မာန၏ အခြားတစ်ဖက် 🌟 Part -33

10.2K 752 21
                                    

Part - 33

                     မာန၏ အခြားတစ်ဖက်

                     🌟🌟🌟🌟🌟🌟

လက်မှတ်ထိုးပွဲက မနက်ဖက်မို့ လွှမ်းမှာ မိုးမလင်းခင်ထပြီး ပြင်ဆင်ရပါတယ် ။ ဦးမာန်ကတော့ Hotel
မှာပဲတည်းပြီး ဧည့်ခံပွဲလုပ်မယ့်နေရာကိုလာမှာပါ ။
ဦးမာန်မှာ မိဘလဲမရှိသလို ဆွေးမျိုးအရင်းအချာလည်းမရှိတာကြောင့် သူတစ်ယောက်ထဲလာခဲ့ရတာ ။
မိသားစုဆိုတာမရှိတာကြောင့် ဦးမာန်ရဲ့စိတ်တွေဟာ တဖက်သားခံစားမှုတွေကို ထည့်မတွက်တက်
များလားလို့ တွေးမိပါတယ် ။

ကိုယ်တွေမြို့အနေအထားနဲ့ဆိုရင်တော့ မင်္ဂလာပွဲရဲ့အပြင်အဆင်တွေနဲ့ အကျွေးအမွေးဟာ လုံးဝကို
ထိပ်တန်းအဆင့်မှာ ရှိနေတာပါ ။ CEO သူဌေးက
သိန်းကိုထောင်နဲ့ချီပြီးသုံးထားတာကိုး ။

ဖိတ်ထားတဲ့ ဧည့်သည်ရာဂဏန်းလောက်ရဲ့ရှေ့မှာ
ဦးမာန် နဲ့ လွှမ်း တရားဝင်လက်မှတ်ထိုးလိုက်ပါ
တယ်။ နီးစပ်ရာက ဖေဖေ ရဲ့အပေါင်းအသင်းနဲ့
လုပ်ငန်းရှင်တွေပဲ ရှိတဲ့ပွဲမို့ ဦးမာန် ကတော့ အစိမ်းသက်သက်ဖြစ်နေတာပေါ့ ။ ဒီမင်္ဂလာပွဲအတွက် ပြင်လိုက်ရတော့ ရက်တွေအကြာကြီး တကယ့်ပွဲနေ့
ကျတော့ နာရီပိုင်းလောက်လေးပဲကြခဲ့တာ ။

အဖြူရောင် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားပြီး
ဆံပင်တွေကို နောက်လှန်ဖြီးထားတဲ့ ဦးမာန် ဟာ လွှမ်း အတွက်တော့နတ်သားတစ်ပါးလို တင့်တယ်
ပြီး ကြည့်ကောင်းလွန်းလှပါတယ် ။ သူ့နဲ့ယှဉ်လိုက်
တိုင်း ကိုယ်က သိမ်ငယ်သွားတော့သလိုလို ။

အမြဲတမ်းမျက်နှာကြီးတည်ထားထက်တဲ့ ဦးမာန် ကဒီနေ့မှာတော့ လာသမျှဧည့်သည်တွေကို ဖော်ဖော်ရွေရွေနှုတ်ဆက်နေတာကိုမြင်ရတဲ့ ကိုယ့် အတွက်
အထူးအဆန်းကိုဖြစ်နေတာပါပဲ ။ မနက်အစောကြီး အမဆောင်းရိပ် ကဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောပေးရှာတယ် ။

မင်္ဂလာပွဲကိုလာတဲ့ ဧည့်သည်တွေအတွက်က
ယောက်ျားလေးနှစ်ယောက်ဆောင်တဲ့ မင်္ဂလာဆောင်ကို အထူးအဆန်းဖြစ်နေပေမဲ့ SKY Group ရဲ့
CEO ဆိုတဲ့ အရှိန်အဝါဟာ အတင်းအဖျင်းပြောချင်
တဲ့သူတွေရဲ့ ပါးစပ်ကိုပိတ်သွားစေနိုင်တဲ့ အရှိန်အဝါမျိုးမို့ ဦးမာန် အတွက်ကတော့ လုံးဝကိုသက်တောင့်သက်သာပုံစံနဲ့ ဧည့်ခံပေးနေတာ ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now