မာန၏ အခြားတစ်ဖက် 🌟 Part - 21 🚨

12K 784 23
                                    


Part -21

                 မာန၏ အခြားတစ်ဖက်

                  🌟🌟🌟🌟🌟🌟

နှာခေါင်းထဲကို ဆေးလိပ်မီးခိုးနံ့တွေဝင်လာချိန်
ပထမဆုံးသတိဝင်လာတာက ခေါင်းထဲမှာ မခံနိုင်
လောက်အောင် တဆစ်ဆစ်ထိုးကိုက်နေတာ ။
နောက်ပြီး လည်ချောင်းတွေနာ ၊  အာခေါင်တွေ
တွေကခြောက်၊ ကိုယ်တွေပါပူနေလို့ မျက်လုံးကို
မနည်းအားယူပြီးဖွင့်ကြည့်လိုက်ပေမဲ့ အရာရာကို သဲသဲကွဲကွဲ မမြင်ရဘူး ဖြစ်နေတာ ။

* ငါနေမကောင်းဖြစ်နေတာလား ... အခုက ဖေ
ဖေ့ အိမ်ကို ပြန်ရောက်နေပြီလား *

ဘာမှန်းမသိတဲ့ အတွေးတွေကိုလိုက်ဖမ်းဆုတ်ရင်း
နောက်တစ်ကြိမ် အာရုံကိုစုစည်းပြီး မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူ
က ကိုယ်ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်မဟုတ်ဘူးဆိုတာကို သတိထားမိလာတာ ။

ငါဘယ်ကိုရောက်နေတာလဲဆိုတဲ့စိတ်နဲ့ ဖြေးဖြေး
ချင်းပြန်တွေကြည့်လိုက်ကာမှ ဦးမာန် တစ်ယောက်
ကိုယ့်ကို ကားသမားနဲ့ပေါင်းပြီး Hotel ခေါ်လာတာ ပြန်သတိရမိသွားတယ်။ သတိရရချင်း အိပ်ရာပေါ်ကနေ ထထိုင်လိုက်ပေမဲ့ ----- ။

" အား ...... !!!! "

ခါးအောက်ပိုင်းဆီက နာကျင်လွန်းတဲ့အရှိန်ကြောင့်
အသံထွက်အောင် အော်ငြီးလိုက်မိတာ ။ ဘာ
ဖြစ်လို့ဒီလောက်တောင် နာကျင်နေရတာလဲဆို
တာ အဖြေမရှာနိုင်သေးပဲ ဘေးကိုလှည့်ပတ်ကြည့်မိတော့ ခုံမှာထိုင်ရင်း ဆေးလိပ်သောက်နေတဲ့ ဦး
မာန် ။ ညအိပ်ဝတ်စုံကိုဝတ်ထားတာမို့ ဦးမာန်
လည်း ညကဒီမှာ အိပ်တာပေါ့ ။ လွှမ်း အော်လိုက်
တဲ့အသံကြောင့် ဦးမာန်က လှည့်ကြည့်လာရင်း
တဆက်ထဲ လွှမ်း ရှိရာကို လျှောက်လာပါတယ် ။

ဦးမာန်ကို မြင်လိုက်တာနဲ့ တစ်ချိန်ထဲ ညက အ
ကြောင်းတွေက လွှမ်း အသိထဲ တစ်ခုချင်း ပြန်မှတ်
မိလာပါတော့တယ် ။ ဦးမာန်! !!!! မကောင်းဆိုးဝါး
ကောင်! !!! ကိုယ့်ကို ဆေးခတ်ပြီး တစ်ညလုံးသူ
နဲ့အတူတူနေခိုင်းခဲ့တာ ။ ဘယ်လောက်တောင်
အကြင်နာတရားကင်းမဲ့တဲ့သူလဲ ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now