နောက်တစ်ပတ်လောက်နေတော့ yiboလဲ ဇာတ်ကား promotionဆင်းနေရတာနဲ့ အလုပ်ရှုပ်နေသည်။သူ့zhan geနဲ့တွေ့ဖို့တောင် အချိန်ကမရ။ဒီနေ့တော့ သေချာပေါက်တွေ့ရမည်။
ဟိုတစ်ခါ သူဖွင့်ပြောပြီးကတည်းက မတွေ့ရတာ တစ်ပတ်လောက်ရှိပြီ။
ring.....ring
"ဟဲလို "
"yibo geပါ"
"ဟာ geပြောလေ အခုမှပဲဖုန်းဆက်တော့တယ်"
"မင်းကရော ဘာထူးလို့လဲ ငါ့တောင်မဆက်ဘူး"
"အာ geကလဲ ကျွန်တော် ဇာတ်ကားအတွက် အလုပ်ရှုပ်နေလို့ပါ ခုတောင် geဆီ ဖုန်းဆက်ဖို့လုပ်နေတာ geဆက်လာတာပဲ"
"အေးပါ ခုရော အားပြီလား"
"အွန်း အားပြီ"
"မင်း ခုဘယ်မှာလဲ ကြော်ငြာရိုက်ကွင်းမှာလေ "
"ဟင် မင်းပြောတော့ အားပြီဆို"
"ဟုတ်တယ် ခုပဲရိုက်လို့ပြီးတော့မယ်"
"အာ့ဆို ge လာခဲ့မယ် နေရာကိုပြော"
"တကယ်လား တကယ်လာမှာလား"
"တကယ်ပါဆို"
"နေရာက∆∆∆∆"
"အင်း လာခဲ့မယ်"
ဆိုပြီး ဖုန်းချသွားသည်။
Wangyiboတော်တော်ပျော်ပါသည်။အမှန်တော့ geကို သူလာစေချင်တာ။ခုတော့ အဆင်ပြေသွားပြီ။
"yibo ဘာတွေပြုံးနေတာလဲ"
"အော် အကိုချင်းဖန်ကလဲ geလာမှာမလို့ပေါ့"
"အေးပါ မင်းကို အဖြေပေးပြီးပြီလား"
"ဟင့်အင် မပေးရသေးဘူး"
"အေးပါ မင်းကို အမြန်ဆုံးအဖြေပေးပါစေလို့ ဆုတောင်းပါတယ်"
"ကျေးဇူးပါ အကို အော် အကို ကားနားသွားနေဦးနော်
တော်ကြာ geကအပြင်မှာစောင့်နေရဦးမယ်"
"အေးပါ ပြီးတာပဲ"
တကယ်တော့ ချင်းဖန်လဲ yiboက xiaozhanကို proposedလုပ်တာ သူသိပါသည်။ဘယပဲဖြစ်ဖြသ် သူတို့နှစ်ယောက်က လိုက်ဖက်ပါတယ်။သူကားပေါ်မှာ စဉ်းစားနေတုန်း
Xiaozhanရောက်လာပြီး ကားမှန်ကို ခေါက်လိုက်သည်။
'ဒေါက် ဒေါက်'
သူတံခါးဖွင့်ပေးလိုက်တော့ xiaozhanက တက်လာသည်။
"ချင်းဖန် yiboရော လာပြီလား"
"အင်း လာတော့မယ် ဟိုမှာ"
ဆိုပြီး သူလက်ညှိုးထိုးပြလိုက်သည်။
Xiaozhanကြည့်လိုက်တော့ Wang yiboက ကြော်ငြာရိုက်နေတာ အရမ်းချောတာပဲ။အဲ ပြီးတော့ ဆံပင်ထိပ်ကလေးမှာ အစိမ်းရောင်လေးဆိုးထားတယ်။သူနဲ့မတွေ့ရတဲ့ တစ်ပတ်အတွင်းမှာ သူတော်တော်ချောလာတာပဲ။သူကြည့်ေနရင်း wangyiboကြော်ငြာရိုက်ပြီးသွားတာထင်တယ်။သူ့နေရာမှာ သွားပြီးရေသောက်နေတာ။အိုက်ယား ရေသောက်နေတဲ့ပုံစံလေး အရမ်း
အရမ်းကို ကြည့်လို့ကောင်းလိုက်တာ။သူရေသောက်လိုက်တိုင်း လည်စိက အပေါ်အောက် လှုပ်သွားသည်။သူ သူ့ကိုယ်သူ လည်ပင်းကို ပြန်စမ်းကြည့်တော့ လည်စိသေးသေးလေးပဲရှိသည်။ဒါတောင် သိပ်မပေါ်ချင်။မတရားဘူး ဟွန့်။wangyiboရေဘူးအဖုံးပြန်ပိတ်နေတုန်း မင်းသမီးတစ်ယောက်က အနားရောက်လာတော့ xiaozhan မျက်မှောင်ကျုတ်မိသည်။
အဲ့မင်းသမီးက ဘာကိစ္စ Wang yiboနား လာရတာလဲ။
ပြီးတော့ wangyiboကိုကြည့်ရတာ အဲ့မင်းသမီးရောက်လာလို့ စိတ်ရှုပ်နေတဲ့ပုံပင်။ဟိုမင်းသမီးက ဘာတွေပြောနေမှန်းတော့ မသိ။yiboကတော့ ခေါင်းပဲ ခါနေသည်။ခဏကြာတော့ ထိုမင်းသမီးထွက်သွားသည်။သူကြည့်နေစဉ်မှာပဲ wangyiboက ကားဆီကိုလျှောက်လာခဲ့သည်။ထိုအခါမှ သူလဲ အကြည့်လွှဲလိုက်သည်။
"ဟင် ge ရောက်တာကြာပြီလား"
"မကြာသေးပါဘူးကွာ လာလေ"
"အင်း"
"ပင်ပန်းနေပြီလား"
"အွန်း နဲနဲပေါ့"
"yibo အကို တိုက်ခန်းပဲ မောင်းလိုက်မယ်နော်"
"ဟုတ်ကဲ့ အကို"
"yibo မင်းပင်ပန်းရင်နားလေ"
"ရပါတယ် geရဲ့ ဒါနဲ့ ဘာဖြစ်လို့ကျွန်တော့်ဆီ လာတာလဲ"
"ဘာလဲ ငါကမင်းဆီလာလို့မရဘူးလား"
"မဟုတ်ပါဘူးgeရဲ့ လာတော့ ကျွန်တော်က ပိုတောင်ပျော်သေး"
"ပြီးရော မင်းဘယ်တုန်းက ဆံပင်ကို လုပ်လိုက်တာလဲ"
"မနေ့ကမှပါ ကျွန်တော်နဲ့လိုက်တယ်မလား"
"အင်း မဆိုးပါဘူး"
"ဘာကို မဆိုးဘူးလဲ လိုက်ရင်လိုက်တယ် မလိုက်ရင်မလိုက်ဘူးပေါ့"
"ငါက မလိုက်ဘူးပြောရင် မင်းကဘာလုပ်မလို့လဲ"
"အရင်တိုင်း ပြန်ပြောင်းမှာပေါ့လို့"
xiaozhanသူ့ကို Wang yiboက အဲ့လိုပြန်ပြောမယ်လို့ ထင်မထား။သူထင်တာက သူနဲ့လိုက်တယ်လို့ အတင်းပြန်ပြောမယ်ထင်တာ။
"ဟင် ge လိုက်လား"
"အင်း လိုက်တယ်"
"ပြောတယ်မလား အကိုချင်းဖန်"
"အေးပါကွာ"
"ဘာတွေပြောနေတာလဲ"
"အော် ကျွန်တော် အဲ့လိုဆိုးရင် geကလိုက်တယ်လို့ ပြောမှာလို့ အကိုချင်းဖန်ကို ပြောတာလေ"
"အင်းပါ"
သူတို့တိုက်ခန်းရောက်တော့
"yibo အကို မလိုက်တော့ဘူး ပြန်တော့မယ် မနက်ဖြန်
ဘာမှမရှိဘူးဆိုတော့ အေးဆေးနားလိုက်တော့လေ"
"ဟုတ်ကဲ့ အကို"
.....................................
သူတို့နှစ်ယောက် တိုက်ခန်းထဲကို ရောက်တော့
"ge ကျွန်တော် ရေချိုးလိုက်ဦးမယ်နော် ခဏစောင့်"
"အေးပါ ရတယ် ဖြေးဖြေးလုပ်"
"ဟုတ်ကဲ့"
Wang yibo ရေချိုးခန်းထဲ သွားတော့ သူလဲ မီးဖိုေချာင်ဘက်ကို လျှောက်လာခဲ့သည်။သူရေခဲသေတ္တာဖွင့်ကြည့်တော့
စားစရာဘာမှမရှိ။ရေဘူးနဲ့ အချိုရည် အနည်းငယ်သာရှိသည်။
သူဆက်ပြီး ဘေးက ဗီရိုကို ဖွင့်ကြည့်တော့ ခေါက်ဆွဲခြောက်ထုပ်တွေသာရှိသည်။
*ကျစ် သူဒါတွေပဲ နေ့တိုင်းစားနေတာလား ကြာရင် ကျန်းမာရေး
ထိခိုက်တော့မှာပဲ*
Wangyibo ရေမိုးချိုး အ၀တ်အစားလဲပြီး အပြင်ထွက်လာတော့ geက ဆိုဖာပေါ်မှာထိုင်နေသည်။
"Ge ပျင်းနေပြီလား"
"မပျင်းပါဘူး"
"အင်းပါ "
"ဒါနဲ့နေပါဦး ရိုက်ကွင်းမှာတုန်းက ဟိုမင်းသမီးက မင်းကို ဘာတွေပြောနေတာလဲ"
"အော် ကျွန်တော့်ကို ညစာစားဖို့ခေါ်နေတာ"
"အဲ့တော့"
"အဲ့တော့ ကျွန်တော်ကလဲ ငြင်းလိုက်တယ်လေ မလိုက်ဘူးလို့"
"အော်"
"Ge ကျွန်တော့်ကို သ၀န်တိုနေတာလား"
"ဘာ..မ..မဟုတ်ပါဘူး"
အရေးထဲ xiaozhanတစ်ယောက် စကားတွေတောင် ထစ်နေသည်။
"ဟုတ်ပါတယ်လို့ လုပ်ပါ"
"မဟုတ်ဘူးဆို"
"အဲ ဟုတ်ပါတယ်ဆို"
ဆိုပြီး သူ့ကို ပြုံးပြုံးစစနဲ့ပြောနေသည်။
"yiboနော်"
"Geနော်"
"မစနဲ့"
"ဟော ကျွန်တော်ကစနေတဲ့ပုံပေါ်လို့လား"
"အင်း"
"ကျွန်တော့်ကို သေချာကြည့် ge"
ဆိုပြီး သူ့ပုခုံးကို ကိုင်ပြီး
"ge သ၀န်တိုတယ်ဆို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် ပြီးတော့ ကျွန်တော့်ကို စိတ်ဆိုးတာ ဘာအကြောင်းအရာပဲဖြစ်ဖြသ် ကျွန်တော်ကို ပြော ဟုတ်ပြီလား"
"............."
"Ge...Ge"
"Geမင်းကို ချစ်တယ် yibo"
"ဟင် တကယ်ပြောတာလား ge"
"အင်း ခုနကမင်းကို အဲ့မင်းသမီးနဲ့မြင်လိုက်ရတုန်းကတကယ် စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
"ပျော်လိုက်တာ"
ဆိုပြီး သူ့ကို ဆွဲဖက်လိုက်သည်။
ခဏကြာတော့ xiaozhanရုန်းထွက်လိုက်ပြီး
"ခဏနေပါဦး မင်း ရေခဲသေတ္တာထဲမှာ ဘာမှမရှိဘူး ဘယ်လိုတွေစားနေတာလဲ ဟမ်"
"အာ အဲဒါ ခေါက်ဆွဲပြုတ်စားတယ်လေ"
"အဲဒါတွေက ကြာရင်မကောင်းဘူးလေ မဟုတ်မှ မင်းအဲတာတွေပဲ နေ့တိုင်းစားနေတာလား"
"အင်း ဟုတ်တယ် တစ်ခါတစ်လေမှ မှာစားတာ"
"yiboရယ် မင်းအဲတာတွေ နေ့တိုင်းစားရင် ကျန်ူမာရေးထိခိုက်မယ်လေကွာ"
"အင်းပါ နောက်မစားတော့ဘူးလေနော်"
"မရဘူး အခုချက်ချင်းအဲတာတွေ လွှင့်ပစ်လိုက်"
"ဟာ....ဟုတ်ကဲ့ပါ"
Wangyiboတစ်ယောက် ငြင်းမလို့ရှိသေး မျက်စောင်းကရောက်လာတော့ လက်ခံလိုက်ရသည်။
"အာ့ဆို ကျွန်တော် ဘာနဲ့စားရမှာလဲ"
" Ge ၀ယ်ပေးမယ် ချက်စရာတွေကို"
"ကျွန်တော်မှ မချက်တတ်တာ"
"Ge ချက်ပေးမယ် ဟုတ်ပြီလား"
"ဟီး..ဟီး ဟုတ်ကဲ့"
"လွှတ်ဦး လက်ကို ကြာနေပြီ ကိုင်ထားတာ"
"Geကလဲ ခုမှ ချစ်သူဖြစ်တာ ပူပူနွေးနွေးရယ်ဟာကို မလွှတ်ပါဘူး"
"လွှတ်တော့ geဗိုက်ဆာနေပြီ မှာဦးမယ် ဘာစားမှာလဲ ဒီနေ့တော့ မှာပဲစားရတော့မှာ"
"အင်း ပီဇာ စားမယ် ပင်လယ်စာနော်"
yiboက လက်တစ်ဖက်ကိုပဲ လွှတ်ပေးပြီး ကျန်တစ်ဖက်ကို ကိုင်ထားသေးသည်။သူလဲ ဆက်မပြောချင်တာနဲ့ပဲ လက်တသ်ဖက်နဲ့သာ ဖုန်းဆက်ပြီးမှာလိုက်သည်။
ခဏကြာတော့ မှာထားတာရောက်လာတော့
"လွှတ်ဦး geသွားယူလိုက်ဦးမယ်"
"လွှတ်စေချင်ရင် ကျွန်တော့်ကိုနမ်း"
"yibo လွှတ်တော့လို့ ဟိုမှာ စောင့်နေရပြီ"
"ပြောပြီးပြီလေ နမ်းရင်လွှတ်ပေးမယ်လို့"
"ဟူး......"
'ရွှတ်'
"ရပြီလား"
"ဟာ geကလဲ ပါးကိုလား"
"နမ်းပြီးပြီ သွားမယ်"
ဆိုပြီး လက်ကို ဖြုတ်ချသွားသည်။
"ဟွန့် ge သတ်သတ်ညစ်တာ တွေ့မယ်"
သူတို့နှစ်ယောက် စားသောက်ပြီးတော့
"ကဲ geပြန်တော့မယ်"
"Geကလဲ မပြန်ပါနဲ့နော်လို့"
"ပြန်ရမယ်လေ yiboရဲ့"
"ဟွန့် ge သားကို ချစ်ရင်မပြန်နဲ့ ပြန်ရင်တော့ သားကို မချစ်ဘူးလို့ သတ်မှတ်မှာ"
"ဟမ် ဘယ်လို ဘယ်လို သား ဟုတ်လား"
"ဟင့် gegeက သားကို မချစ်ဘူး"
"yibo မင်းက မင်းသားဆို ငါက ဒါရိုက်တာနော်"
"Geကလဲ လုပ်ပါ နေပါနော်လို့"
"ကဲ ကဲ ဟုတ်ပြီ နေမယ်သိလား ခဏနေဦး မားကို ဖုန်းဆက်လိုက်ဦးမယ်"
.............
"ဟဲလို မား သားဒီနေ့ ပြန်မလာတော့ဘူးနော်"
"..........."
"ကျွန်တော် yiboဆီမှာ အိပ်မလို့ ဒါပဲ မား မနက်မှ မားသိချင်တာမေးတော့"
အရေးထဲ မားက စစ်လားဆေးလား လုပ်နေသေးသည်။အရင်ဘ၀က ရဲများလုပ်ခဲ့သလားပဲ
"Ge"
"ဟင် ကျွန်တော်တို့ အခေါ်အဝေါ်ပြောင်းရအောင် ချစ်သူတွေဖြစ်နေပြီပဲဟာ"
"မေပြာင်းချင်ပါဘူး"
"ပြောင်းပါ geနော်"
"အင်း အင်းပြောဘယ်လိုလဲ"
"အင်း ကျွန်တော်က geကို ကိုကိုဆိုရင်ရော"
"မကောင်းပါဘူး"
"ဒါဆိုဘယ်လိုခေါ်ရမှာလဲ"
"မသိဘူးလေ"
"အင်း...zhan geလို့ခေါ်မယ် တခြားသူတွေ အဲဒါကို မခေါ်အောင် geက ပြောပေါ့ "
"အင်း ငါမင်းကို wangပိုးလို့ခေါ်မယ်"
"wangပိုး ဟုတ်လား"
"အင်း မင်းက geကို ချစ်တတ်သွားစေတဲ့ ပိုးလေးမလို့ wangပိုး"
"အား လှလိုက်တာ wangပိုးတဲ့ ဟီး"
"ကဲ အိပ်တော့မယ် အိပ်ချင်နေပြီ"
"အင်း လာလေ"
အခန်းထဲရောက်တော့
"Wang yiboမင်းငါ့ကို အသားမယူနဲ့နော်"
"ဟာ zhan ge wangပိုးပါဆို"
"အေး wangပိုး အသားမယူနဲ့နော် အိပ်တော့မယ်"
"အင်းပါ လက်ပဲကိုင်မယ်လေနော်"
"ပြီးရော"
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
