် တစ်ပတ်ပဲဟာ"
"မင်းက ငါ့ကိုခွဲနိုင်တယ်ပေါ့"
"အဲ့လိုပြောတာမဟုတ်ဘူးလေ ကျွန်တော်သွားလဲ geကို ဖုန်းဆက်မှာပေါ့လို့ ကျွန်တော်လဲ မခွဲနိုင်ပါဘူး"
"ပြီးတာပဲ"
"ကဲ လေ့ကျင့်ရအောင်လေနော်"
"အင်း"

Director Xiao and Actor wang(Complete)Where stories live. Discover now