Xiaozhanနိုးလာတော့ သူက wangပိုး ရင်ခွင်ထဲမှာ ရောက်နေသည်။သူလဲ မထသေးဘဲ wangပိုးမျက်နှာကို ကြည့်နေလိုက်သည်။ပြီးတော့ နှာခေါင်းလေးကိုလဲ အသဲယားပြီး ညှစ်လိုက်တော့ အင်း အဲ လုပ်ပြီး ပြန်အိပ်သွားသည်။ဒါနဲ့ သူလဲ ပါးဖောင်းဖောင်းလေးတွေကို ဖျစ်ကြည့်သည်။
"Zhange အိပ်နေတာကိုနော်"
"ဟင် နိုးနေတာလား"
"ကြာပေါ့လို့ zhangeက ကျွန်တော့်မျက်နှာကို လျှောက်ကိုင်နေတာကို"
"ချစ်ဖို့ကောင်းလို့လေ နှာခေါင်းလေးရော ပါးလေးရော နှုတ်ခမ်းလေးရော အကုန်ချစ်ဖို့ကောင်းနေတာကို"
"Zhange ကျွန်တော် စိတ်မထိန်းနိုင်ဘဲ နေလိမ့်မယ်နော်"
"ဘယ်သူက ထိန်းခိုင်းလို့လဲ ဘလာ ဘလာ"
"ကဲ ဒါဆို မထိန်းတော့ဘူး"
"ဘာလုပ် အွန်း"
Wangyiboအစက သူ့စိတ်ကို ထိန်းနေပေမယ့် zhangeက သူ့စိတ်ကို မထိန်းနိုင်အောင် လာလုပ်နေသည်။ဒါနဲ့ သူလဲ နမ်းလိုက်သည်။အတန်ကြာအောင် နမ်းနေတော့ xiaozhanလဲ အသက်ရှုကျပ်လာသည်။
"အွန်း လွှတ်ဦးလေ"
လို့ပြောပြီး wangပိုးလက်ကိုရိုက်လိုက်သည်။
ထိုအခါမှ wangyiboလဲ လွှတ်ပေးလိုက်ပြီး
"မင်းကလေ အရမ်းပဲ မောလိုက်တာ"
"ပြောသားပဲ စိတ်ထိန်းနေရပါတယ်လို့ zhangeပဲ မထိန်းနဲ့ဆို"
"မထိန်းနဲ့ဆိုတိုင်း အရမ်းနမ်းရလား တော်ကြာ ချစ်သူနဲ့နမ်းရင်း အသက်ရှုကျပ်သေသွားတဲ့သူဆိုပြီး သတင်းမှာပါနေဦးမယ်"
"Zhangeကလဲ မသေပါဘူး zhangeသေရင် ကျွန်တော်ပါ လိုက်သေမှာ"
"မင်းနော် ပါးစပ်ပုပ်ကြီးနဲ့ မနက်စောစောစီးစီးကို"
"Zhangeပဲ စပြောတာလေ"
"တော်ပြီ မျက်နှာသစ်ရအောင်လာ"
"ဟုတ်"
သူတို့မျက်နှာသစ်ပြီး ဧည့်ခန်းထဲလာတော့ ချင်းဖန်က ရောက်နေသည်။
"ချင်းဖန် ဘယ်တုန်းကရောက်လာလဲ"
"အခုလေးတင်ပဲ xiaozhanရေ မနက်စာလာပို့တာ"
"အော် အေးပါ"
"ဒါနဲ့ မင်းတို့ သတင်းတွေတက်လာတယ်နော်"
"ဘာသတင်းလဲ အကိုချင်းဖန်"
"မင်းမသိဘူးလား yibo"
"ဘာလဲ ချင်းဖန်"
"Xiaozhanရော မသိဘူးလား"
"အင်း"
"ဖြစ်ရတယ် မနေ့က xiaozhanတင်လိုက်တဲ့ ဓာတ်ပုံကြောင့်လေ"
"အာ ဟုတ်လား မသိဘူး ဘာကနာမည်ကြီးသွားတာလဲ စားစရာတင်တာကို"
"Zhangeက ဘာတင်လိုက်လို့လဲ"
"မနေ့က ငါတို့စားတဲ့ ဟာတွေလေ"
"အင်း မသိဘူးမလား မင်းတင်တဲ့ဓာတ်ပုံမှာ yiboလက်ကောက်ပါသွားတယ်လေ"
"ဟင် ဟုတ်လား မသိလိုက်ဘူး"
"နေဦး ကျွန်တော်ကြည့်လိုက်ဦးမယ်"
ဆိုပြီး Wang yiboကဖုန်းကို ဖွင့်ကြည့်လိုက်သည်။
"ဟုတ်တယ် zhange ဒီမှာကြည့်"
Xiaozhanကြည့်လိုက်တော့ အမှန်ပင်။
"အဲ ဟုတ်တယ်"
"မင်းတို့ပရိသတ်တွေကတော့ ပွက်လောရိုက်နေကြပြီ"
"ထင်ပါတယ် ဟား..ဟား"
"ရယ်မနေနဲ့ သိလား yibo ဟို xiaozhanရောပဲ ဘာမှန်းမသိဘူး စွတ်တင်နေတော့တာပဲ"
"သိသွားတော့လဲ ကောင်းတာပဲ မဟုတ်ဘူးလား zhange"
"ဟုတ်သားပဲ ချင်းဖန်ရယ်"
"မင်းတို့နှစ်ယောက်ကို ငါတော့ပြောမနိုင်ဘူးဟေ့ သွားပြီ သိလား"
"သွားတော့ တာ့တာ့"
လို့ Wang yiboကပြောလိုက်သည်။
"ဟီး ..."
"ဘာရယ်တာလဲ wangပိုးရဲ့"
"Zhangeကလဲ ရယ်ချင်လို့ပါ ဒီလောက်သေးတဲ့ လက်ကောက်ကို မြင်တာကို အံ့ဩလို့ပါ"
"သူတို့တွေက မှန်ဘီလူးလို မျက်လုံးတွေနဲ့လေ တစ်ခုခုဆိုသူတို့က မြင်ပြီးသား"
"ဟုတ်တယ်နော် zhange"
"ဟင် ပြောလေ"
"ခု ကျွန်တော် update လိုက်မယ်လေ"
"ဘာလဲ"
"ဒီလိုလေ ကျွန်တော်က ခုမနက်စာကို တင်လိုက်မယ်"
"တင်ပေါ့"
"အင်း"
ဆိုပြီး သူတင်လိုက်သည်။
ခဏကြာတော့
"ဟယ် wangyibo updateတယ် ကြည့်"
"မနက်စာပဲဟ"
"အင်း ဟုတ်တယ်နော်"
"အဲ ဒီလက်က"
"ဘယ်လက်လဲ"
"ဒီမှာကြည့်လေ စားပွဲမှန်က ကင်မရာကို လာဟပ်တော့ ပေါ်နေတာ လက် မလား"
"ဟုတ်တယ် ဒါ Wang yiboလက်လဲ မဟုတ်ပါဘူး"
"မဟုတ်မှ xiaozhanလက်လား"
"ဟုတ်လောက်တယ်"
"အမလေး မနက်စောစောစီးစီး လာရှို့နေတယ်"
"ဟုတ်ပ နေ့လဲ ရှို့ ညလဲ ရှို့နဲ့ ပြာတွေကျနေပြီ"
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
