Part - 40
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
အချိန် တစ်နှစ်ခွဲကျမှ ပထမဆုံးပြန်ပြီးချေချခွင့်ရခဲ့
တဲ့ မာန့် ရဲ့အိမ် ။ အိမ်တစ်အိမ်လုံးအပြင်အဆင်က
ဟိုးအရင်ကနဲ့ လုံးဝကိုမတူတော့တာ ။ နောက်ဆုံး နံရံပေါ်မှာသုတ်ထားတဲ့ ဆေးရောင်ကအစပေါ့ ။အိမ်ထောင်ပရိဘောဂတွေအကုန်လုံးကိုလဲ အသစ်လဲပေးထားပြီ အရာရာကိုပြောင်းလဲပေးထားပေမယ့် မာန်အတွက်တော့ အတိတ်ကိုပြန်သတိရခြင်းတွေကသာကြီးဆိုးလို့ ။ ဒီအိမ်မှာ ဖေဖေရယ် မေမေရယ် မမရယ် ကိုယ်ရယ် ဘယ်လောက်တောင်ပျော်
စရာကောင်းလိုက်သလဲ ။ အခုတော့ အရာရာဟာ
လေထဲမှာဆောက်တဲ့တိုက်အိမ်တွေလို ။ တည်ဆောက်ဖို့ခက်ခဲသလောက် ပျက်စီးတာကျ လွယ်ကူလိုက်တာ ။" သားမာန် !!! ဘာတွေပြင်ချင်သေးလဲ ကလေး "
အန်တီမေမေ့စကားကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရင်း ----
" ဘာမှမပြင်ချင်တော့ပါဘူး .... အိမ်ကိုရော အလုပ်တွေကိုရော စောင့်ရှောက်ပေးထားလို့ ... ကျေးဇူးတင်ပါတယ်နော် အန်တီမေမေ "
" ကျေးဇူးတင်ရမယ့်သူတွေမှ မဟုတ်တာကွယ် ... သားကို အခုလိုပုံစံပြန်တွေ့ရတာနဲ့တင် .... အန်တီ
မေမေက စိတ်ချမ်းသာလှပါပြီ "တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ မမဆုံးတဲ့နေ့ ထဲက မာန် ဒီအိမ်ကို ပြန်မရောက်တော့တာပါ ။
ဖေဖေနဲ့မေမေရဲ့ တစ်လပြည့်သပိတ်သွတ်မှာ မာန် မရှိသလိုမမရဲ့ နာရေးရက်မှာလဲ မာန်မရှိပါဘူး ။အဲအချိန်က မာန်ဟာ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရပါတယ် ။ လုံးဝရူးသွတ်
သွားတာမဟုတ်သည့်တိုင် ရခဲ့တဲ့စိတ်ဒါဏ်ရာက အကြီးကြီးမို့လား ။တစ်နှစ်ခွဲအထိ ဆေးကုနေရတဲ့အချိန်မှာ မာန်တို့ပိုင်ဆိုင်တဲ့ ကုမ္မဏီရှယ်ယာတွေကအစ အန်တီမေ
မေတို့ရ ပြန်ဝယ်ပြီး မာန်တို့မိသားစုစီးပွားရေးလုပ်
ငန်းကို တဖက်လှည့်နဲ့ ထိန်းသိမ်းပေးခဲ့တာပါ ။
အခုလည်း မာန် ဒီအိမ်ကိုပြန်အချေမချချင်တော့ပေမယ့် သိချင်နေတဲ့ အကြောင်းတစ်ချို့ကို သဲလွန်စ
ရှာဖို့ ပြန်လာဖြစ်တာ ။
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။