မာန၏ အခြားတစ်ဖက် ✨ Part - 7

11.2K 882 19
                                    

Part -7

                မာန၏ အခြားတစ်ဖက်

သူဌေး ပြောတဲ့ ပြဿနာဆိုတာ ဘာပါလိမ့် ဆိုတာ
ကို သိချင်လာတာနဲ့ ဖေဖေ့ မန်နေဂျာဆီ ဖုန်းဆက်မေးလိုက်တဲ့အခါ မထင်မှတ်ပဲ ကြားခဲ့ရတဲ့
စကားတွေကြောင့် လွှမ်း တစ်ယောက် ကိုယ့်နားကိုမယုံနိုင်အောင် ဖြစ်သွားရတယ်။

ဖေဖေ က သူ့အတွင်းရေးမှူး အသစ်ကို အလိုမတူပဲ
စော်ကားခဲ့လို့ အတွင်းရေးမှူးရဲ့ ယောက်ျားဆိုသူက
အမှုဖွင့်ထားပါတယ်တဲ့ ။ ဖေဖေ့ ရဲ့ သတင်းကြောင့်
အလုပ်ထဲက ရှယ်ယာရှင်တော်တော်များများက
နှုတ်ထွက်သွားကြတယ် ။ အစထဲက ဖေဖေ ဟာ
မိန်းမရှုပ်တဲ့သူလို့ မြို့မှာက နာမည်ထွက်ခဲ့တဲ့သူမို့
ပြဿနာဖြစ်တဲ့အချိန်မှာတော့ ဘယ်သူကမှ ဖေဖေ့
ဘက်မှာရှိမနေတော့ပါဘူး ။

ဒါပေမဲ့ လွှမ်း က ဖေဖေ့ ကို ယုံတယ် ။ ဖေဖေဟာ
ဘယ်လောက်ပဲ မိန်းမရှုပ်တဲ့သူဖြစ်ပါစေ ။ တဖက်
ကအလိုမတူတဲ့ မိန်မတစ်ယောက်ကို စော်ကားမဲ့သူမဟုတ်ပါဘူး ။ ဖေဖေ ရယ် ဘာလို့ ဒီလိုပြဿ
နာတွေ ကြုံရတာလဲဗျာ ။

ဖေဖေ နိုးလာတဲ့အချိန်မှာတော့ လွှမ်း က ဘာမှမသိသလို ဟန်ဆောင်နေလိုက်ပါတယ်။ 

နောက်နေ့တော့ လွှမ်း က အပြင်ခဏထွက်လာတဲ့အချိန် ရိပ်ငြိမ် တစ်ယောက် လူနာစောင့်အဖြစ် ကျန်နေခဲ့ပါတယ်။ လွှမ်း ရဲ့ ဖေဖေ အိပ်နေတဲ့အချိန်
ကိုယ် လဲပျင်းလာတာနဲ့ ဂိမ်းဆော့နေတုန်း အခန်းထဲ ဝင်လာတဲ့လူတစ်ယောက် ----

" ဒါ လွှမ်း ရဲ့ ဖေဖေ .... ဆေးရုံတက်နေတဲ့ အခန်းမို့လား "

" ဟုတ်ပါတယ် ခင်ဗျာ ... ဘယ်သူလဲမသိဘူး ...
လွှမ်း ကတော့ အပြင်ကိုခဏထွက်သွားပါတယ် "

ရိပ်ငြိမ် တစ်ယောက်တစ်ဖက်လူရဲ့ အမေးကို
ပြန်ဖြေရင်း အဲလူကိုလည်း သေချာကြည့်မိလိုက်တယ်။ ဘုရားရေ! !!! တစ်သက်မှာ တစ်ခါပဲတွေ့ခွင့်ရတဲ့ နတ်သားများလားလို့ စိတ်ထဲတွေးလိုက်မိတဲ့အထိ ချောလွန်းလှတဲ့ လူသား ။

" ကိုယ်က ဒေါက်တာ မင်းမြတ်ထည်ဝါ  ပါ ... လွှမ်း
နဲ့ အတူတူ အိမ်ငှါးနေတဲ့သူလေ "

" အော် !!!ဟုတ်ကဲ့ ဒီမှာခဏထိုင်စောင့် လိုက်ပါလား ဒေါက်တာ ..... လွှမ်း လဲ ပြန်လာတော့မှာပါ "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now