🌵26🌵

16.3K 2K 312
                                    

#Unicode
ထမင်းပွဲတင်ထားသော ဗန်းအားကိုင်၍ ထယ်ယောင်း ရဲ့ အခန်းရှေ့မှာ ခြေစုံချလို့ ရပ်နေမိသူ ဂျောင်ဂု...
ညစာစားဖို့ အောက်ထပ်ကို ဆင်းမလာသော ထယ်ယောင်းကြောင့် မာမီက ပို့ခိုင်းလိုက်ခြင်းပင်။

အရင်စိတ်နဲ့ဆို ငြင်းမိမှာဖြစ်သော်လည်း ညနေက အမှားလုပ်ထားမိသူက ကျွန်တော်ဖြစ်ပြီး ထယ်ယောင်းအား ပြန်တောင်းပန်ရန်အတွက် ဆုံးဖြတ်ထားပြီးသားမို့ အပေါ်တက်လာခဲ့လိုက်သည်။

"ဒေါက် ဒေါက် ဒေါက်.."

တံခါးခေါက်သံပေးလိုက်ပြီး သိပ်မကြာလိုက် ပွင့်ဟလာသည့် တံခါးနောက်မှာ ထယ်ယောင်းကိုတွေ့လိုက်ရ၏။ကျွန်တော့်ကိုလည်း မြင်ရော တံခါးကို ပြန်ပိတ်ရန်ပြင်နေတာမို့ တံခါးလက်ကိုင်ကို ​ဆွဲထားလိုက်၏။

"ခနလေး....ကိုယ် မင်းကို ပြောစရာရှိလို့ပါ.."

"ကျွန်တော် ခင်ဗျားနဲ့ပြောစရာမရှိဘူး.."

"ခနလေးပါပဲ...ခနဆို ရပါပြီ.."

ကျွန်တော့်ဘက်က တောင်းဆို​မိတော့ထယ်ယောင်းက စိတ်လျှော့လိုက်သည့်ပုံဖြင့် လမ်းဖယ်ပေးသည်။
ဂျောင်ဂု အခန်းထဲလှမ်းဝင်လိုက်ပြီး ထမင်းပွဲကို စားပွဲခုံပေါ်တင်ထားလိုက်၏။

"ညနေက ကိစ္စအတွက် တောင်းပန်ပါတယ်...ကိုယ် လွန်သွားတယ်.."

ဖျတ်ခနဲ ကြည့်လာသည့် မျက်လုံးတွေက ငိုထားခဲ့သလိုမျိုး ခပ်ဖောင်းဖောင်းအနေအထားဖြင့် နီရဲလို့နေ၏။

"တောင်းပန်တိုင်းသာ ကျေအေးပေးရကြေးဆိုရင် ကမ္ဘာဟာ ငြိမ်းချမ်းနေမှာပေါ့...ပြောတဲ့သူအတွက် ဘာမှမဖြစ်ပေမယ့် ပြောခံလိုက်ရသူအတွက်က တစ်သက်တာ စိတ်ဒဏ်ရာပါပဲ.."

"ကိုယ် မှားသွားတာ သိပါတယ်....မင်း သိက္ခာကို စော်ကားသလိုဖြစ်သွားရတာမို့ ကိုယ် တကယ် အနူးညွှတ်တောင်းပန်ပါတယ်...မင်း ကြိုက်တာ ပြောပါ....ကိုယ် လုပ်ပေးမယ်.."

ထယ်ယောင်းရှေ့မှာ ရပ်၍ လေသံပျော့နဲ့ဆိုနေသော မောင့်ကို မျက်နှာလွှဲထားမိသည်။

"တော်ပါတော့....ကျွန်တော်တို့ မှားခဲ့ကြတယ်....ဒီအမှားကို ဘယ်သူ့အပြစ်ရယ်လို့ ခေါင်းစဥ်မတပ်ခဲ့တာတောင် ကျွန်တော်က ဘာလို့ ခင်ဗျားအထင်သေးတာကို ခံရမှာလဲ..?"

CACTUS....🌵[ completed ]Where stories live. Discover now