မာန၏ အခြားတစ်ဖက် 🌟 Part - 46

23.1K 1.6K 58
                                    

Part - 46

                   မာန၏ အခြားတစ်ဖက်

                     🌟🌟🌟🌟🌟🌟

လွှမ်း ဦးမာန်ရဲ့ လည်ပင်းကိုသိုင်းဖက်ထားလိုက်ရင်း ဦးမာန်ဆံပင်လေးတွေကိုပါ အသာဖွဖွပွတ်သပ်
ပေးနေမိတယ် ။ သိပ်ကို မာနကြီးတဲ့ ကိုယ့်ရဲ့အမျိုးသား ၊ နောက်ပြီး သူ့ကိုယ့်သူ ယုံကြည်မှာသိပ်ပြင်း
ထန်တဲ့ ကိုယ့်ရဲ့ မြတ်နိုးရာလူသား ။

ဒီလိုလူက မျက်ရည်ကျလာတာကြောင့် သူဘယ်လောက်မွန်းကျပ်ခဲ့ရမလဲဆိုတာကို ကိုယ်ချင်းစာမိတယ်။ ကိုယ်သာ သူ့နေရာမှာဆို မိသားစုဘဝတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်နိုင်ပါ့မလား ။ သိပ်တော့မသေချာပါဘူး ။ အခုတော့ ဦးမာန်က အရာအားလုံးကို သူ့အမှားလို့
သဘောထားပြီး ကိုယ့်ကိုတောင်းပန်နေတာတဲ့ ။

အများအမြင်မှာ သိပ်ကိုမာနကြီးတဲ့ ဒီလူသားရဲ့ ပုံစံအစစ်အမှန်က အထီးကျန်မှုတွေနဲ့ ဝမ်းနည်းစရာတွေသာပြည့်နေတာကို ဘယ်သူများသိနိုင်မှာလဲ ။
ကိုယ်ကလွဲပြီး ဘယ်သူကများ ကိုယ်ချင်းစာနာပေးနိုင်မှာလဲ ။

" မငိုပါနဲ့တော့ .... ဦးမာန် မျက်ရည်ကျတာမြင်ရတော့ ကျွန်တော်လဲ ရင်တွေနာရလို့ပါ ...အရာအားလုံးကို ဦးမာန်အမှားလို့လဲ တွေးစရာမလိုပါဘူး
.... အများဆုံး နစ်နာသူက ဦးမာန်ပဲလေ .... မှားခဲ့တာတွေအတွက် နောင်တရတယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ် .... ဒါပေမယ့် ဦးမာန် မမှားခဲ့တဲ့
အရာတွေအတွက်တော့ ... တောင်းပန်နေစရာမလိုပါဘူး "

ကိုယ့်စကားအဆုံးမှာ ဦးမာန်က မော့ကြည့်လာရင်း
-----

" ကိုယ်တို့ ရှေ့ဆက်ပြီး အတူတူနေလို့ရတယ်မို့
လားလွှမ်းငယ် .... သုံးနှစ်ဆိုတဲ့အချိန်က ကိုယ်တို့နှစ်ယောက်စလုံး လုံလုံလောက်လောက်နာကျင်ဖို့
လုံလောက်တဲ့ အချိန်တစ်ခုတော့ ဖြစ်မှာပါ ... ခွဲနေခဲ့တဲ့သုံးနှစ်စလုံးမှာ .... မင်းကိုတစ်ရက်မှ ကိုယ်မေ့မသွားခဲ့ဖူး ... မင်းရှိရာကို ပြန်မလာခဲ့တာက အတိတ်တွေကို တကယ်မေ့လိုက်ချင်လို့ ... ကိုယ့်ဘာ
သာ ကြိုးစားနေရလို့ပါ "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now