Extra
မာန၏ အခြားတစ်ဖက်
📞📞📞📞📞
Meeting လုပ်နေရင်း ဖုန်းသံတိုးတိုးလေးကဝင် လာတာမို့ တစ်ချက်ကြည့်လိုက်ပါတယ် ။ ပြီးမှ
ကျန်တဲ့လူတွေကို လက်တစ်ချက်ကာပြကာ ထိပ်ဆုံးခုံမှ ထိုင်နေရာကနေထလိုက်လိုက်ပြီး အခန်းအပြင်ကို ထွက်လာလိုက်ပါတယ် ။ Meeting ခန်းထဲကဝန်ထမ်းတွေကတော့ သူတို့ Boss ကိုသဘောကျသလို ပြုံးပြုံးကြီးငေးကြည့်ပြီးကျန်နေခဲ့ကျတာ ။ ဒီမြင်ကွင်းမျိုးက မကြာခဏမြင်နေရတဲ့ ချစ်စရာမြင်ကွင်းလေးလေ ။အလုပ်မှာစည်းကမ်းကြီးလွန်းတဲ့ Boss ဟာ သူ့အမျိုးသားအတွက်ဆိုရင်တော့ အချိန်တွေဟာအမြဲအဆင်သင့်ရှိနေတက်တာမျိုး ။
" မနွယ် "
" ဘာတုန်းဟဲ့ "
" Boss အမျိုးသားက တော်တော်ချောတယ်ဆို ဟုတ်လား "
" အောင်မလေး ချောတာထက်ကို ပိုချစ်စရာကောင်းတာအေ ငယ်ဂုဏ်လေးကလည်းရှိတယ်လေ Boss နဲ့က အသက်တော်တော်ကွာတာ အခု သားလေးတစ်ယောက်လဲမွေးထားတော့ Boss မှာထားစရာကိုမရှိဘူးဖြစ်နေတာ အစည်းအဝေးလုပ်နေရင်း ဖုန်းထွက်ပြောတာလောက်ကို ရှင်တို့က လူသစ်တွေမို့ အထူးအဆန်းဖြစ်နေတာ ၊ အလုပ်ကိစ္စနဲ့နိုင်ငံခြားသွားတဲ့အချိန် တဖက်နိုင်ငံကလေယာဉ်ကွင်းပဲရောက်သေးတယ် သူ့အမျိုးသား အိမ်မှာဗိုက်အောင့်နေတယ်လဲဆိုရော မှီရာလေယာဉ်ကို နှစ်ဆင့်စီးပြီး ချက်ချင်းပြန်လာတာ ရှိသမျှအလုပ်အကုန်လွှတ်ချထားပခဲ့တဲ့လူကြီး "
" ဟယ်!!! အယ်လောက်တောင်လား "
" အဲထက်ဆိုးတယ်ဟေ့ စောင့်သာကြည့် "
<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
ကိုယ့်ကလေးဆီကနေ ဖုန်းဝင်လာတာနဲ့ Meeting
ခန်းထဲကနေထွက်လာပြီး ကိုယ့်ရုံးခန်းထဲဝင်လာလိုက်ပါတယ် ။ ရုံးခန်းထဲရောက်မှ ဖုန်းကိုင်လိုက်ရင်း---" လွှမ်းငယ်လေး ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး၊ ဦးမာန် နေ့လည်စာစားဖို့အချိန်လွန်မှာစိုးလို့ လှမ်းသတိပေးတာ အလုပ်ရှုပ်နေတာလားဟင် "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။