🌵7🌵

15.3K 1.8K 989
                                    

#Unicode
ဧည့်ကြိုကောင်တာမှာရပ်ရင်း စိတ်လှုပ်ရှားနေမိသော ထယ်ယောင်း...
အကြောင်းရင်းကတော့ ဟိုတယ်ရဲ့ ဧည့်သည်နားနေခန်းမှာ ရှိနေသော ဂျောင်ဂုကြောင့်ပင်။

တစ်စုံတစ်ယောက်နဲ့ချိန်းထားပုံရသည့် ဂျောင်ဂုက လက်မှနာရီကို ငုံ့ကြည့်လိုက်,ကော်ဖီသောက်လိုက်နဲ့ ရှိနေသည်မှာ အတော်ကြာပြီ။
ထယ်ယောင်းရဲ့ နေရာကကြည့်ရင် ဂျောင်ဂုကို မျက်နှာချင်းဆိုင်အနေအထားဖြင့် သေချာတွေ့နေရတာမို့  ခနခနခိုးကြည့်နေမိ၏။

အပြင်ဘက်ကို ငေးကြည့်နေသည့် ဂျောင်ဂု...။

ကျွန်တော့်ရဲ့မောင်က ကြည့်ကောင်းလိုက်တာ.....။
ဘေးတစ်စောင်းအနေအထားမှာတောင် ဒီလိုမျိုး ကြည့်ကောင်းနေမှတော့ ထယ်ယောင်း အကြည့်ပင်မလွှဲနိုင်တော့။
မောင်သာ ကျွန်တော်ချစ်သူဆို သိပ်ကောင်းမှာပဲ...။

မဖြစ်နိုင်တာတွေ မတွေးစမ်းပါနဲ့ ထယ်ယောင်းရယ်။
မောင့်ပုံစံနဲ့ မင်းအသွင်အပြင်က မိုးနဲ့မြေလို ကွာခြားလွန်းတာကိုလည်း သတိထားဦးမှပေါ့။
ခေါင်းကို အသာယမ်းရင်း အတွေးတို့ကို ရပ်တန့်ပစ်လိုက်သည်။

"ထယ်ယောင်း.."

"ဟုတ်ကဲ့...."

အနားသို့ရောက်လာသော Liam...။

"ပန်းတွေကို ကြိုက်လား..?"

"ဗျာ.."

အစမရှိ အဆုံးမရှိ မေးခွန်းကြောင့် ထယ်ယောင်း အာမေဋိတ်သံထွက်မိတော့...

"အော်..ကိုယ်ပြောတာလောသွားတယ်...ဆိုလိုချင်တာက ပန်းတွေဘာတွေကို သဘောကျတာမျိုးရှိလားလို့ပါ..."

"ဟုတ်ကဲ့....ကျွန်တော် သဘောကျပါတယ်...ဘာဖြစ်လို့လဲဟင်.."

"ဒါဆို အတော်ပဲ....ကိုယ့်ကို  တစ်ခုလောက် ကူညီပေးလို့ရမလား..?"

"ဘာကူညီရမှာလဲ ဟင်.."

"ကိုယ့် သူငယ်ချင်းပေါ့..သူ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည် Dinner ပွဲကွာ.....အဲ့ပွဲမှာ ပန်းအစစ်တွေသုံးချင်တယ်..ကိုယ့်သူငယ်ချင်းမိသားစုမို့ တစ်ခြားသူကိုလည်း မခိုင်းချင်လို့ ကိုယ်ပဲ ဝယ်ပေးပြီး အလှဆင်ပေးမလို့....အဲ့ဒါကိုယ်က ပန်းရောင်းတဲ့နေရာကို မသိတာကြောင့် ထယ်ယောင်းကို အကူညီတောင်းတာပါ.....အဲ့လိုသိတဲ့နေရာတွေဘာတွေများရှိမလားလို့ပါ.."

CACTUS....🌵[ completed ]Where stories live. Discover now