ဒီတော့ xiaozhanတို့ ကိုရီးယား သွားဖို့ ဖြစ်လာတော့တယ်။
    "သား ဟို ရောက်ရင် သားငယ်လေးကို သေချာကြည့်ခဲ့နော် ကြားလား ပြီးတော့လေ..."
    "အာ မားကလဲ အိမ်မှာကတည်းက မှာနေတာ ခု လေဆိပ်ရောက်နေပြီလေ မှာလို့ကို မပြီးတော့ဘူး အဲဒီ့ wangပိုးအကြောင်းချည်းပဲ"
     "ဟဲ့ ငါနင်သေချာ မလုပ်မှာဆိုးလို့ပြောနေတာ"
     "မားရယ် ကျွန်တော် သေချာကို wangပိုး လက်မှတ်ကို ယူခဲ့မှာပါ"
     "ဒါနဲ့ နေပါဦး wangပိုး ဆိုတာဘယ်သူလဲ"
    "Wang yiboကိုပြောနေတာလေ မားက သူ့ကို ရွပိုးတွေ ထနေအောင် သဘောကျနေတာလေ အဲဒါကြောင့် သားသူ့ကို နာမည်ပေးထားတာ လှတယ်မလား wangပိုးတဲ့"
    "နင် သူများသားသမီးကိုနော် "
     ထိုစဉ် ကိုးရီးယားသို့ သွားမယ့် ခရီးသည်များရှင်.......
  "အဲ မားလေယာဉ်ထွက်တော့မယ် သားသွားပြီ"
  "သား မားမှာတာမမေ့နဲ့နော်"
                                  တစ်ဖက်တွင် 
မန်နေဂျာ::::"ကဲ Wang yibo ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား"
   "နဲနဲပေါ့  အကိုရာ"
 "ဟုတ်ပါပြီ ပွဲက မနက်ဖန်မှဆိုတော့ တော်ပါသေးတယ်"
"ဟုတ်ပ ဒါတောင် ceoကကျွန်တော်ကို နောက်ပွဲတွေကို တက်ခိုင်းနေတာ"
"ဟင်း... မင်းဘာမှမပြောတော့ဘူးလား yibo ceoကို"
"ပြောမနေပါဘူး အကိုရာ သူပြောတဲ့အတိုင်းလုပ်နေရတာပဲဟာ"
"ဟုတ်ပါပြီ ဒါဆို လေ့ကျင့်လိုက်ဦး"
 "ဟုတ်ကဲ့"
                                        ချင်းဖန်တစ်ယောက် Wang yiboအကြောင်းတွေးနေမိသည်။ဒီကလေးက သဘောလဲကောင်းသလို ရည်မှန်းချက်လဲ ကြီးတယ်။သူအေးတိအေးစက်နိုင်ပေမယ့် စိတ်ရင်းကတော့ ကောင်းသည်။အခု yiboက နာမည်ကြီးလာတော့ 
သူရဲ့ entertainmentကceoက သူ့ကို မညှာမတာ ခိုင်းနေသည်။
ပိုက်ဆံရဖို့အတွက်ပေါ့။ဒီကလေးမှာ နားချိန်ဆိုတာ တော်တော်ရှားသည်။အစာလဲ အချိန်မှန်မစားနဲ့။အခုလဲ မနက်ဖန် ပွဲအတွက် ပင်ပင်ပန်းပန်း လေကျင့်နေသည်။သူ့ရဲ့ မန်နေဂျာဖြစ်လာရတာကလဲ ceoကြောင့်ပေါ့။ceoက လောဘရှိတယ်။yiboကို စောင့်ကြည့်ဖို့ သူ့ကို မန်နေဂျာခန့်ထားတာ။
Yibo အကြောင်းတွေ အကုန်လုံးကို သူပြန်ပြီး အစီရင်ခံရသည်။
တစ်နေ့တာ လုပ်ဆောင်သမျှပေါ့။ဒါပေမယ့် ကျွန်တော်အဲလို မလုပ်ဖြစ်ဘူး။ဘာလို့ဆို yibo က အရမ်းတော်တဲ့သူဖြစ်သလို 
မဟုတ်တာလဲ ဘာမှမလုပ်တာလေ။ဒါကြောင့် ceo မေးတိုင်း ထူးထူးခြားခြားမရှိဘူးလို့ပဲ ပြန်ပြောခဲ့တယ်။ဒါပေမယ့် ကျွန်တော် ထင်တာတစ်ခုကတော့ ceo ကတစ်ခုခုတော့ တစ်ခုခုပဲ။ဘာလို့ဆို ကျွန်တော် ကြားခဲ့မိတာ တစ်ခုရှိလို့။
      Ring.....ring..
"ဟဲလို ceo"
"..........."
"ဟုတ်ကဲ့ ကျွန်တော်အခုလာခဲ့ပါ့မယ်"
                                      
                                   
                                              YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
 
                                               
                                                  