Part26

771 37 0
                                        

ထိုကောင်မလေးထွက်သွားတော့ xiaozhan wangပိုးကိုကြည့်မိတော့ ငိုင်နေသည်။သူလဲ
"မင်း ဘယ်တုန်းကဒီရောက်တာလဲ"
"ဟင် အာ ဒီနေ့ပဲလေ"
"ဟိုမှာကြာဦးမယ်လို့ မင်းပြောတာလေ"
"အင်း zhangeနဲ့ မခွဲနိုင်လို့လေ"
"ငါစိတ်ဆိုး‌မပြေသေးဘူးနော်"
"ဘာကို အာ zhangeကလဲစိတ်မဆိုးပါနဲ့နော်"
"ဆိုးမှာပဲ မရဘူး ပိုင်ဖေး ပြီးပြီမလား သွားမယ်"
ဆိုပြီး ထွက်သွားသည်။
Wangyiboလဲ နောက်ကနေလိုက်လာတော့ ချင်းဖန်က ရောက်လာပြီး
"ခုနက..."
"အင်း ဟုတ်တယ်"
"မင်း xiaozhanကို ပြောသင့်တယ်နော်"
"ဟင့်အင် မပြောချင်ဘူး အကို လျှို့ဝှက်ထားပေးပါ"
"အင်းပါ"
Xiaozhanသူ ကားပေါ်ရောက်တဲ့အထိ wangပိုးက ရောက်မလာ။သူကြည့်လိုက်တော့ ချင်းဖန်နဲ့ ဘာတွေပြောနေမှန်းမသိ။
သူကြည့်နေရင်းနဲ့ wangပိုး ကားနားရောက်လာတော့ သူမကြည့်သလိုနဲ့ မျက်စိမှိတ်နေလိုက်သည်။
Wangyiboကားပေါ်တက်လာတော့ zhangeက ကူရှင်ကိုမှီပြီး မျက်လုံးမှိတ်ထားသည်။သူလဲ ၀င်ထိုင်ရင်း ပိုင်ဖေးကို ကားမောင်းဖို‌့ပြောလိုက်သည်။wangyiboလဲ zhangeကို စကားပြောဖို့ကြံပေမယ့် သူ့မျက်လုံးထဲမှာ ဟိုဘူးကို မြင်ယောင်နေသည်။သူလဲ စိတ်ကိုငြိမ်အောင်ထားပြီး ပြောဖို့ကြံပေမယ့် မရ။ထိုကြောက်စိတ်ကြီးက ၀င်လာနေသည်။သူလဲ မျက်လုံးကိုမှိတ်ပြီး ငြိမ်နေလိုက်သည်။
Xiaozhanတစ်ယောက် ငြိမ်သာနေရတာ မနေချင်။wangပိုးကလဲ မချော့ဘူးလား မသိဘူး တကယ်ပဲ။သူစောင့်ကြည့်နေပေမယ့် wangပိုးက ချော့မလာ။သူစိတ်မရှည်တာနဲ့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ wangပိုးက အိပ်ပျော်နေသည်။
တကယ်ပါပဲ သူများချော့မလားလို့ စောင့်နေတာ ကိုယ်တော်ချောက အိပ်ပျော်နေသည်။အင်းးးးသူလဲ ပင်ပန်းနေမှာပဲလေ။
"ပိုင်ဖေး"
"ဟင် ပြောလေ"
"ဟေ့ကောင် တိုးတိုးပြောပါ wangပိုးအိပ်နေတယ်"
"အာ အေးပါကွာ မင်းကလဲ ဘာလဲပြော"
"Wangပိုး တိုက်ခန်းကိုမောင်းနော်"
"အင်း သိပါတယ်"
"သိရင်လဲ မောင်းတော့ ဖြည်းဖြည်းမောင်းနော်"
"အေးပါကွာ"

Wangyiboတိုက်ခန်းကိုရောက်တော့
"Xiaozhan နှိုးလိုက်လေ"
"အိပ်ပျော်နေတာကို ထားလိုက်ပါ"
"မင်းမပြန်တော့ဘူးလား"
"ပြန်မှာပေါ့ကွ ငြိမ်ငြိမ်နေပါ နိုးသွားဦးမယ်"
"မပြောချင်ဘူးနော် မင်းမပြန်ချင်ပေမယ့် ငါပြန်ချင်တယ် သိလား"
"ခါတိုင်းလဲ နောက်ကျတာပဲကို"
"ခါတိုင်းက အလုပ်နဲ့လေ အခုက"
"တော်တော့ မပြောနဲ့တော့ သိလား wangပိုးကို အေးဆေးမကြည့်ရဘူး"
"ကြည့် ကြည့် ငါဗိုက်ဆာနေပြီ တစ်ခုခုသွား၀ယ်လိုက်ဦးမယ် ဘာမှာမလဲ"
"မမှာတော့ပါဘူး"
"အင်း ပြီးရော သွားပြီ"
ပိုင်ဖေးထွက်သွားတော့ xiaozhanလဲ wangပိုးအိပ်နေတာကို ထိုင်ကြည့်နေမိသည်။အိပ်နေတာလေးက ကလေးလေးကျနေတာပဲ ချစ်ဖို့ကောင်းလိုက်တာ။သူကြည့်နေတုန်း wangyiboက နိုးလာသည်။
"အင် zhange ရောက်ပြီလား"
"အင်း ရောက်ပြီ"
"ကျွန်တော့်ကို မနှိုးဘူး"
"မင်းအိပ်ပျော်နေတာကို ငါက နှိုးရက်ပါ့မလား"
"Zhangeက ကျွန်တော့်ကို ပိုပြီချစ်လာအောင်လုပ်နေတာလား"
"ဘာလဲ မင်းကပိုမချစ်ချင်ဘူးပေါ့"
"မဟုတ်ပါဘူးဗျာ ပိုချစ်ချင်တာပေါ့လို့"
"ပြီးတာပဲ"
"ဒါနဲ့ ပိုင်ဖေးရော"
"ပိုင်ဖေးက ဗိုက်ဆာလို့တဲ့ စားစရာသွား၀ယ်တယ်"
"အော် "
"Wangပိုး"
"ဗျာ zhange"
"....."
"ဘာလဲ ပြောလေ"
"ငါမင်းကို နမ်းချင်နေတာ"
"ဟမ်"
"ဟီး စတာ"
"Zhangeနော် ဘာစတာလဲ မရဘူး ကျွန်တော်က အဲ့စကားကို အတည်ယူလိုက်ပြီ"
"အဲ"
"မရဘူး နမ်းတော့"
"......"
"ပြောပြီးသားစကားက တည်ရတယ်နော်"
"ပြီးရော"
အမှန်တော့ wangyibo သူ့ဘက်က စနမ်းရင်ရပေမယ့် zhangeက အရင်နမ်းတာကို ခံချင်လို့ သူပြောလိုက်တာ။သူတို့နှစ်ယောက် နမ်းနေတုန်း ကားတံခါးက ပွင့်လာသည်။
"ဟင်"
ပိုင်ဖေးတစ်ယောက် စားစရာ၀ယ်ပြီးတာနဲ့ ကားဆီတန်းပြန်လာခဲ့သည်။အပြင်ကအေးတယ်လေ။သူလဲ ကားတံခါးကို ဆွဲဖွင့်လိုက်တော့ မြင်လိုက်ရသည်က kiss senceကြီး။
‌xiaozhanလဲ wangပိုး တွန်းပြီး ကိုယ်ချင်းခွာလိုက်သည်။ပြီးတော့မှ
"အဟမ်း ပိုင်ဖေး မင်းကလဲ အသံမပေး ဘာမပေးနဲ့"
ပိုင်ဖေးတစ်ယောက်တော့ ဆွံ့အသွားသည်။သူကားဆီလာတော့
ခလုတ်တိုက်လို့ ကားမှန်နဲ့‌ေတာင်တိုက်သွားသေးတာ။ဒါကိုတောင် မကြားဘူးဆိုတော့ ဘယ်လောက်တောင် ဈာန်၀င်နေသလဲ မသိဘူး။
"Zhange ကျွန်တော်သွားတော့မယ်နော်"
"အော် အင်း သွားတော့လေ ရေအကြာကြီးမချိုးနဲ့နော် အေးနေတာ"
"ဟုတ်ကဲ့ပါ zhangeရဲ့"

Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora