Part9(Unicode)

1.5K 111 2
                                        

အခု Wang yiboရောက်နေတာက အကလေ့ကျင့်တဲ့အခန်းထဲမှာ။ချွေးတွေ ရွှဲနေအောင် သူလေ့ကျင့်နေမိသည်။ထိုအချိန် တံခါးပွင့်သွားပြီး
"yibo"
"ဟင် အကို ချင်းဖန် လာလေ ဘာဖြစ်လို့လဲ"
"အော် မင်းကို ceoက လာဦးဆိုလို့ လာပြောတာ"
"အင်း ရေချိုးလိုက်ဦးမယ် ခဏစောင့်"
"ဟုတ်ပြီ"
သူရေချိုးပြီးတော့ ceoဆီထွက်လာခဲ့တယ်။
'ဒေါက် ဒေါက်'
"၀င်လာခဲ့ပါ"
"ceo ကျွန်တော့်ကို ခေါတယ်ဆိုလို့"
"အင်း ဟုတ်တယ် မင်းဇာတ်ကားတစ်ကားရိုက်ရမယ် ဒီမှာ
ဇာတ်ညွှန်းစာအုပ်"
yiboလှမ်းယူလိုက်ပြီး
"ဘယ်တော့စရိုက်ရမှာလဲ"
"အဲဒါက ကျန့်ကျန့်ကို မေးရဦးမယ် သိတယ်မလား ဒါရိုက်တာxiaoကို"
"ဟင့်အင် မသိဘူး ကျွန်တော်က ခုမှဒီကိုရောက်တာဆိုတော့
ဒီကသတင်းတွေနဲ့ အလှမ်းဝေးနေတာ"
"အင်း ဟုတ်မှာပါ ခုဒီဇာတ်ကားကို သူရိုက်မှာလေ ပြီးတော့ သူက အမမောင်၀မ်းကွဲ"
"အာ ဟုတ်ကဲ့"
"မနက်ဖြန် ဇာတ်ညွှန်းဖတ်ပွဲ ဒီမှာရှိတယ် မနက်9နာရီမှာ"
"ဟုတ်ကဲ့ ကျွန်တော် လာခဲ့ပါ့မယ်"
"အင်း"

Wang yibo တိုက်ခန်းကို ပြန်ရောက်တော့ ဇာ်ညွှန်းစာအုပ်ကို ဖတ်ကြည့်လိုက်တော့ အမျိုးအစားက romanceအမျိုးအစားပင်။
ဘာပဲဖြစ်ဖြစ် သူတက်နိုင်သလောက်တော့ ကြိုးစားရမှာပဲ။
သူအိပ်ယာပေါ လှဲလိုက်ရင်း လူတစ်ယောက်ကို သွားပြီး သတိရသွားသည်။သူ့ကို ဟန်မြစ်ကမ်းမှာ တွေ့တာ။အဲဒီ့နေ့က သူ
ပွဲပြီးတော့ စိတ်ပင်ပန်းတာနဲ့ပဲ ဟန်မြစ်ကို ထွက်လာခဲ့တာ။
ညဉ့်နက်နေတော့ သူ့ကို ဘယ်သူမှ သတိမထားမိတာနဲ့ maskကို ချွတ်
ထားလိုက်တယ်။ဟန်မြစ်ရဲ့ အလှကို ကြည့်နေတုန်း သူ့ကို တစ်ယောက်ယောက်က ကြည့်နေတယ်ထင်လို့ ဘေးပတ်၀န်းကျင်ကို
ကြည့်လိုက်တော့ လူတစ်ယောက်က သူ့ကို ကြည့်နေသည်။အစကနော့ သူ့ကိုများ မှတ်မိလို့လားလို့ ထင်တာ။နောက်တော့မှ ထိုလူက မသိလောက်ဖူးလို့ သိသွားနယ်။သိရင် ထိုလူက အဲဒီ့နေရာမှာတင် ရပ်နေမှာ မဟုတ်ဘူးလေ။သူ့ဆီကို ပြေးလာမှာ။ထိုလူနဲ့သူအကြည့်ချင်းဆုံ သွားတော့ တစ်မျိုးချည်းပဲ။ပြောရရင် ထိုလူ့မျက်နှာက မဟုတ်ဘူး မျက်လုံးက ‌တော်တော်ဆွဲဆောင်မှုရှိတယ်။
ဒါတောင် အဝေးကမလို့ပေါ့။အနီးကပ်သာဆိုရင်တော့..။
အကြည့်ချင်းဆုံနေတုန်း သူ့ရင်ဘက်က နှလုံးခုန်သံက တဒုတ်ဒုတ်နဲ့။
သူစဉ်းစားရင်း အိပ်ပျော်သွားသည်။
နောက်နေ့မနက် xiaozhanတစ်ယောက် ကျဲတို့ဆီ အစောကြီးရောက်နေသည်။
"ဟင် ကျန့်ကျန့် စောလှချည်လား"
"အာ ဟုတ်တယ် ကျဲ"
"အင်းပါ yiboကို ကျဲက 9နာရီလို့ပြောထားနာ အခုမှ 8နာရီပဲရှိသေးတာ"
"ရတယ် ကျဲ ကျွန်တော်တမင်စောလာတာ"
"အင်း ဒါနဲ့ မင်း မင်းသမီးရွေးပြီးပြီလား"
"အင်း ရွေးပြီးပြီ"
"ဘယ်သူလဲ"
"ရှင်းရှင်းကိုလေ"
"အော် မဆိုးပါဘူး "
ခဏကြာတော့ xiaozhanအပြင်ခဏသွားချင်တာနဲ့
"ကျဲ ကျွန်တော် အပြင်ခဏ သွားလိုက်ဦးမယ်"
"အင်း သွားလေ"
xiaozhan သန့်စင်ခန်းထဲရောက်တော့
*ဟူး ငါဘာဖြစ်လို့စိတ်လှုပ်ရှားနေတာလဲ မသိဘူး ခါတိုင်းလဲ ဒီလိုလုပ်နေကြပဲဟာကို ဒါမှမဟုတ် Wang yiboကို ထပ်တွေ့ရမှာမလို့လား အာ ငါဘာ‌တွေစဉ်းစားနေမိတာလဲ ဟုတ်တယ်
အဲဒီ့တုန်းက ငါကနဲနဲ စိတ်လှုပ်ရှားသွားရုံတင်ပဲ*
Xiaozhanအဲဒီ့တုန်းက အချိန်ကို ပြန်စဉ်းစားမိသည်။
yibo သူ့ကိုအင်္ကျီရင်ဘက်ပေါမှာ လက်မှတ်ထိုးပေးတုန်းကပေါ့။
အဲ့အချိန်တုန်းက သူတော်တော်ကို စိတ်လှုပ်ရှားနေခဲ့တာ။
ထိုအချိန် လူတစ်ယောက် အထဲ၀င်လာသည်။xiaozhanကတော့ သူ့အတွေးနဲ့သူ မသိပေ။xiaozhanတစ်ယောက်‌တွေးနေတုန်း သူ့ဖုန်းကလာနေသည်။
"ဟဲလို အင်းကျန်းချန်ပြော"
"........."
"အင်းပါ ငါသိပါတယ် ဒါပဲလေ"
သူဖုန်းပြောရင်းတစ်ဖက်ကလူကို မမြင်တာကြောင့် သူ၀င်တိုက်လိုက်မိသည်။အမှန်တော့ သူ တံခါးထောင့်နဲ့ကွယ်နေတာကြောင့် မမြင်လိုက်တာ။
"အာ sorryနော်"
သူပြောပြီး မော့ကြည့်လိုက်တော့ wangyibo ဖြစ်နေသည်။
"ခင်ဗျား ဘယ်လိုသွားနေတာလဲ လူကိုတောင် မမြင်ဘူးလား"
Xiaozhanတစ်ယောက် ငုတ်တုတ်မေ့နေပြန်သည်။အံ့ဩပြီးတော့ပေါ့။
"ဒီမှာ ခင်ဗျား မကြားဘူးလား"
"ဟင် အာ ‌မမြင်လိုက်လို့ပါ"
"မမြင်ရအောင် ဘာတွေများလုပ်နေလို့လဲ"
"တကယ်မမြင်လို့ပေါ့ မြင်ရင်၀င်တောင်ငါတိုက်မှာမဟုတ်ဘူး"
"ဟေ့ စကားကို ကပ်မပြောနဲ့နော်"
"ဟာ မင်းနဲ့ ငါ ကပ်ပြောနေတာမှ မဟုတ်တာ ဒီမှာလေ ခွာပြီး ‌
ပြောနေတာ"
"မင်း..."
"ဟေ့ ငါက မင်းထက်ကြီးရင်ကြီးမှာနော် စကားကိုဆင်ခြင်ပြော"
"ဘာကြီးတာလဲ"
"အသက်ဟေ့ အသက် မင်းကဘာထင်နေတာလဲ လူလေးက လက်တောက်လောက်နဲ့ အတွေးတွေက မှောင်မိုက်နေတာ"
"အော် ငါကလဲ အသက်ကို ပြောမလို့ပါ ယုန်အိုကြီးရဲ့"
"ဘာ ငါ့ကိုများ ယုန်အိုကြီးတဲ့ မင်းကရော ဟမ်"
"ငါက ဘာဖြစ်တုန်း"
"မင်းကလဲ တရုတ်သရဲကျနေတာပဲ အသားကို ဖြူဖတ်နေတာပဲ"
"ဒီမှာ ကိုယ်တွေရဲ့ အသားအရေက နဂိုအတိုင်း ဖြူနေတာ ပေါက်လား ယုန်အိုကြီးရဲ့"
"တရုတ်သရဲ"
"တော်ပြီ ခင်ဗျားနဲ့ ‌မပြောတော့ဘူး နောက်ကျနေပြီ"
Xiaozhanတော်တော်ဒေါသထွက်‌နေသည်။ဘာတဲ့ ယုန်အိုကြီးတဲ့။ဒါနဲ့ Wang yiboက သူ့ကို ဒါရိုက်တာxiaozhan
မှန်းမသိလောက်ဘူး။ဟွန့် တွေ့ကြသေးတာပေါ့ wangyiboရာ"
Xiaozhanကြုံးဝါးပြီး ပြန်ထွက်သွားသည်။
wangyibo သူ့ကို9နာရီ ချိန်းထားပေမယ့် စောစောရောက်အောင် သွားသည်။မရောက်ခင် သူသန့်စင်ခန်းထဲ ၀င်လိုက်တော့ သူ့ကို လူတစ်ယောက်က လာတိုက်သည်။အမှန်ဆိုရင် သူငြိမ်ခံနေမှာပေမယ့် ထိုလူက အတန်ကြာသည်အထိ စကားပြန်မရတော့ စိတ်ကတိုလာသည်။လူကိုကြည့်တော့ သွားက ယုန်သွားလိုပဲ။အရပ်ကလဲ ကလန့်ကလားနဲ့။ဒါနဲ့သူ သည်းမခံတော့ပဲ ပြန်ပြောလိုက်မိတော့သည်။
"ceo"
"ဟာ yiboရောက်လာပြီလ လာလေ"
Wangyiboရောက်တော့ ထိုင်လိုက်ပြီး ကြည့်လိုက်တော့ ဒါရိုက်တာက ရောက်သေးပုံမရ။ခဏကြာတော့ သူ့ရှေ့ကို လူတစ်ယောက်၀င်ထိုင်လိုက်သည်။သူကြည့်လိုက်တော့
"ဟင် ယုန်အိုကြီး"
Xiaozhanသူ့ကို ယုန်အိုကြီးလို့ ခေါလိုက်တာကို မျက်ခုံးတစ်ဖက်ပင့်ပြီးတော့သာ ကြည့်လိုက်သည်။
Wang yiboလန့်သွားသည်။သူခုနကတွေ့ခဲ့တဲ့ ယုန်အိုကြီးက
ဒါရိုက်တာတဲ့လား။
"ဟင် ဘာကို ယုန်အိုကြီးလဲ yiboရဲ့"
ceoကမေးတော့
"အာ ဘာမှမဟုတ်ပါဘူး"
Xiaozhanရယ်လိုက်မိသည်။
"ဟီး.."
"ဟင် ကျန့်ကျန့် ဘာရယ်တာလဲ"
"ဘာမှ မဟုတ်ပါဘူး ကျဲရယ်"
ထိုစဉ် မင်းသမီး ရှင်းရှင်းရောက်လာသည်။
"ဟာ လူတွေတောင်တော်တော်စုံနေပြီ ကျွန်မနောက်ကျသွားလို့ sorryနော်"
"ကဲ လူစုံပြီဆိုတော့ စကြတာပေါ့"
ဆိုပြီး တစ်ယောက်တစ်လှည့် ဇာတ်ညွှန်းဖတ်တော့သည်။
Wangyiboအလှည့်ရောက်တော့
"ဒီမှာ မင်းဒါဘာလုပ်တာလဲ"။ (ဇာတ်ညွှန်းစကား)
"ခဏလေး wangyiboမင်းနဲနဲလေး ပိုပြီး ဒေါသလေးထွက်ပြဦး
ကြားလား"
"ဒီမှာ မင်းဒါဘာလုပ်တာလဲ"
"ဟိုးထား မင်းကလဲ အစောတုန်းကလိုလေ မမှတ်မိဘူးလား"
ဆိုပြီး ရယ်သံနှောနှောနဲ့ ပြောလိုက်သည်။
"ခင်.."
Wangyibo ခင်ဗျားလို့ပြောမိတော့မလို့ တော်သေးသည်။
ဒါသူ သတ်သတ်ညစ်နေတာ။ဟွန့် တွေ့ကြသေးတာပေါ့လို့ စိတ်ထဲကနေပြောပြီး
"အာ ကျွန်တော်က သိပ်မပြောတတ်တော့ ဒါရိုက်တာကြီးက ရှေ့ကနေ ပြောပေးလေ ဒါဆို ကျွန်တော်ပြောတတ်မှာ ဟုတ်တယ်မလားceo"
ဆိုပြီး Xiao zhanကို It'meဆိုတဲ့ အပြုံးနဲ့ကြည့်ပြီး ပြောလိုက်သည်။
"ဟမ် ဟင် ဟုတ်တာပေါ့ အဟင်း ကျန့်ကျန့် ရှေ့ကနေ ပြောလိုက်လေ"
အမှန်တော့ ceoနဲ့ ရှင်းရှင်းကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ဆွံ့အနေတာ။ဟုတ်သည်လေ
Xiaozhan ဆိုတာ အဲ့လို ကတ်သတ်တဲ့သူမှမဟုတ်တာ။
Wang yiboဆိုလဲ cool guyလေ ခပ်ချေချေဟာကို။အခု‌ေတာ့ ကလေးတွေလို ရန်လုဖြစ်နေတာ။သူတို့နှစ်ယောက် အချိုးတွေပြောင်းနေသလားလို့။





Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora