🌵40🌵

15.9K 1.8K 400
                                    

#Unicode
"CEO နာမည်နဲ့ပါဆယ်ရောက်နေပါတယ်..."

မနက်ပိုင်း ရုံးခန်းကို ရောက်ရောက်ချင်း အတွင်းရေးမှုးက အသိပေးလာတာမို့ ဂျောင်ဂု ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
အခန်းထဲရောက်တော့ စားပွဲပေါ်မှာ တင်ထားသည့် ပါဆယ်ပုံး၏ စာရွက်၌ ရေးထားသော နာမည်ကိုတွေ့တာနဲ့ ဂျောင်ဂု ပြုံးမိသွားသည်။

ဟိုနေ့က မှာထားတဲ့ လက်စွပ် ရပြီပေါ့...။
ခုံမှာဝင်ထိုင်ရင်း ပါဆယ်ဘူးကိုဖောက်ကြည့်မိတော့ ကတ္တီပါသားအနီရောင်အုပ်ထားသော လက်စွပ်ဘူးလေး ကို တွေ့လိုက်ရသည်။

ဖြေးညှင်းစွာဖွင့်လိုက်တော့ ပေါ်လာခဲ့သည်က ယှဥ်တွဲလျက်ရှိနေသည့်ပလက်တီနမ် ဆင်တူလက်စွပ်နှစ်ကွင်း..။
ဗြောင်ကွင်းလေးရဲ့ ပတ်ပတ်လည်မှာ စိန်ပွင့်အသေးစားလေးတွေကို ထည့်မြုပ်စေခဲ့တာမို့ တဖျတ်ဖျတ်လဲ့ကာ တောက်ပလို့နေသည်။
လက်စွပ်ရဲ့ အတွင်းဘက်၌ Jeon ဟု စာလုံးထွင်းထားသော ကွင်းကိုယူ၍ဂျောင်ဂု လက်မှာ ဝတ်လိုက်တော့ အံဝင်ခွင်ကျစွာဖြင့် လိုက်ဖက်လို့နေ၏။
Kim ဟုရေးထိုးထားသော ဒုတိယ တစ်ကွင်းကိုတော့ မကြာခင် ပိုင်ရှင်ထံ အရောက်ပို့ပေးရမှာပေါ့။
ထယ်ယောင်းရဲ့ လက်ချောင်းရှည်ရှည်လေးတွေနဲ့ဆိုရင် အရမ်းကို လိုက်ဖက်နေမှာ...။

လာမယ့် တနင်္ဂနွေနေ့ ညနေကျရင်ထယ်ယောင်းကို ချစ်ခွင့်ပန်ဖို့အတွက် ကျွန်တော် အားလုံးကို လျှို့ဝှက်၍ စီစဥ် ထားခဲ့ပြီးပြီ။

အဲ့ဒီနေ့ကျရင် နာကျင်အောင် လုပ်ထားခဲ့မိသမျှကို ကျွန်တော် ဝန်ချတောင်းပန်ပြီး သက်ဆုံးတိုင်တူတူလက်တွဲခွင့်ပေးဖို့ ထယ်ယောင်းထံမှာ တောင်းခံပါမည်။

ထယ်ယောင်းက မခွင့်လွှတ်ပေးရင်တောင် ကျွန်တော်က ဇွဲမလျှော့ပဲ ကြိုးစားမှာမို့ ကိစ္စတော့မရှိပါဘူးလေ။
ကျွန်တော် သူ့အပေါ်မှာ ပြုမူခဲ့တာတွေက ဒီထက်မက ဆိုးခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့ပြီမို့ ထယ်ယောင်းဘက်က ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုပဲ ပြောပါစေ ကျွန်တော် သည်းခံမှာပါ။

ထယ်ယောင်း ခွင့်မလွှတ်မချင်း ကျွန်တော် ကြိုးစားရမှာပေါ့။

CACTUS....🌵[ completed ]Where stories live. Discover now