Part7(Unicode)

1.5K 106 2
                                        

ချင်းဖန် yiboကို ကြည့်လိုက်တော့ ‌တော်တော် ဒေါသ
ထွက်နေပုံရသည်။ဟုတ်ပါတယ်လေ ကိုယ်မလုပ်တာကို စွပ်စွဲခံနေရတာကို။
"‌ဟင်း မင်း၀န်ခံလိုက်စမ်းပါ မဟုတ်ရင်မင်းကို စာချုပ်ဆက်မချုပ်တော့ဘူး ကဲ ဘယ်လိုလဲ"
"ကောင်းသားပဲ စာချုပ်ကလဲ ကုန်ခါနီးနေပြီ ကျွန်တော်မလုပ်တာကို လာပြီး ၀န်ခံခိုင်းနေတာ ကျွန်‌တော်ကလဲ ထွက်‌တော့မှာပါ ဆက်ပြီးသည်းခံမနေတော့ဘူး"
ဆိုပြီး Wang yiboတစ်ယောက် ထွက်သွားတော့သည်။
"မင်း..."
"ကျွန်နော့်ကိုလဲ ခွင့်ပြုပါဦး"
"မင်းကရော ဘယ်လဲ"
"ကျွန်တော်လဲ yiboနောက်လိုက်မလို့လေ ဒါက ceo လုပ်ကြံတယ်ဆိုတာ ကျွန်တော်ရိပ်မိပါတယ် ဒါပေမယ့် သက်သေက မရှိဘူးလေ"
"မင်းက ဘယ်လိုလုပ်ပြီး..."
"ဟင်း..ဟိုတစ်ခါ ceoတို့ပြောတာ ကျွန်တော်ကြားတာလေ
ceoထင်ထားတာက yiboက တောင်းပန်ပြီး သူ့ကို ဆက်ဆွဲထားစေချင်တာမလား အခု yiboက ဟင်း...."
"မင်း..."
"သိပ်ပြီးလဲ ဒေါသတွေမကြီးပါနဲ့ ceoရယ် ကဲပါ ဒါဆို ကျွန်တော်သွားပြီ"
"မင်းတို့တွေတော့ ငါနဲ့ တွေ့ဦးမှာပါ"
ဆိုပြီး သူ့စားပွဲပေါက စာရွက်စာတမ်းတွေကို လက်နဲ့တိုက်ချလိုက်သည်။ပြီးမှ ဖုန်းကို တစ်ယောက်ယောက်ဆီ ဆက်လိုက်သည်။
"အင်း ငါပါ ဖြန့်လိုက်တော့"
ထို‌့နောက် သူမမျက်နှာမှာ ကောက်ကျစ်တဲ့ အပြုံးမျိုး ဖြစ်လာသည်။

Wang yibo တိုက်ခန်းကို ပြန်ရောက်တော့ ချင်းဖန်ပါရောက်လာသည်။
"ဟင် အကိုကဘယ်လိုလုပ်ပြီး.."
"အကိုလဲ မင်းနောက်လိုက်လာတာလေ"
"ဟာ အကိုကလဲ အခုကျွန်တော့်အခြေအနေကို သိရက်နဲ့"
"ဘာမှမဖြစ်ပါဘူးကွာ ကဲအခုဘာဆက်လုပ်မလဲ"
"မသိတော့ပါဘူး အကိုရာ ဒီမှာလဲ ဆက်မနေချင်တော့ဘူး တရုတ်ကိုပဲ ပြန်တော့မလားလို့"
"အင်း ဒါလဲကောင်းပါတယ် အခုတော့ မင်းလွတ်လပ်ပြီပေါ့"
"အင်း ဒါပေမယ့် အလုပ်က.."
"မပူပါနဲ့ကွာ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး"
"ကျွန်တော်သိပါတယ်"
"တစ်ခုတော့ရှိတယ် ဓာတ်ပုံကိစ္စပဲ အခုအပြင်မှာ ပျံ့နေလောက်ပြီ
ဒါကို ခံနိုင်ရည်ရှိဖို့လိုတယ်"
"ဟုတ်ကဲ့ပါ ကျွန်တော် ပြင်ဆင်ထားပါတယ်"
"ကဲ ဟုတ်ပြီ နားလိုက်ဦး"

Director Xiao and Actor wang(Complete)Tempat cerita menjadi hidup. Temukan sekarang