Part - 34
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
တစ်နေကုန်မောင်းလာတဲ့ကားက ညမိုးချုပ်မှ ရန်
ကုန် ကိုရောက်လာပါတယ် ။ ကွန်ဒိုကို ရောက်ရောက်ချင်း ဦးမာန် က ရေချိုးခန်းဝင်သွားပြီးတာကြောင့်
ကိုယ်က အိပ်ယာပေါ်မှာပဲ ထိုင်စောင့်နေလိုက်ရင်း ဖေဖေ့ဆီကိုဖုန်းဆက်လိုက်တော့ -----" Hello ဖေဖေ!!!!! "
" သား! !!! သားလေး အခုဘယ်မှာလဲ "
ကိုယ့်အသံကိုကြားလိုက်တာနဲ့ ဖေဖေ့ရဲအလောတ
ကြီးမေးလာတဲ့အသံ ။" သား ရန်ကုန်ရောက်နေပြီဖေဖေ .... ဖေဖေ နေကောင်းရဲ့လားဟင် .... နောက်ပြီး ဖေဖေနဲ့ဦးမာန် မနက်က ဘာဖြစ်ကျတာလဲ .... ဒီမှာလဲ ဘာမှမေးလို့မရဘူး "
" ဖေဖေ့ကို ဘာမှမမေးပါနဲ့ သားရယ် .... သားသာ
ပြန်လာခဲ့ပါ .... ဖေဖေ့ဆီပြန်လာခဲ့နော် "" ဘာကြောင့်လဲဆိုတာ သားကိုပြောပြလေဖေဖေ
ရယ် .... ဖေဖေကလည်းမပြော ဦးမာန်ကလဲမပြော
နဲ့ .... သားက ကြားထဲကဘာလုပ်ရမှန်းကိုမသိတော့ဘူး "" သားပြန်ရောက်တာနဲ့ ဖေဖေက ပြောပြမယ်နော်
.... အဲဒါကြောင့် ပြန်လာခဲ့ .... သား အဲလူနဲ့နေလို့မ
ဖြစ်ဘူး .... ဖေဖေ့သားလေးအဲလူနဲ့နေလိုမဖြစ်ဘူး
..... သား ဒုက္ခရောက်လိမ့်မယ် .... အဲဒါကြောင့် ----"ဖေဖေ့စကားမဆုံးသေးခင်ပဲ ကိုယ့်ရဲ့ဖုန်းကို အနောက်ကနေ ဆွဲလုတာခံလိုက်ရတာမို့ လှည့်ကြည့်လိုက်တော့ ဦးမာန်လက်ထဲကို ပါသွားတဲ့ကိုယ်ရဲ့
ဖုန်း ----" ဦးမာန်! !!! ကျွန်တော်ဖေဖေနဲ့ စကားပြောနေတာ
မပြီးသေးဘူးလေ "" မပြီးသေးလဲ ဆက်မပြောနဲ့တော့ .... ဒီနေ့ကစပြီး
မင်းအဖေနဲ့ ဆက်သွယ်စရာမလိုတော့ဘူး .... ငါမသိဘဲ ဆက်သွယ်ရင် မင်းရောမင်းအဖေရော ဘာဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ထား "" အဲဒါဆို ဦးမာန်နဲ့ ဖေဖေ ... ဘာဖြစ်တာလဲ ပြော
ပြ "" ဖြေးဖြေးပေါ့ .... ဒီညက မင်္ဂလာဦးညကြီးဟာ ....
ဘာလို့စိတ်ညစ်စရာတွေ ပြောနေမှာလဲ "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။