🌵23🌵

15K 2.1K 915
                                    

#Unicode
"တောက်ခ်!!"

လက်ထဲမှ ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ တောက်ခေါက်သံခပ်ပြင်းပြင်းတစ်ချက် ထွက်လိုက်မိသည်။
ဖုန်းထဲမှာ မြင်တွေ့နေရသည့် သတင်းအများစုက လီနာဘီ Dating ဆိုတဲ့ ခေါင်းစဥ်နဲ့ မထင်မရှားပုံတစ်ချို့။

မိုးလင်းလင်းချင်း မြင်လိုက်ရသည့် ဒီပုံတွေက ဂျောင်ဂုရင်ကို မီးစနဲ့ထိုးနေသလိုပဲ။
နာဘီဘေးက ကောင်ရဲ့ မျက်နှာကို သေချာမမြင်ရသော်လည်း နာဘီရဲ့ ရီရွှင်မြူးနေသည့် မျက်နှာကိုတော့ သေချာတွေ့နေရသည်။

ဘယ်သတင်းကိုပဲကြည့်ကြည့် ခေါင်းစီးပိုင်းမှာ ထင်ရှားစွာတွေ့နေရသည့် လီနာဘီ ဆ်ိုသည့်အကြောင်းတွေ..
မင်းက ငါ့ကွယ်ရာမှာ ပျော်နေခဲ့တာလား နာဘီ။

မနေ့ကမနက်တည်းက နာဘီ fan တွေထင်ကြေးအမျိုးမျိုးနဲ့ပြောနေကြပေမယ့် ဒါမျိုးက ရှိနိုင်တာပဲမို့ သိပ်တော့အာရုံမထားခဲ့။

ဒါပေမယ့် ပြိုင်ပွဲကို စကြည့်ချိန်မှာ ယောင်္ကျားလေးတစ်ယောက်နဲ့တွဲကတာကို တွေ့လိုက်တော့ စိတ်မကြည်ဖြစ်မိသွားသည်။
နာဘီက ယောင်္ကျားလေးနဲ့တွဲကရမှာလို့ မပြောပြခဲ့ဘူးလေ။
ဒါပေမယ့် အလုပ်သဘောအရဖြစ်မှာပါဆိုပြီး သည်းခံနေခဲ့တာ...
အကပြီးသွားလို့ ဆုကိုကြေညာတော့ နာဘီ နိုင်ခဲ့သည်။

ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောလို့အပြီး နှုတ်ဆက်ချိန်ရောက်တော့လည်း နာဘီပါးပေါ်ကို ထိုကောင်က ပိုင်စိုးပိုင်နင်းနဲ့အနမ်းပေးသွားတာ...
နာဘီကတော့ ရှက်ပြုံးဖြင့် ရှိနေခဲ့တာမို့ ထိုမြင်ကွင်းကို ကြည့်၍ လက်သီးကိုသာ ဆုပ်ထားမိသည်။

အဲ့ဒါကို မြင်ပြီးကတည်းက လူက ဘယ်လိုမှ နေလို့မရပဲ ဒေါသတွေ သာပေါက်ကွဲထွက်လို့လာရသည်။
ဒီမနက်ကျ သတင်းတွေ တက်လာတော့ ဂျောင်ဂုစိတ်အခြေနေက မကောင်းတော့ပေ။

ဒါတွေက ကောလဟာလ တစ်ခုထက်မပိုဖို့ပဲ မျှော်လင့်မိသော်လည်း စိတ်အာရုံတို့က မကောင်းနေခဲ့။
အလုပ်သွားခါနီး အင်္ကျီလဲနေရင်းတွေးမိနေတာမို့ လက်ထဲက neck-tie ကို ချည်မရတော့ စိတ်တိုစွာဖြင့် မဲမိတော့သည်။
ထိုအချိန် တံခါးခေါက်သံသဲ့သဲ့..

CACTUS....🌵[ completed ]Where stories live. Discover now