မာန၏ အခြားတစ်ဖက် 🌟 Part -18

11.7K 808 34
                                    

Part - 18

                  မာန၏ အခြားတစ်ဖက်
      
                   🌟🌟🌟🌟 🌟🌟

ငါ သူ့အပေါ် ဘာတွေမှားခဲ့လို့လဲ ။ ငါက ဘာလို့
ဒီလို အဆက်ဆံခံရတာလဲ ။ ဦးမာန် ကရော
ငါ့အပေါ် မချစ်ခဲ့ဖူးဆိုရင်တောင် သူ့အနားမှာရှိ
စေချင်ခဲ့တာပဲ မဟုတ်ဘူးလား ။ အခုကျမှဘာလို့
အရမ်း သွေးအေးသွားရတာလဲ ။

ကိုယ့်ဘာသာ မေးခွန်းတွေ ပြန်မေးကြည့်ပေမဲ့
ဘာတစ်ခုမှ အဖြေထွက်မလာပါဘူး ။ ဝမ်းနည်း
လွန်းလို့ ငှားလာတဲ့ တက္ကစီပေါ်မှာလည်း ငိုနေမိ
တယ်။ ငိုထားတဲ့ မျက်နှာနဲ့အိမ်ပြန်ဖို့ အဆင်မပြေ
သေးတာနဲ့ပဲ အနားက ပန်းခြံမှာခဏသွားထိုင်
နေရင်း ဟိုးအရင် ဦးမာန် နဲ့စတွေ့ပုံကို ပြန်သတိရ
မိနေသေးတာ ။

စတွေ့တဲ့အချိန်တုန်းက ဦးမာန် ကိုတကယ်ကြည့်
မရခဲ့ပေမဲ့ အခုချိန်မှာဘယ်လိုဖြစ်ပြီး အရမ်းတွေ
ချစ်မိသွားရတာပါလိမ့် ။ ဒီလူ ဟာ တကယ်ကိုပဲ အထိအတွေ့နဲ့ လူကိုပြုစားတက်တဲ့ တန်ခိုးရှင်
တစ်ယောက်နေမှာပါ ။

" ကိုယ့်နားမှာ ဘယ်သူမှမရှိရင်တောင် .... လွှမ်း
ငယ်လေးက အနားမှာနေပေးမယ်မဟုတ်လား "
ဆိုပြီး ပြောခဲ့တဲ့သူက အခုချိန် ကိုယ် သူ့အနား
ကနေ မခွာနိုင်တော့တဲ့အခါကျမှ အမှိုက်တစ်စ
လို စွန့်ပြစ်လိုက်တာတဲ့ ။ ခင်ဗျား ရက်စက်လွန်းအားကြီးတယ် ဦးမာန် ရယ် ။

အချိန်ဘယ်လောက်ကြာအောင် ပန်းခြံထဲမှာ ထိုင်
နေမိမှန်းမသိပဲ အိမ်ပြန်ရောက်တော့ ညနေစောင်း
နေပြီ ။ အိမ်ထဲဝင်တယ်ဆိုရင်ပဲ ဧည့်ခန်းထဲမှာ
ထိုင်နေတဲ့ အကို့ ကို တွေ့လိုက်ရတာကြောင့် -----

" အကို! !!  အစောကြီးပြန်ရောက်နေတာလား "

" ဟုတ်တယ် လွှမ်းလေး .... တကယ်တော့ ကိုယ်
က လွှမ်းလေး ကို မုန့်လိုက်ကျွေးမလားလို့ အစော
ကြီးပြန်လာတာ .... ကြိုပြောမထားမိတာက .....
လွှမ်းလေး ပျော်သွားအောင်ပါ "

" အား !!!! ကျွန်တော်တောင်းပန်ပါတယ် အကို ရယ် .... အပြင်ကို ကိစ္စလေးရှိနေလို့ ထွက်သွား
မိတာ ..... ဒီလိုလုပ်ပါလား ....စာမေးပွဲနောက်ဆုံး
နေ့ကျ အကိုလည်း ထပ်ပြီးအားမယ်ဆို.... လိုက်
ပို့ပေးလေ "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now