"သား နားဦးလေ"
Xiaoမားတစ်ယောက် သူ့သားကို မနဲပြောနေရသည်။
Wang yiboရှိတဲ့ အခန်းရှေ့မှာပဲ နေ,နေသည်။သူတို့စောင့်မယ်ဆိုတာလဲ မရ။ခေါင်းမာလွန်းသည်။
"မနားချင်ဘူး မားရယ်၊"
"အင်းပါ လာ ထမင်းစားဦး ချင်းဖန် စောင့်လိမ့်မယ်"
"ဟုတ်တယ် xiaozhanငါစောင့်မယ် မင်းသွားစားလေ"
"အင်း"
"သားလေး ထည့်စားလေ "
"......"
"သားစားမှ သားငယ်လေးနားမှာနေဖို့ အားရှိမှာပေါ့"
"......."
Xiaozhan သူစားသာစားနေတာ မစားချင်။ထမင်းကို တူနဲ့သာ ဆွနေမိသည်။
ခဏကြာတော့ ဆရာ၀န်တွေ wangပိုးအခန်းကို အလောတကြီး ၀င်သွားတာတွေ့လိုက်ရသည်။သူလဲ နောက်ကနေ အပြေးသွားကြည့်တော့ ချင်းဖန်က
"Yibo နှလုံးခုန်ရပ်သွားလို့ xiaozhan"
"ဘယ်လို"
သူတို့လဲ ဆက်စောင့်ကြည့်နေလိုက်သည်။xiaozhanစိတ်ထဲမှာ ပူလောင်နေသည်။wangပိုး ဘာမှမဖြစ်ပါစေနဲ့။ခဏကြာတော့ ဆရာ၀န်ထွက်လာသည်။
"ဆရာ Wang yiboအခြေအနေ"
"စိတ်မကောင်းပါဘူး ကိုမာ၀င်သွားတယ်"
"ဗျာ"
"ဟင်"
Xiaozhanတစ်ယောက် ' ဗျာ 'လို့သာ ပြောလိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။ချင်းဖန်က
"သူပြန်ကောင်းလာနိုင်လား"
"မသေချာဘူး သူ့ကံတရားပေါ့"
လို့ပြောပြီး ထွက်သွားသည်။
"Xiaozhan"
"ချင်းဖန်Wangပိုးက...."
"သူက သန်မာပါတယ် မင်းလဲ သိတာပဲဟာ မင်းကိုချစ်တဲ့စိတ်နဲ့ပဲ သူနိုးလာမှာ"
Xiaozhanအမြဲတမ်း wangပိုးနားမှာပဲ နေဖြစ်သည်။ခုတော့ wangပိုးကို နဲနဲစိတ်ချရလို့ vipအခန်းထဲမှာထားတော့ သူလဲ အဲ့အခန်းမှာပဲ နေဖြစ်သည်။ခုလဲ wangပိုးကို သူသန့်ရှင်းရေးလုပ်ပေးနေမိသည်။ထိုအချိန်မှာ ကျန်းချန်နဲ့ ဟိုက်ခွမ်းတို့ရောက်လာသည်။
"Xiaozhan"
"အင်း"
"အမှု့အတွက် တရားစီရင်မှာမင်းလိုက်လာချင်လား"
"မလိုက်ချင်ဘူး မင်းပဲ ကြည့်လုပ်လိုက်တော့"
"အေးပါ ကျန်းချန် ဒါဆို ကိုယ်သွားတော့မယ်"
"အင်း အင်း"
ဟိုက်ခွမ်းထွက်သွားတော့ ကျန်းချန်လဲ xiaozhanနား သွားထိုင်ပြီး
"Wangyibo ခုလိုဖြစ်တာကို မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့"
"........."
"ဒါက မင်းအပြစ်မဟုတ်ပါဘူး"
"ငါ့အပြစ်ပဲလေ ငါသာ သူ့ကို ဒီထက်ဂရုစိုက်ပေးခဲ့ရင်
သူဒီလိုတွေဖြစ်မှာမဟုတ်ဘူး"
"ငါတို့ပြောပါတယ် မင်းကို အသိပေးလိုက်ဆိုတော့ မင်းစိတ်ဆင်းရဲလိမ့်မယ်တဲ့လေ"
"ငါကရော သူ့ကို မထိခိုက်စေချင်ဘူးလေ"
"အင်းပါ မင်းWang yiboကို ယုံတယ်မလား သူသေချာပေါက်နိုးလာမှာ"
"ငါသူ့ကို အမြဲတမ်းယုံပြီးသား ငါမယုံတာက.."
"ဘာလဲ"
"ကံတရားကို"
"ဟူး...ကံတရားက ရက်စက်တယ်နော်"
"......."
"မင်းအနုပညာလောက,ကနေထွက်တယ်ဆိုတော့"
"ငါစီးပွားရေးပဲလုပ်တော့မယ် မားလဲ အသက်ကြီးပြီဆိုတော့"
"အေးပါ ငါလဲ ကူပါ့မယ်"
"အင်း"
"ငါသွားတော့မယ်"
"အေးပါ"
နောက်နေ့မနက်မှာ ချင်းဖန်တစ်ယောက် လက်ဆောင်တွေအများကြီးကို သယ်ပြီး အခန်းထဲရောက်လာသည်။
"ချင်းဖန် ပန်းစည်းတွေအများကြီးပဲ"
"ဟုတ်တယ် fanတွေပေးလိုက်တာ"
"အော်"
ချင်းဖန်လဲ နေရာချပြီးတာနဲ့ xiaozhanနားကို သွားပြီး
"Xiaozhan"
"ပြောလေ ချင်းဖန်"
"မင်းကို တွေ့ချင်လို့တဲ့"
"ဘယ်သူကလဲ"
"ညီမပါ GeGe"
"မင်းဘာလို့ ရောက်လာတာလဲ"
ချင်းဖန်လဲ xiaozhanနားကပ်ပြီး တိုးတိုးလေးပြောလိုက်ပြီး အပြင်ပြန်ထွက်သွားသည်။သူေပြာတာက စိတ်ကိုအေးအေးထားလို့ ပြောလိုက်တာဖြစ်သည်။အခန်းထဲမှာ Wang yibo, xiaozhanနဲ့ ထိုကောင်မလေးသာရှိတော့သည်။
"ညီမ တောင်းပန်ချင်လို့ပါ"
"......."
"တောင်းပန်ပါတယ် GeGe"
"Geကို တောင်းပန်ရမှာမဟုတ်ဘူး wangပိုးကို မင်းတောင်းပန်ရမှာ"
"ဟုတ်ကဲ့ပါ ညီမမှားပါတယ် gege ကို ချစ်တဲ့စိတ်နဲ့မှားသွားတာ"
"ခုချိန်မှာတော့ မင်းကို ခွင့်လွှတ်တယ်လို့ မပြောနိုင်သေးဘူး မင်းနေရာမှာ တခြားသူတစ်ေယာက်ဆိုလဲ geဒီလိုပဲ လုပ်မှာ ပြီးတော့ geကို အားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါပေမယ့် wangပိုးကို လုပ်တဲ့အတွက်တော့ "
"ရပါတယ် gege wang geနိုးလာရင်လဲ ညီမထပ်ပြီးတောင်းပန်မှာပါ"
"အင်း ပြီးတော့ geလဲ မင်းကိုတောင်းပန်တယ် အဲ့တုန်းက"
"မဟုတ်တာ geဒေါသထွက်သင့်ပါတယ် ညီမနားလည်ပါတယ် "
"အင်း"
"ဟိုလေ"
"အင်း"
"GeGe နဲ့Wang geတို့က ဘယ်အချိန်ကတည်းက ချစ်သူတွေဖြစ်နေတာလဲ ဟင်"
"ဘာလို့လဲ"
"သိချင်လို့ပါ ဟီး"
"နှစ်လကျော်ပြီ"
"ဟင် အော် ဟုတ်ကဲ့ ခွင့်ပြုပါဦး"
"အင်း"
ထိုကောင်မလေး အပြင်ထွက်လာတော့ ကျန်တဲ့သူတွေက
"ဟဲ့ မေးခဲ့လား ဘယ်လိုလဲ"
"Wang geရော ဘယ်လိုလဲ"
"ခနလေး နေကြပါဦး "
"ဘာလို့လဲ"
"ငါသွေးတက်နေလို့ပါ"
"ဟမ်"(all)
"ချစ်သူဖြစ်တာနှစ်လကျော်ပြီတဲ့လေ ပြီးတော့ Wang geကို ကြည့်နေလိုက်တာများ နူးညံ့နေတာပဲ အမလေး သွေးကျဆေးလေး ပေးပါဦး"
"တကယ်ကြီး"
"ဝါး ငါပြောတယ်မလား သူတို့နှစ်ယောက်က ဇာတ်ကားမရိုက်ခင်ကတည်းကပါဆို"
"ငါ့အသဲတွေကွဲပါပြီ"
"ရေးးးးအခုချိန်ကစပြီး ငါ captainလုပ်မယ် ဟား ဟား ပျော်လိုက်တာ"
"ဒါပေမယ့် Wang geက ခုထိသတိမရသေးဘူးလေ"
"ငါတို့ဆုတောင်းပေးမှာပေါ့ မြန်မြန်သတိရလာအောင်"
"အေး ဟုတ်တယ် ဒီနေ့ကစကြတာပေါ့"
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
