Part - 29
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
" နင်ဒီကိုဘာလာလုပ်တာလဲ.... နင့်သူဌေးကရောအခု ဘယ်မှာလဲ "
ကိုယ့်ကိုလက်ညှိုးထိုးပြီး ခပ်ရင့်ရင့်မေးလာတဲ့ အမျိုးသမီးရဲ့စကားဆုံးတာနဲ့ ----
" အခန်းထဲမှာ "
ကိုယ့်ရဲ့ တိုတိုပြတ်ပြတ် အဖြေစကားကြောင့် သဒ္ဒါ
ဆိုတဲ့ အမျိုးသမီးက ပိုပြီးဒေါသထွက်သွားဟန်နဲ့ ---" နင်က ဒီကို ဘာလာလုပ်နေတာလဲဆိုတာ ... ဖြေဦးလေ "
" အဲဒါက ခင်ဗျားလူကိုမေးလိုက်လေ....ကျွန်တော်
က ခင်ဗျားမေးတိုင်း ဖြေစရာလား "" နင် !!!နင်ကများ !!! "
ကိုယ့်ကို လက်ညှိုးတစ်ထိုးထိုးနဲ့ ဒေါသထွက်နေတုန်းမှာပဲ စားစရာတွေ လာပို့တဲ့သူရောက်လာတာနဲ့ စားစရာ တွေကိုလက်ခံယူလိုက်ပြီး ထမင်းစားခန်းထဲ လှည့်ထွက်လာလိုက်ပါတယ် ။ စားစရာတွေကို ပန်းကန်ထဲ လှည်ထည့်နေတဲ့အချိန် သဒ္ဒါ ဆိုတဲ့အမျိုးသမီးက ထမင်းစားခန်းထဲအထိလိုက်လာပြီး ---
" ဟဲ့ အရိုင်းကောင်!!!! နင်အိမ်မို့လို့ ပိုင်စိုးပိုင်နင်းတွေလုပ်နေတာလား ..... ပြောစမ်းအခု .... နင်ဘာလာလုပ်တာလဲဆိုတာ "
" ခင်ဗျားလူရဲ့ ယောက်ျားလာလုပ်နေတာလေ ...
ဘာဖြစ်လို့လဲ "" ဟဲ့အကောင် !!!! နင်လူစကားပြောနော် ... သူများ
အိမ်လာပြီး .... လူပါးတွေဝနေတာ ... ဒီအခန်းကို
နင့်အိမ်များမှတ်နေလား "" နေစမ်းပါဦး .... နင့်အိမ်မို့်လို့လားဆိုပြီး ခင်ဗျားကပြောနေရအောင် .... ဒါကရော ခင်ဗျားအိမ်လား
.... နောက်ပြီး ကျွန်တော့်ကို အရိုင်းကောင်လို့ခေါ်ရအောင် ..... ခင်ဗျားကရော ဘယ်လောက်ယဉ်ကျေးနေလို့တုန်း ..... ကျုပ်ဒီကို ဘာလာလုပ်နေတာလဲသိချင်ရင် .... ခင်ဗျားလူ အခန်းထဲမှာရှိတယ် .... အဲကိုကြွတော်မူပြီး သွားမေးကြည့် ..... သူ့အိမ်ကိုရောက်နေတယ်ဆိုထဲက သူခေါ်လို့ ရောက်လာတာ
... ရောက်လာသင့်တဲ့ အကြောင်းရှိနေလို့ ရောက်
လာတာဗျာ သိလား .... အဲအကြောင်းက ဘာလဲ ... ကျုပ်ကို သူကဘာလုပ်ဖို့ခေါ်တာလဲ သိချင်ရင် သူ့ကိုသွားမေး ....ကျွန်တော်ကတော့ ဗိုက်ဆာနေလို့ ခင်ဗျားနဲ့ စကားမပြောနိုင်သေးဘူး "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။