🌵1🌵

54.6K 2.6K 964
                                    

#Unicode
ငြိမ့်ညောင်းသော တီးလုံးသံဖြင့်လွှမ်းမိုးထားသော အကလေ့ကျင့်သည့် ခန်းမတစ်ခု...။
ထိုအခန်းထဲရှိ မှန်ရှေ့မှာ လှပစွာဖြင့် နေရာယူထားသူက ကိုရီးယားမှာ ထိပ်တန်းဘဲလေးအကမယ်အဖြစ် နာမည်ကြီးသူ လီနာဘီ ဖြစ်သည်....။

ငြိမ့်ညောင်းစွာဖြင့် ထွက်ပေါ်နေသော
​တီးလုံးသံရဲ့ စည်းချက်အတိုင်းလိုက်ဖက်စွာ ကနေသည့်သူမ...။
နာဘီဆိုသည့် နာမည်အတိုင်း လိပ်ပြာလေးနှယ် လှလှပပပျံဝဲလို့နေ၏။

​ခြေဖျားလေးကိုထောက်ကာဖြင့် တစ်ဖုံ,သေးသွယ်သောကိုယ်လုံးငယ်ကို လှည့်ပတ်ကာဖြင့် တစ်သွယ်ခြေဖျားမှစလို့လက်ဖျားအထိ နူးညံ့စွာစီးဆင်းနေသော သူမရဲ့ အကစွမ်းရည်က လှပလွန်းသည်။

သွယ်လျသော သူမရဲ့ ကိုယ်ဟန်အနေအထားနဲ့ ကိုက်ညီနေသော အကလို့ပင် ဆိုရလေမလား...။
ခေါင်းအစခြေအဆုံး ပျော့ပျောင်းနူးညံ့စွာဖြင့် တည်ရှိနေသည်မှာ ကော်ပတ်ရုပ်လေး အသက်သွင်းထားသလိုမျိုး။

တီးလုံးရဲ့ အဆုံးသတ်ကို သူမကကိုယ်ဟန်အနေအထားလှလှလေးဖြင့် အဆုံးသတ်လိုက်တော့ အနည်းငယ်မောဟိုက်နေတာမို့ အသက်ရှုသံ ခပ်ပြင်းပြင်းက ထွက်ပေါ်လို့နေ၏။

မှန်ထဲမှာပေါ်နေသည့် ပုံရိပ်ကိုကြည့်ပြီး သူမက အားရစွာဖြင့် ပြုံးမိသည်။
ဒီနေ့အတွက် လေ့ကျင့်တာ လုံလောက်သွားပြီလေ။
လေ့ကျင့်တာပြီးပြီမို့ ခနတစ်ဖြုတ်အကြောလျှော့လိုက်ပြီးနောက် ရေသောက်လိုက်ကာ အဝတ်အစားလဲလှယ်ရန်အတွက် အခန်းထဲသို့ဝင်ခဲ့လိုက်သည်။

လိီနာဘီ....။

ကိုရီးယားရဲ့လူကုံထံစာရင်းဝင်မိသားစုမှာမွေးဖွားလာသည့် တစ်ဦးတည်းသောသမီး။

တောင်ကိုရီးယားရဲ့ ထိပ်တန်းဘဲလေးအကမယ်ဖြစ်ပြီး လှပသောမျက်နှာကို ပိုင်ဆိုင်ထားသူ...။
ချမ်းသာသောအသိုင်းအဝိုင်းကနေ ပေါက်ဖွားလာသူပီပီ ခေါင်းအစခြေအဆုံးကျော့မော့လို့နေသည်မှာ အပြစ်ပြောစရာမရှိ။သူမရဲ့ ရုပ်ရည်ကြောင့်ရော,ထူးချွန်သောအကစွမ်းရည်ကြောင့်ပါ ဘဲလေးအကမယ်များကြားတွင် နာမည်ကြီးသည်။

CACTUS....🌵[ completed ]Where stories live. Discover now