🌵5🌵

15.7K 2K 800
                                    

#Unicode
ခေတ်မှီလှပသော ခြံကျယ်ကြီးထဲသို့ ဝင်လာသောကားတစ်စီး...။
ထိုကားပေါ်မှ ဆင်းလာသူကလီနာဘီဖြစ်သည်။

ကားပေါ်ကဆင်းပြီးတာနဲ့ တစ်ပြိုင်နက် သက်ပြင်းမောချမိသော နာဘီ...။
ဒီနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာတော့ အချိန်ဇယားအနည်းငယ်အားလပ်တာကြောင့် ဂျွန်တို့အိမ်ကို လာခဲ့သည်။

ဂျွန့်ကို ဆက်သွယ်လို့မရတာကြောင့် အိမ်ကိုပဲ တန်းလာခဲ့လိုက်တာ...ဂျွန်က သူမကို စိတ်ဆိုးနေခဲ့တယ် မဟုတ်ပါလား...။
တနင်္ဂနွေဆို ရုံးပိတ်တာကြောင့် ဂျွန်လည်း အိမ်မှာရှိနေမှာ။လုံးဝကို စိတ်ဆိုးနေသည့် ဂျွန်ကြောင့် သူမဘက်ကအနည်းငယ်လျှော့၍ အခုလိုလာခဲ့ခြင်းပင်။

သစ်သီးခြင်းကို ကိုင်၍အိမ်ထဲလှမ်းဝင်ရင်း ဟိုဟိုဒီဒီ အကဲခတ်မိတော့ ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေသည့် ဂျွန့်ကို တွေ့ရ၏။

"ဂျွန်.."

သူမခေါ်သံကြောင့် လှည့်ကြည့်လာသော ဂျွန့်မျက်နှာမှာ အံ့သြရိပ်တွေ ဖြစ်တည်သွားသည်။

"နာဘီ....ဒီကို ဘယ်လိုလုပ်ပြီး.."

"ဂျွန်က ကျွန်မကို ပစ်ထားတယ်လေ...မနေနိုင်တဲ့ကျွန်မက လိုက်လာရတာပေါ့..."

ခပ်ချွဲချွဲလေး ပြောမိတော့ ဂျွန်ကသူမကို ကြည့်ရင်း..

"ကိုယ် စိတ်ရှုပ်နေခဲ့လ်ို့ပါ...ဒါပေမယ့် အခုလ််ို လာပေးလို့ ကျေးဇူးတင်မိပြန်ရော....လာထိုင်လေ....ကိုယ့်အဖေကို သွားခေါ်လိုက်အုန်းမယ်..."

မုသားပင်ဖြစ်ပါစေဦး။
သူမကို ပစ်မထားဘူးဆိုတာကိုသိရုံနဲ့ ကျေနပ်မိသည်။

"အင်း...ဂျွန်.."

ဂျွန်ထွက်သွားတော့မှ သစ်သီးခြင်းကို စားပွဲပေါ်တင်လိုက်ပြီး ထိုင်စောင့်နေမိသည်။
ဂျွန့်အဖေကို ထပ်တွေ့ရတော့မယ်ဆိုတော့လည်း စိတ်လှုပ်ရှားမိသား။
ဧည့်ခန်းထဲမှာချိတ်ထားသော ဂျွန်ငယ်ငယ်က ပုံတွေကိုသာကြည့်ပြီး စိတ်ငြိမ်အောင်လုပ်နေမိ၏။
သိပ်ကြာကြာ မစောင့်လိုက်ရ။အပေါ်ထပ်က ဆင်းလာသော ဂျွန့်အဖေနဲ့အမေကို တွေ့လိုက်ရတာကြောင့် သူမမတ်တပ်ထရပ်ကာ ကြိုဆိုလိုက်၏။

CACTUS....🌵[ completed ]Where stories live. Discover now