Part - 27
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
နှစ်ယောက်သားကြား အတန်ကြာအောင်ငြိမ်သက်
နေပြီးကာမှ ----" ဦးမာန် "
" ဘာလဲ "
" ပြန်သင့်နေပြီထင်တယ် .... အိမ်က တစ်ယောက်
ယောက်မြင်သွားရင် မကောင်းဘူးနော် "" မင်းအခန်းထဲ တံခါးက Lock ချထားတာ ....ဘယ်
သူကမြင်မှာလဲ "" မြင်မြင်မမြင်မြင်လေ .... အခြားနေရာမှလဲ မဟုတ်
ဘူး .... ကျွန်တော့်အိမ်မှာ "" အဲတော့ဘာဖြစ်လဲ "
" မရစ်ပါနဲ့ ဦးမာန်ရယ် .... လိုချင်တာရသွားပြီမို့လား
.... ပြန်တော့ "" ငါ့ကို နှင်နေတာလား ရှင်လွှမ်းနေခ .... ငါ့က မင်း
နှင်ထုတ်ရမယ့်အဆင့်လို့ ထင်နေတာလား "" မဟုတ်ပါဘူးဗျ .... ဖေဖေက တစ်ခါတစ်လေ ... နေ့လည်ဘက်တွေအိမ်ပြန်လာတက်တယ် ... ဘယ်
လိုပဲဖြစ်ဖြစ် မိဘအရှေ့မှာတော့ အနေအထိုင်ဆင်
ခြင်ရမယ်လေ .... အခြေအနေနဲ့ အချိန်အခါဆိုတာ
ရှိတယ် "" အဟား! !!! ငါ့နောက်မှထမင်းစားလာတဲ့ ငချွတ်
လေးက .... ငါ့ကိုတရားလာပြန်ချနေပါလား "ဘာမှမဟုတ်တာကို သပ်သက်ရစ်နေတဲ့ ဦးမာန်
ကြောင့်ထွက်လာတဲ့ဒေါသတွေကို ကိုယ့်မှပြန်မျိုချ
နေရတဲ့အဖြစ် ။ သူက ကိုယ့်ထက်ပိုပြီး အရွဲ့တိုက်
တက်တာသိနေလို့လေ ။" တရားချတာမဟုတ်ပါဘူး .... ကျွန်တော့်ဘက်ကို
နည်းနည်းလေးလောက် တွေးပေးစေချင်တာပါ ....
ဦးမာန် လိုချင်တာလဲ ရပြီးပြီလေ "" ငါလိုချင်တာပဲပြောနေတယ် .... မင်းကရော ငါ့အထိအတွေ့ကို မကြိုက်လို့လား "
" ဦးမာန်! !! "
ကိုယ့်အော်သံက အဆုံးထိထွက်ခွင့်မရခင်ပဲ နှုတ်ခမ်းတွေကို ကြမ်းကြမ်းတမ်းတမ်းစုပ်ယူနမ်းရှိုက်တာ
ခံလိုက်ရပြန်ပါတယ် ။ ကိုယ်က အတင်းရုန်းကန်နေ
တဲ့အချိန် အောက်နှုတ်ခမ်းကို ပေါက်သွားလောက်
တဲ့အထိ အကိုက်ခံလိုက်ရတာမို့ -----
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။