Xiaozhan အိမ်ရောက်တော့ မားက ကိုရီးယားကားကြည့်နေသည်။
"မားကျွန်တော် ပြန်ရောက်ပြီ"
မားက သူ့ကို လှည့်တောင်မကြည့်။ဒါနဲ့သူ မားထိုင်တဲ့ ဆိုဖာနား
သွားထိုင်တော့လည်း အကြည့်က ပြန်မရ။
"မား သားပြန်ရောက်ပြီလို့ မားရေ"
"ဟဲ့ ဘယ်လိုဖြစ်လို့ နား,နားကပ်အော်နေတာလဲ ငါကြားတယ်
ကြည့်ရတာ အရှိန်တောင် ပျက်တယ်"
"မားကလည်း ကိုယ့်သားလေးတစ်ယောက် ပြန်လာတာကို
နှုတ်တောင်မဆက်ဘူး"
အဲဒီ့ အချိန်မှာ ကိုရီးယားကားက ပြီးသွားလေသည်။
"ကဲပြော နင်ပြောတာနဲ့ ကိုရီးယားကားတောင် ပြီးသွားပြီ"
"မားကလည်း ဘာပြောရမှာလဲ အလုပ်မှာ အဆင်ပြေလား ဘာလားပေါ့"
"အော် မင်းလို အပေါက်ဆိုးတဲ့သူကို ဘယ်သူမှ ပြန်မပြောရဲဘူးသိလား"
"မားကလဲ"
"ငါမလဲသေးဘူးဟေ့ သိလား သွားရေသွားချိုး အာ.....မေ့နေတာ ဒီနေ့ သားငယ်လေး လာမှာပဲ"
"ဟင် ဘယ်ကသားငယ်လဲ မဟုတ်မှ မားကျွန်တော်မသိအောင်များ နောက်ယောကျာ်းယူပြီး ကလေးရ....."
'ဒေါက်'!!!!!
"အား...မား သားနာတယ်လေ"
"နင်က မဟုတ်တာ လျှောက်ပြောနေတာကို နာမှ ကောင်းတယ်"
"ဒါဆို သားငယ်လေးဆိုတာက ဘယ်သူတုန်းပြောလေ"
"သူက... ဟော် ပြောရင်းဆိုရင်း လာပြီ ဟိုမှာကြည့်"
Xiaozhan tvကိုကြည့်လိုက်တော့
"တွေ့လား သားငယ်လေးက ချောတယ်မလား"
"သူက....."
"သူ့နာမည်က Wang yiboတဲ့ အသက်က သားထက် 3နှစ်ငယ်တယ်ဆိုတော့ 23နှစ်ပဲ သူကအခုကိုရီးယားမှာလေ ဒါပေမယ့် သူကလည်း
မားတို့လို တရုတ်ပဲ"
"မားက သိလှချည်လား"
"ဒါပေါ့ မားက သူ့ fanလေ"
မားပြောတဲ့ သူ့ကိုကြည့်လိုက်တော့ ပါးကဖောင်းဖောင်းလေး
နှုတ်ခမ်းကလည်း ဖူးဖူးလေးနဲ့ ကလေးရုပ်လေးနဲ့။အသားကတော့ တော်တော်ဖြူသည်။နားမှာလည်း နားကပ်ကလေးနဲ့။
'ဝါး သူ့လည်စိက အကြီးကြီးပဲ ငါတောင်သူ့လောက်မရှိဘူး ဟွန့်'
Xiaozhan တစ်ယောက်စိတ်ထဲက ပြောနေတုန်းရှိသေး
"ဟဲ့ ငေးလှချည်လား ဘယ်လိုလဲ ချောတယ်မလား"
"မားကလည်း သားကပိုချောတယ် သားကိုကြည့် သားမှာ ယုန်သွားလေးလဲ ရှိတယ် ပြီးတော့ နှုတ်ခမ်းအောက်က မှဲ့လေးက အသက်လေ သိတယ်မလား"
"အမလေး နင့်ကိုပြောလို့ကတော့ အဲ့လိုချည်းပဲ ကိုယ့်ဘက်ကို ယက်တဲ့ လိပ်ပဲ"
"ဟွန့် မားကလည်း အမှန်ပြောတာကို"
"ကဲ တော်ပြီ ရေသွားချိုး ပြီးရင် ညစာစားမယ်"
"ဟုတ်ကဲ့ပါ"
xiaozhanတစ်ယောက် ရေချိုးရင်းနဲ့ စဉ်းစားနေမိသည်။
ဘာအကြောင်းလည်းဆိုတော့ ဟိုမင်းသား Wang yiboအကြောင်း။
မားက ဘာဖြစ်လို့များသူ့ကို ကြိုက်ရတာလဲမသိ။မားကတော်ရုံဆို
မင်းသား မင်းသမီးတွေကို မကြိုက်တတ်။ကိုယ့်သားက ဒါရိုက်တာ ဖြစ်တာတောင် ရိုက်ကွင်းကို တစ်ခေါက်မှ မလာခဲ့။
xiaozhan ရေချိုးပြီး အောက်ကိုဆင်းလာတော့ မားက
ညစာတောင်ပြင်နေသည်။သူ၀င်ထိုင်လိုက်ပြီး ညစာစားနေတုန်း ခဏကြာတော့
"မနက်ဖြန် ရိုက်ကူးရေးက နောက်ဆုံးမလား"
"ဟုတ်တယ်မား ပြီးတော့ ကြော်ငြာတွေ ရိုက်ဖို့ ရှိသေးတယ်"
"အော်"
"မားက ဘာလို့မေးတာလဲ"
"ဒီလိုပဲပေါ့ နင်ကလည်းလေ ငါမေးတော့လည်းမေးလို့ မမေးတော့
လည်းမမေးလို့"
"ဟီး မားကလဲ"
"ဒါနဲ့ ကျန်းချန်ရော ဘယ်လိုလဲ။ အဆင်ပြေလား"
"သူလား ပြေတယ်ပဲပြောရမှာပေါ့ မနက်ဖြန် သူ့အမေနဲ့သွားတွေ့မလို့တဲ့"
"အင်း သူကလည်းနော် ချစ်တတ်လိုက်တာ"
"မားကလည်း အဲဒီ့ချစ်တာကြီးက ပူလောင်ပါတယ် သူ့ကိုကြည့်ပါလား ဟိုက လုပ်ခိုင်းတာနဲ့တင် လုပ်နေတာ"
"နင်မချစ်ဖူးသေးလို့ပါ ငါ့သားရာ"
"မချစ်ချင််ပါဘူး မားရာ ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားဘူး"
"အေး နင်နောက်မှ ချစ်လှပချည်ရဲ့ဆိုလို့ကတော့နော် ဟင်း.. ဟင်း"
"တော်ပြီ မားသား သွားနားတော့မယ်"
"အေးပါ"
Xiaozhan အခန်းထဲပြန်ရောက်တော့ ကျန်းချန်အကြောင်းတွေးမိသည်။သူက အချစ်ကြောင့် ဒီလိုလုပ်နေရတာ။သူချစ်ရတဲ့သူက နာမည်ကြီးmodel တစ်ယောက်။
သူ့နာမည်က ယွမ်ဖေးတဲ့။ကျန်းချန်က ယွမ်ဖေးကို ဖွင့်ပြောတော့
ယွမ်ဖေးက သူ့အဖြေကို ရချင်ရင် ရှုတင်မန်နေဂျာ ၀င်လုပ်တဲ့လေ။
ယွမ်ဖေးကို ကျွန်တော်ကတော့ ကျန်းချန်နဲ့ သဘောမတူချင်ဘူး။
ဘာလို့လဲဆိုတော့ ယွမ်ဖေးက ရည်းစားများတယ်။သူ့ကို စပွန်ဆာပေးတဲ့သူ မှန်သမျှနဲ့ တွဲတယ်။ကျန်းချန်က်ိုတော့ သူက ကစားနေတာလို့ ကျွန်တော်ထင်တယ်။အမှန်ဆို သူအဲ့လို မလုပ်ခိုင်းသင့်ဘူးမလား။သူ့များရဲ့ ခံစားချက်ကို အဲ့လိုလုပ်တာ ကျွန်တော်မကြိုက်။ဒါပေမယ့် ကျန်းချန်ကတော့ သူ့အမေကို အတိုက်အခံ လုပ်ပြီး ကျွန်တော့်ကို အကူအညီလာတောင်းတယ်။
အစကတော့ မကူညီဘဲနေတော့မလို့ပဲ။သူက တောင်းပန်တော့မှ
ကျွန်တော်လိုက်လျောလိုက်ရတယ်။သူက အသေးစားစီးပွားရေးလုပ်ငန်းလေး တစ်ခုလုပ်နေတာ။အခုတော့ သူ့လက်ထောက်ကို လွှဲထားတယ်။အော် အချစ်အချစ် မလွယ်ပါလား။
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
