မာန၏ အခြားတစ်ဖက် 🌟 Part -37

9.8K 675 21
                                    

Part - 37

                    မာန၏ အခြားတစ်ဖက်

                     🌟🌟🌟🌟🌟🌟

( အတိတ်သို့ပြန်လည်ငဲ့ကြည့်ခြင်း သို့မဟုတ် ဘဝ
နှစ်ခုရဲ့ ပေါင်စည်းရာ )

ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ပိတ်ကျပ်နေတဲ့ မြို့အစွန်ရဲ့
လမ်းတစ်ခု ။ အရင်က မြို့သစ်တည်ထားတဲ့ဒီနေရာဟာ မြို့ကွက်ရိုက်ထားတာ ကျယ်တာကြောင့်ရော ၊
လမ်းပမ်းဆက်သွယ်ရေး အဆင်မပြေတာကြောင့်
ရောကြောင့် နေမယ်သူသိပ်မရှိပဲ မြို့ပျက်ကြီးလို
တိတ်ဆိတ်နေရတာ ။

ပထမအစပိုင်းက ခြံတွေဝယ် အိမ်တွေဆောက်ပြီး
နေဖို့ပြင်ကျတဲ့သူတစ်ချို့ကလဲ နောက်ပိုင်း နေရတာအဆင်မပြေတော့ ခြံတွေအိမ်တွေပြန်ရောင်းကျ ၊ မရောင်းရတဲ့သူတွေကလဲ ခြံတွေတံခါးပိတ်ပြီးထားခဲ့ကျနဲ့ နေတဲ့သူ အနည်းငယ်သာရှိပါတော့တယ် ။

လမ်းရှည်တစ်ခုထဲမှာတော့ တစ်လုံးထဲရှိတဲ့အိမ်
ပျက်ကြီး ။ လူမနေတာကြာနေတဲ့ ပုံစံနဲ့ သော့အမြဲ
ခတ်ထားတာတဲ့အိမ် ။ ခြံနဲ့အိမ်က အလှမ်းကွာပြီး ခြံစည်းရိုးမှာလဲ နွယ်ပင်တွေပိတ်ဆို့နေတာကြောင့် အတွင်းကိုသေချာတောင်မမြင်ရ ။

အိမ်ထဲမှာတော့ မဲမှောင်နေတဲ့အခန်းထဲကို မှိန်ပြပြအလင်းရောင်တချို့က မရဲတရဲလေးဝင်ရောက်နေ
ပြီး မြေကြွက်ကြီးတွေက အခန်းထဲလှည့်ပတ်ပြေး
နေပါတယ်။ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာတော့
အခင်းမရှိ ခြုံစရာစောင်မရှိနဲ့ ကလေးဆယ်ငါးယောက်လောက်က အိပ်ပျော်နေကြတုန်း ။

အပြင်က လမ်းလျှောက်လာတဲ့ခြေသံတချို့ကြောင့် အိပ်ရာကနေ အရင်နိုးနေတဲ့ကလေးတွေက သူတို့
ဘေးနားက အိပ်ပျော်နေတဲ့ ကလေးတွေကို နှိုးလိုက်တဲ့အချိန်မှာပဲ အခန်းတံခါးပွင့်လာရင်း တဆက်
ထဲမှာ ကြားလိုက်ရတဲ့အသံက -----

" မထကြသေးဘူးလား ......  အခုထိအိပ်နေဦးကွာ
....  အိပ်ဦး !!! အိပ်ဦး !!! "

ဝင်လာတဲ့လူလေးယောက်က လက်ထဲမှာကိုင်ထား
တဲ့ ကြိမ်လုံးတွေနဲ့ အိပ်နေတဲ့ ကလေးတွေကို အ
တင်းဝင်ရိုက်တဲ့အခါ အရိုက်ခံရတဲ့ကလေးတွေမှာ ကမ္ဘာပျက်သလိုအော်ငိုကြရင်း အိပ်ရာကနေ အတင်းထကြရပါတယ် ။ ဒါက မနက်တိုင်းလိုလို ကြားနေရတဲ့ငိုသံတွေ ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now